မြင်းကုန်းနှီး

by - January 02, 2020


နယူးယောက်မြို့က လှပျိုဖြူ တဦးဟာ
တက်ဆပ်ပြည်နယ် ဘက်ကို ကားမောင်းသွားရင်းနဲ့
တောလမ်း တနေရာမှာ ကားပျက်သွားတယ် ။

အဲဒီအချိန်မှာ ရက်အင်ဒီးယမ်း လူငယ်တယောက်က မြင်းတစီးနဲ့ ရောက်လာသတဲ့ ။
သူမကို အနီးဆုံး မြို့ကို လိုက်ပို့ပေးမယ်လို့ ပြောတယ် ။

ဒါနဲ့ ကောင်မလေးက မြင်းစီးရမှာ ကြောက်ပေမယ့်
ရွေးချယ်စရာ လမ်းမရှိတော့လို့ ...
ကြောက်ကြောက်နဲ့ပဲ မြင်းပေါ်ကို တက်လိုက်တယ် ။

အဲ ...
လမ်းက ကြမ်းတာရော မြင်းက ပြေးတာရော ဆိုတော့
မြင်းပေါ်က နှစ်ယောက်သား ခုန်ပေါက်ယိမ်းထိုး နေတာပေ့ါ ...

ခက်တာက ကောင်မလေးက ဘာမှ မဖြစ်ပဲ
ဟိုကိုယ်တော်ချော ရက်အင်ဒီးယမ်းက ...

" အူ း... အားယားယား ... အီး ၊ အိုး ... အား " ... နဲ့
တလမ်းလုံး အော်ပြီး လိုက်လာသတဲ့ ။

ဒါနဲ့ မြို့ကို ရောက်တော့ ကားဝပ်ရှော့ တခုမှာ ကောင်မလေးကို ချပေးလိုက်တယ် ။
ကောင်မလေးလည်း မြင်းပေါ်က ဆင်းသွားရော
ကိုရွှေရက်အင်ဒီးယမ်းက ပျှော်ရွှင်မြူးတူး သွားတဲ့ မျက်နှာနဲ့ ...

" ရဟူး ... လွတ်ပြီကွ "... ဆိုပြီး မြင်းကို ကဆုန်စိုင်း စီးသွားတယ် ။

အဖြစ်အပျက်ကို နားမလည်နိုင်တဲ့ ကလေးမက

ဝပ်ရှော့ဆရာကို မေးတယ် .... ...

" ဒီလူ ဘာလို့ ဒီလောက် ပျော်သွားတာလဲ ရှင့် "

" သိဘူးလေ "

" ကျမ သူ့နောက်က ခါးကို သိုင်းဖက်ပြီး
ရှေ့က မြင်းကုန်းနှီးစွန်းကို လက်နဲ့ ကိုင်စီးလာတာ ၊
ဒီလူ တလမ်းလုံး အော်ဟစ်နေတယ် ... ဘာလို့ မှန်းမသိ "

ဒီတော့ ...
ဝပ်ရှော့ဆရာက ကောင်မလေးကို ဇဝေဇဝါနဲ့ ကြည့်ရင်း ပြန်ပြောတယ် ... ...

" ကလေးမ ... ရက်အင်ဒီးယမ်း တွေက
မြင်းစီးရင် ဘယ်တော့မှ ကုန်းနှီး မပါပါဘူးကွဲ့ "

" ရွှမ် ... "
.
.
.
.
😁😁😁
သန်၄ကို (ရမ်းဘာသာပြန်သည်)

You May Also Like

0 comments