ဇစ်မြစ်

by - December 27, 2019


အသက် ၆၀ ကျော်လောက် ရှိသည့် အဒေါ်ကြီး တယောက်
ငြီးပြီး မီးယပ်အထူးကု (OG) ထံသို့ ရောက်လာသည် ။

" အမလေး ကျွတ် ကျွတ် နာလိုက်တာ သားလေးရယ်
အမေကြီးကို ကြည့်ပေးပါအုံး .. "

ဆရာဝန်မှ လှန်ကြည့်သည် ။
ဘာမှမဖြစ် အားလုံး ကောင်းသည် ။

" အမေ ဘာမှမဖြစ်ဘူး .. အားလုံး ကောင်းပါတယ် "

အဒေါ်ကြီး ထပ်ငြီးသည် ။
" အား အမလေး သေတော့မှာပဲ ကိုက်လိုက်တာ .. "

ဆရာဝန်က ထပ်လှန်ကြည့်သည် ။ ကိုင်ကြည့်သည်။
အားလုံးပုံမှန် .. ဘာမှမဖြစ်ကြောင်း ပြန်ပြောသည် ။
မရ .. အော်ပဲ အော်နေသည် ..

" နာလိုက်တာ .. ကယ်ပါ ဆရာရယ် "

ထပ်လှန်ကြည့်သည် ၊ ကိုင်ကြည့်သည် ။
လက်နဲ့ နှိုက်ကြည့်သည် ဘာမှမဖြစ် အားလုံးကောင်းသည် ။
ဆရာဝန်က ...

" ကဲ အမေ ဘယ်နား နာနေတာလဲ
ကျွန်တော် ကြည့်တာ အားလုံး ကောင်းပါတယ် .. "

" နောက်ဆုံးက အံဆုံးသွား ကိုက်နေတာ ..
နာလဲ နာတယ် "

ဆရာဝန် ဒေါသ ထွက်သွားသည် ။
" ဟာ အမေကလည်း ..
အဲဒါ သွားဆရာဝန်ဆီ ပြရမှာ ..
စောစောက မပြောဘူးဗျာ .. အလုပ်ရှုပ်ရတဲ့ အထဲ .. "

" ဟဲ့ မသိဘူးလေ နင်က ဟိုလှန် ဒီလှန် ..
ဟိုနှိုက်ကြည့် ဒီနှိုက်ကြည့် လုပ်နေတော့
ငါက နင် ရောဂါရဲ့ အမြစ် ရှာနေတယ် ထင်တာ ..
တကတဲ တော် "

😁😁😁
MBL

You May Also Like

0 comments