သိပ်တော်တဲ့ ဆရာဝန်

by - January 02, 2020


" စိတ်ညစ်တယ် စိတ်ညစ်တယ်
ကလေးအသက် ၆ လ ထိ မိခင် နို့ တမျိုးတည်း တိုက်ကြပါ
ကလေးကို နို့တိုက်ကြပါ
နိုးတိုင်း ... တိုက်
ဆာတိုင်း ... တိုက်
ငိုတိုင်း ... တိုက်
ကြာကြာတိုက် လို့ လာသမျှ မိခင်တွေကို ပြောနေ ဟောနေပေမဲ့
ကလေး က အိပ်နေလို့ ..
မစို့လို့ ..
အလုပ် သွားနေရလို့ ဆိုတဲ့ ဆင်ခြေ လက်ခြေတွေ တပုံကြီး ပေးကြတယ် "

ကလေး လူနာတွေကို ကြည့်နေတုန်း ကျွန်တော့် ပါးစပ်က ပေါက်ပေါက် ဖောက်နေမိတယ် ။
" နောက် တယောက် .. "

အမျိုးသမီးတဦးက ကလေးငယ် တဦးကို ခေါ်ပြီး ကျွန်တော့်ရှေ့ကို ရောက်လာခဲ့တယ် ။
ကလေးက အာဟာရ ပြတ်နေတဲ့ ပုံလေး ။

ဒါနဲ့ သူမ ဘာမှ မပြောခင် ကျွန်တော် အရင် မေးလိုက်တယ် ။
" ကလေးကို မိခင်နို့ တိုက်တာလား .. နွားနို့ တိုက်တာလား "

သူမက အနည်းငယ် ရှက်ရွံ့သွားပုံ ပေါ်ပြီး ခပ်တိုးတိုး အဖြေပေးတယ် ။
" မိခင်နို့ပါ "

မိခင်နို့ တိုက်တာတောင် ကလေးက ပိန်လှီနေတာ ။ နို့များ မထွက်လို့လား ။ သားဦးမို့ သူမက မတိုက်တတ်တာလား ။ တခုခုပဲ ။

" ကျွန်တော် စမ်းသပ် မလို့ ဗျ အင်္ကျီကို ချွတ်လိုက်ပါ "
" ရှင် "

သူမက ရှက်ရွံ့သွားပုံ ပေါ်တယ် ။ သားဦး မိခင်တွေ အနေနဲ့ မိမိရဲ့ ရင်သားကို သူစိမ်း ယောက်ျားလေးကို  ဘယ်ပြချင်ပါ့မလဲ ။

ဒါပေမဲ့ Duty is Duty လေ။ ကျွန်တော် ကြည့်မှ စမ်းသပ်မှ သူ့ကလေးအတွက် အကောင်းဆုံး အကြံပေးနိုင်မှာပေါ့။

" စိတ်မပူပါနဲ့ ။ ဒါ ဆေးရုံပါ ။ စမ်းသပ် စစ်ဆေးရမယ် ။ လူတိုင်းကို ကြည့်ရမှာ ကျွန်တော့် တာဝန်ပါ ။ ဒါမှ အကောင်း ဆုံး ကုသလို့ ရမှာပေါ့ "

" ရှင် "

" အနောက်မှာ ကြည့်စရာ လူနာတွေ အများကြီး ကျန်သေးတယ် မြန်မြန်လုပ်ပါ ။ please "

သူမက ကြောက်ကြောက် လန့်လန့်နဲ့ အင်္ကျီချွတ်ပေးတယ် ။ ကျွန်တော်လည်း ပုံမှန် အတိုင်း နို့ထွက် မထွက် စမ်းသပ် ကြည့်လိုက်တယ် ။ ခဏလောက် စမ်းသပ်ပြီး ကျွန်တော် တွေးတာ အမှန်လို့ သိလိုက်ရတယ် ။

“ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာဗျ ”

သူမ ပြန်ပြောတဲ့ ဒေါသတကြီး စကားသံကြောင့်
သူမကို အထပ်ထပ် တောင်းပန်စကား ဆိုလိုက်ရတယ် ။

သူမ ပြန်ပြောတာက

“ ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နု့ိရည် ရှိမလဲ ။ ကျွန်မက အပျို ရှင့် အပျို ။ သူက ကျွန်မရဲ့ တူ "

😁😁😁
ဟမ်စိုင်း (ဆေး-မန်း)

You May Also Like

0 comments