ပိတ်တော့မှာမို့

by - January 02, 2020


ဗိုက်ဆာလို့ စားသောက်ဆိုင် တဆိုင်မှာ ဝင်စား လိုက်တယ်

ဆိုင်ထဲမှာ
စားဖိုမှူးတွေကော ... စားပွဲထိး တွေကော
မြန်မြန် ဆန်ဆန် သွက်သွက် လက်လက် နဲ့ လှုပ်ရှားနေ ကြတာ ..

စားသောက်ဖူး သမျ ဆိုင်တွေ ထဲမှာ
ဒီဆိုင်လောက် .. ယောက်ယက်ခက်အောင် .. လှုပ်ရှားမှုမျိုး တခါမှ မတွေ့ဖူးဘူး

ဒါနဲ့
စားပွဲထိုးလေး တယောက်
အနား ရောက်လာလို့ .. ခေါ်လိုက် မိတယ်

" ဟေ့ .. ညီလေး .. ''

" ဪ .. အစ်ကို .. ဘာလိုလဲ ? .. ဘာမှာချင်လဲ ? ... အအေးလား .. ကော်ဖီလား ..
ဒါမှမဟုတ် ပိုက်ဆံ ရှင်းတော့ မလား ? "

စားပွဲထိုးလေးက
နောက်ကနေ ကျား လိုက်လာတဲ့ အတိုင်းပဲ ..
ပြန်မေးချက်တွေက ...

" နေ နေ .. နေပါအုံးကွာ မင်းတို့ဟာကလည်း .. နောက်ကနေ ကျားလိုက်လာတဲ့ အတိုင်းပဲ .. မေးလိုက်တာကွာ .. ဘာလို့ အဲ့လောက်ထိ မင်းတို့ ဆိုင်က အလျင်စလိုတွေ လုပ်နေကြတာလဲကွ .. ''

ထိုအခါ
စားပွဲထိုးလေး .. ပြန်ဖြေတာက

" အလျင်စလို လုပ်ဆို ဆရာရယ် ...
နောက် တနာရီလောက်ဆို .. ကျန်းမရေး ဝန်ကြီးဌာနက ဒီဆိုင်ကို လာပြီး ချိတ်ပိတ်တော့မှာဗျ ''

" ဟေ ''

😂😂😂😂😂
လူချွန်တော်

You May Also Like

0 comments