ဖြစ်မှဖြစ်ရလေ

by - January 02, 2020


ပြစ်မှု အကြီးကြီး တခု ကျူးလွန်မိလို့ လူသုံးယောက် ထောင်ကျသွားတယ် ။ သူတို့ရဲ့ အပြစ်ဒဏ်ကလည်း အတော်လေး ကြီးပါတယ်။ အနှစ် နှစ်ဆယ် တိတိ ဘယ်သူနဲ့မှ မတွေ့ဘဲ တိုက်ပိတ်ပြီး ထောင်ကျ ခံနေရမှာ ။ ဒါပေမယ့် တရားစီရင်ရေး ဘက်က အရာရှိကြီး တယောက်က ပြောတယ် ။

" အနှစ် နှစ်ဆယ် တိတိ တိုက်ပိတ် ခံနေရမယ် ဆိုတာ တော်တော်ကြီး ဆိုးရွားမှာပဲ ။ ဒီတော့ မင်းတို့ကို အခွင့်အရေး တခု ပေးမယ် ။ မင်းတို့ လိုအပ်တဲ့ ပစ္စည်းတွေကို တောင်းဆိုပါ ၊ စိတ်ကြိုက် တောင်းဆိုရမှာနော် ။ ဒီအခွင့်အရေးကလည်း တခါတည်း ရမှာ ။ ပြီးရင် အဲဒီ ပစ္စည်းတွေနဲ့ အတူ မင်းတို့ကို တိုက်ထဲ ထည့်ပိတ်ထားမှာ "

ပထမ လူက အနှစ်နှစ်ဆယ်စာ ဖတ်လို့ရမယ့် စာအုပ်ကောင်းတွေကို တောင်းဆိုတယ် ။ ဒုတိယလူ ကတော့ အနှစ် နှစ်ဆယ်စာ သုံးလို့ရမယ့် ပန်းချီဆွဲ ပစ္စည်းတွေကို တောင်းတယ် ။ တတိယလူ ကတော့ အနှစ်နှစ်ဆယ်စာ သောက်လို့ ရမယ့် ဆေးလိပ်တွေ တောင်းတယ် ။ သူတို့ လိုတာတွေ အကုန် ဖြည့်ဆည်းပေးလိုက်တယ် ။

အနှစ်နှစ်ဆယ် ပြည့်ခါနီးမှာ ထောင်မှူးက ဒီလူသုံးယောက်ကို လိုက်ကြည့်တယ် ။ ပထမလူက ပြောတယ် " ကျေးဇူးတင်ပါတယ်ဗျာ ။ ကျွန်တော် စာတွေ အများကြီး အေးအေးဆေးဆေး ဖတ်ခွင့်ရလို့ ပညာဗဟုသုတတွေ ပြည့်စုံနေပြီ ။ ထောင်က လွတ်ရင် ဘွဲ့တွေ တသီတတန်းကြီး အေးအေး ဆေးဆေး ယူမယ် ။ ပါမောက္ခ လုပ်စားမယ် " တဲ့ ။

ဒုတိယ တစ်ယောက်ဆီ ရောက်သွားတော့လည်း အားရစရာပဲ " ကျွန်တော် မေ့ထားတဲ့ ပန်းချီပညာကို ထောင်ထဲမှာ အများကြီး ဆက်လေ့ကျင့် ဖြစ်တယ် ။ အခုဆို ပန်းချီကား လက်ရာကောင်းတွေ အများကြီး စု မိနေပြီ ။ ပြန်ထွက်လို့ ပြပွဲလုပ်ပြီး ရောင်းရင်တောင် ချမ်းသာလာမှာ သေချာတယ် " တဲ့

ထောင်မှူးက တတိယလူ ဆီ ရောက်သွားတယ် ။ သူ့ဘေးမှ ာကျတော့ မသောက်ရသေးတဲ့ ဆေးလိပ်တွေ အများကြီးနဲ့ ။ သူက ရှူးရှူးရှဲရှဲနဲ့ ထောင်မှူးကို လှမ်းအော်တယ် " ခင်ဗျားတို့ ကလည်းဗျာ ... မီးခြစ်ကလေးတွေ တောင်းဖို့ မေ့သွားလို့ ထပ်တောင်းပါရစေ ဆိုတာ ဘယ်သူမှလည်း အဖက် မလုပ်ကြဘူး " တဲ့ ။

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments