ပြည်တွင်းဖြစ် (made in Myanmar)

by - January 02, 2020


နိုင်ငံခြားသား လေ့လာသူ တဦးဟာ
မြန်မာပြည်ရှိ စက်ရုံ တရုံသို့  သုတေသန ပြုရန် ရောက်လာရာ
စက်ရုံ စကားပြန်က ခရီးဦးကြိုသည် ။

နိုင်ငံခြားသားက စက်ရုံရှေ့ ရပ်ထားသော ကားကို မြင်သွားပြီး

" ကားလေးက သိပ်လှတာပဲ ... ဘယ်သူ့ကားလဲ "

" စက်ရုံ မန်နေဂျာရဲ့ ကားပါ မစ္စတာ "

" ဘာ made လဲ "

" made in korea ပါ မစ္စတာ "

" oh good
စက်ရုံထဲ ခင်းထားတဲ့ ကြွေပြားတွေ ကလည်း မိုက်လှချည်လား
ဘာ made လဲ "

" made in thailand ပါ မစ္စတာ "

" oh good
စက်ပစ္စည်းတွေ ကလည်း စပါယ်ရှယ် ပါပဲလား
ဘာ made လဲ "

" made in japan ပါ မစ္စတာ "

" oh good ဒါပေမယ့် တခုတော့ ရှိတယ်
ခင်ဗျားတို့ဗျာ စက်ရုံ တရုံလုံး နိုင်ငံခြားဖြစ် ပစ္စည်းတွေ ချည်းပဲ သုံးနေကြတယ်
ပြည်တွင်းဖြစ်ကို အားပေးကြပါ ဦးလား "

ဤသို့နှင့် လိုက်လံ ကြည့်ရှုရင်း တနေရာ အရောက်

" ဟင် အခုလို အလုပ်ချိန်ထဲ ဟိုတယောက်က
မန်နေဂျာ စားပွဲမှာ ထိုင်ပြီး အိပ်ပျော်နေ ပါလား စည်းကမ်း မရှိလိုက်တာ
သူက ..... "

" အဲဒါကမှ ပြည်တွင်းဖြစ် စစ်စစ်
made in myanmar ပါ မစ္စတာ "

" oh my god "

😁😁😁
နတ်စောင်း(ကျိုက်ထို)

You May Also Like

0 comments