နုသလားတော့ မမေးနဲ့

by - January 02, 2020


(1) နုသလားတော့ မမေးနဲ့

" ဆရာ .. ဘာသုံးဆောင်မလဲ ? "

" ကြက်ကြော် တပွဲပေးကွာ "

" ဟုတ်ကဲ့ ဆရာ "

" ဪ .. နေအုံး .. မနေ့ကလိုတော့ မလုပ်နဲ့ကွာ ..
ငါ မနေ့က စားတဲ့ ကြက်ကြော်က ရင့်ထော်နေတာပဲ .. မနည်း ဖဲ့စားရတယ် "

" ဟုတ်ကဲ့ "

" အဲ့တော့ .. ကြက်ကို မရင့်စေနဲ့ကွာ
နုနိုင်သမျ နုကွာ .. နုလေ ကောင်းလေပဲ .. သဘောပေါက်လား ? "

" ဟုတ်ကဲ့ပါ ဆရာ .. ရ ရ ပါစေမယ် "

ခဏအကြာ

" ရပါပြီ ဆရာ "

" အမ် ... ဟျောင့် .. ငါမှာတာ ကြက်ကြော်လေ ..
ဘာလို့ ကြက်ဥကြော်ကြီး လာချတာလဲ? "
.
.
.
.
" ဆရာရယ် .. သည့်ထက် နုတဲ့ ကြက် တော့ မရှိတော့ဘူးလေ "

" ငင် "

😂😂😂😂😂
လူချွန်တော်

(2) အချိန်စီးနေလို့

ထမင်းဆိုင်မှာ ..

" ဟေ့ .. ညီလေး .. မင်းတို့ဆိုင်က ပန်ကာ ခဏ ပိတ်ပေးလို့ ရမလား ? "

" ဘာဖြစ်လို့လဲ .. အစ်ကိုရ .. ဒီလောက် အိုက်နေတာကို "
.
.
.
" အေး .. ဒီမှာကွာ ..
မင်းတို့ဆိုင်က ထည့်ပေးတဲ့ ကြက်သားတုံးက လေဒဏ် မခံနိုင်ပဲ ..
ပြုတ်ပြုတ် ကျနေလို့ ဟေ့ "

" ဟာဗျာ "

😁😁😁
လူချွန်တော်

(3) နံမယ်

ကြက်ကလေးက သူ့အမေကို မေးတယ် ၊

" မေမေ ... လူတွေ ကြတော့ နာမည်တွေ ရှိပြီး
သားတို့ ကြက်တွေက ဘာလို့ နာမည် မရှိတာလဲ .. "

" အိမ်း ... သားရဲ့
လူတွေက အသက် ရှိနေတုန်းသာ နာမည်တွေ ရှိကြတာ ..
သေသွားရင်တော့ နာမည်က အားလုံး တူသွားတယ် ၊
လူသေ တဲ့ ...

မေမေတို့ ကြက်တွေ ကျတော့
အသက် ရှိနေတုန်းမှာ ကြက်လို့ပဲ ခေါ်ကြပြီး
သေသွားတော့မှ နာမည်တွေ ရသွားကြတာကွဲ့"

" ဟင်..ဘယ်လို နာမည်တွေလဲ မေမေ.."
.
.
.
.
ကြက်ကုန်းပေါင် ...

ကြက်ချဉ်စပ် ...

ကြက်သောက်ဆမ်း ...

ကြက်သား ကာလသား ...

KFC ... Lottaria ... ကြက်ကင် တို့ပေါ့ ကလေးရယ် ...

" ညှယ် .. "

😁😁😁
Credit

You May Also Like

0 comments