ရေကျော် ပွဲဈေးတန်း မှ ကြောက်စရာ ကောင်းတဲ့ ဖြစ်ရပ်

by - December 21, 2019


ရေကျော် ပွဲဈေးတွင်
ဘိုးတော် တဗွေ ဗေဒင်ဟော နေတာကို
ဘေးက လူငယ်အုပ်စု ၄ .. ၅ ယောက် က
လှောင်သလိုလို ပြောင် သလိုလို
စောက်ခွက် ပြောင်နေကြသည် ။

အဲ့ဒါနဲ့ ဘိုးတော်လည်း
ကြာလာတော့ ပေါက်လာပြီး

" ဟေ့ရောင်တွေ မင်းတို့ ငါ့ကို ဘာထင်နေလဲ
ငါ ကျိန်စာတိုက် အင်းခွက် ရေးလိုက်ရင်
မင်းတို့ ဘဝတွ ဘာဖြစ်သွားမယ် ထင်လဲ "

အဲ့ဒါကို လူငယ်အုပ်စုက မကြောက်တဲ့ အပြင်
ပိုပြီး ခွက်ထိုး ခွက်လန် ဟားတိုက် ရယ်မော နေသည် ။

ဒါပေမယ့် ချက်ချင်း ဆိုသလိုပဲ
သူတို့ မျက်လုံးတွေ ဘာမှ မမြင်ရတော့ပဲ
တလောကလုံး မှောင်မဲ သွားသည် ။

အဲ့ဒီတော့မှ သူတို့လဲ အသိတရား ဝင်လာပြီး

" အဖိုးရယ် သားတို့ မှားသွားပါတယ်
သားတို့ကို ခွင့်လွှတ်ပေးပါ "

အဲ့ဒီချိန်မှာ
ဘိုးတော် ပြန်ပြောလိုက်တဲ့ စကားက

" မသာတွေရဲ့ ငါ ဘာမှ လုပ်တာ မဟုတ်ဘူး
မင်းတို့ ဘိုးအေ EPC မီးဖျက် လိုက်တာကွ
ငါလည်း ဘာမှ မမြင်ရတော့ဘူး "

" တိန် "

😁😁😁
မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါသည်

You May Also Like

0 comments