ရိုက်ပေါက် ဇာတာ

by - December 19, 2019


ဗေဒင်ဆရာ တဦးထံသို့
လူတယောက် ဗေဒင် လာမေးလေသည်
ဝင်ဝင် လာချင်း ဗေဒင်ဆရာအား အတင်း ဦးခိုက်၍

" ဆရာ ကယ်ပါ ဆရာ .. ဆရာ ကယ်ပါ "

ဗေဒင်ဆရာက သူ့ကို " ကယ်ပါ " ဟု ပြောသဖြင့်

" နင့်အမေလင် " ကယ်ပါ " လား ... နင်သာ သဒေါင်းစား နင်သာ ခွက်စောင်းခုတ် "

ထိုအခါ
ဗေဒင်လာမေးသူက သူ့စကား မှားသွားမှန်း သိ၍

" ဆောရီးပါ ဆရာ ... ပြောချင်ဇော အားကြီးသွား လို့ပါ
ကျတော့်ကို ကယ်ပါအုံး ဆရာ "

" ဘာဖြစ်လာတာလဲ ? ဘာသိချင်တာလဲ ? အရင် ပြောလေကွာ "

" ဟုတ်ကဲ့ဆရာ ခုတလော ကျတော့် ကံဇာတာတွေ အရမ်း ညံ့နေသလား မသိဘူး ဆရာ
အပြင် ထွက်လိုက်တိုင်း ဟိုလူက ရိုက်ချင် ဒီလူက ဆဲချင်နဲ့
ပြသနာကို အမျိုးမျိုး ဖြစ်နေတယ် ဆရာ "

" မင်းက သွား စ လို့လား ? "

" အဲ့လို မဟုတ်ဘူးဆရာ
လူတွေက ကျတော့်ကို မြင်တာနဲ့ အကြောင်းမဲ့ သက်သက်ကို ရိုက်ချင် နှက်ချင် နေကြတာ ဆရာ "

" မင်းက ဘာမှ မလုပ်ပဲနဲ့ ''

" ဟုတ်တယ် ဆရာ ''

" မျက်နှာမြင် ရိုက်ချင်ပါစေ ပေါ့ "

" အဲ့လိုကို ဖြစ်နေတာ ဆရာ ကူညီပါအုံးနော် "

ထိုအခါ
ဗေဒင်ဆရာက
ထိုလူ မျက်နှာအား သေချာ စိုက်ကြည့်၍

" ဟုတ်တော့လည်း ဟုတ်တာပဲ "

" ဗျာ ''

" ရုပ်ကိုက ဗျင်းချင်စရာ ''

ဗေဒင်ဆရာ၏အပြောကြာင့်
ထိုလူ ကြောင်သွားသည်

" ဆရာ သတိထားအုံးနော် ဆရာ "

ဗေဒင်ဆရာ၏ မျက်နှာက ခုနကထက် ပို၍ ခက်ထန် လာကာ

" မင်း စောက်ခွက်ကလည်း ကျက်သရေမှ မရှိတာ "

" ဗျာ မဟုတ် မဟုတ်ဘူးလေ ဆရာ
ဆရာက ကျတော့်ကို ကယ် ... "

ဗေဒင်ဆရာက သူ့မျက်နှာအား လက်ညိုး ထိုး၍

" မဟုတ်ဘူး မဟုတ်ဘူး ... မင်း စောက်ချိုးကိုက မဟုတ်ဘူး "

" ဗျာ ... ဆရာ ဆရာ ဘာဖြစ်တာလဲ ... ကျတော် ဘာမှ မလုပ်ဘူးလေ "

" ဟာကွာ ... ဟျောင့် ... မင်း စောက်ခွက်ကွာ "

" ဗုဒ္ဓေါ "

ဗေဒင် လာမေးသူမှာ ဗေဒင်ဆရာ၏ ရုတ်ချည် ပြောင်းလဲသွားတဲ့ အမူအယာကြောင့် လန့်သွားပြီး

" ကျတော် ကျတော် ... နောက်မှပဲ လာမေးတော့မယ်နော်
သွား သွားတော့မယ် မယ် "

" ဟျောင့် နေအုံး "

ဗေဒင်ဆရာက ပြောပြီး ထိုင်ရာက ထ ရပ် လိုက်သဖြင့်

" နေ နေ တော့ဝူး .. "

" မရဘူး ဟျောင့် .. နေအုံး .. "

ဗေဒင် လာမေးသူလည်း

" နေတော့ဘူးဗျာ " ဟု

ပြောကာ တချိုးတည်း ပြေးပါလေတော့သည်

ဗေဒင်ဆရာက " တောက် " ခေါက်ပြီး မကျေမချမ်းဖြင့် ကျန်ခဲ့လေသည်

" တောက်ကွာ ... ရိုက်ချင်တာ လက်ကို ယားနေတာပဲ "

😂😂😂😂😂😂😂

အဲ့လိုပါဘဲ
လူတွေမှာ .. တခါတလေ
ကံ အရမ်း ညံ့နေရင် .. နေရင်း ထိုင်းရင်းကို
ပြသနာက မျိုးစုံ ဖြစ်နေတတ်တာမျိုး

😁😁😁
လူချွန်တော်

You May Also Like

0 comments