ဓားပြ

by - January 02, 2020


(1) ဓားပြ

မျက်နှာဖုံးစွပ် ဓားပြ တယောက်ဟာ
လူတယောက် နောက်ကနေ နံကြားကို သေနတ်နဲ့ ထောက်ပြီး ပြောတယ် ။

" ခင်ဗျား ပိုက်ဆံတွေ ပေးစမ်း "

ဟိုလူလဲ လန့်သွားပြီး တုန်တုန် ရင်ရင်နဲ့ ပြောတယ် ။

" မှား .. မှားမယ်နော် ကျုပ်က ဝန်ကြီးချုပ်ဗျ " ဆိုတော့

" အော .. ဟုတ်လား ကိုင်း အဲ့ဒါဆို ကျုပ်ပိုက်ဆံတွေ ပြန်ပေးစမ် "….

😁😁😁

(2) လုပ်သက်

အင်တာဗျူး တခုမေးနေတယ် ။

" ခင်ဗျား အရင်အလုပ်မှာ လုပ်သက် ဘယ်လောက် ရခဲ့လဲ "

" နှစ်၃၀ "

" ဟင်
ခင်ဗျားကြည့်တော့ အသက် ၂၀ လောက်ပဲ ရှိသေးတာ
ကျန်တဲ့ ဆယ်နှစ်က ဘယ်က တိုးလာတာလဲ "

" ကျွန်တော်က အချိန်ပို ဆင်းတယ်လေ "

😁😁😁

(3) ကုသစရိတ်

သွားဆရာဝန် တယောက်က
ကလေးတယောက်ရဲ့ သွားကို နှုတ်ပြီး ကလေးအမေကို ပြောတယ်

" သွားနုတ်ခ ဒေါ်လာ ၁၀၀ ကျပါတယ် "

ကလေးအမေ လန့်သွားပြီး

" ရှင် ... ဒေါ်လာ ၁၀၀ ! ရှင်ပြောတော့ ၂၀ ပဲ ကျမယ်ဆို "

" ဟုတ်ပါတယ် ... ဒါပေမယ့် ခင်ဗျားသား နာလို့ အော်တာ
အပြင်က စောင့်နေတဲ့ လူနာ ၄ ယောက် ထပြန်သွားတာ ကိုး ဗျ "

😁😁😁

(4) နောက်ဘဝ

သူဌေးက အလုပ်သမားကို မေးတယ်

" မင်း လူသေပြီး နောက်ဘဝ ရှိတယ် ဆိုတာကို ယုံလား "

" မယုံဘူးသူဌေး "

" ဘာလို့လဲ "

" သက်သေမှမရှိတာ "

" ခုရှိပြီကွ "

" ဘယ်လိုလဲ ပြောပြပါဦး "

" မင်းမနေ့က အဖေဆုံးလို့ ဆိုပြီး မင်း ခွင့်တိုင်သွားတာ
မင်း ခွင့်တိုင်ပြီး ပြန်သွားတော့ မင်းအဖေ မင်းကို လာရှာတယ်လေ "

" တိန် "

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments