ပုံတွေ ဘာလို့ တင်တာလဲ

by - December 13, 2019


" မေမေ ဘာဖြစ်လို့ မိန်းကလေးတွေက
Online ပေါ်မှာ ပုံတွေ ခဏ ခဏ တင်နေကြတာလဲ "

မိခင်ဖြစ်သူက သမီးပျိုလေး၏ အမေးကို
ရယ်မောကာ ရှင်းပြတယ် ...

" သူတို့ လှတာကို အများ သိစေ မြင်စေချင်လို့ ပေါ့ "

" နောက်ပြီး ခဏ .. ခဏ .. တင်နေတာက
mpt tel တို့ရဲ့ ကျေးဇူးတွေ ကြောင့်လေ "

သမီးဖြစ်သူက ထပ်မေးပြန်လေသည်

" ဒီလိုမျိုး ခဏ ခဏ တင်နေတော့ ... ဘာအကျိုးထူး တာလဲ မေမေ "

ဒီကလေးမ ကတော့ တော်တော် စပ်စုသည်ဟု မိခင်ဖြစ်သူက တွေးလိုက်မိသည်

" သမီးရယ် ခဏ ခဏတင်တော့ ...
ယောက်ျား မြန်မြန် ရတာပေါ့ "

" သိတယ် မဟုတ်လား "

" ကောင်လေးတွေက ပုံလှလှလေး တင်တဲ့ acc တွေ ဆိုရင်
မလွတ်တမ်း add ပြီး Q ကြတယ်လေ "

သမီးဖြစ်သူက နှုတ်ခမ်းလေး စူကာ ဟြေတယ် ...
" ဒါဆို မေမေလည်း fb သုံးတယ် "

" သမီးလည်း fb သုံးတယ် "

" ပုံ မတင်ကြတော့ ပျင်းစရာ မကောင်းဘူးလား "

သမီးဖြစ်သူရဲ့စကားကြောင့် မိခင်ဖြစ်သူဟာ
ဒေါသတွေ အလွန် ထွက်သွားတယ် ...

" ဒီမယ် သမီး .. မေမေနဲ့ သမီး fb သုံးတာ ကြွားဖို့ မဟုတ်သလို ..
Q ခံချင်လို့လည်း မဟုတ်ဖူးလေ ...

သတင်းဖတ်ဖို့ ဗဟုသုတတွေ ရှာဖို့

မသေမချင်း မှတ်ထား သမီး ...

ကျားဆိုတာ သမင် မြင်ထားရင် ဖမ်းဖို့ ကြံမှာပဲ ... စားဖို့ ချောင်းမှာပဲ ...

ဒါကြောင့် အစား မခံချင်သူတွေက ... တိတ်ဆိတ်စွာ နေကြတာပေါ့

အစားခံချင်သူတွေကတော့ ... ရုပ်လုံးထွက်ပြမှာပဲ သမီး

နောက်မှ ဘာစားမိမှန်း မသိဘဲ မရှုနိုင် ၊ မကယ်နိုင် ရင်ပြည့် ရင်ကယ်ဖြစ်မှ .. မိဘဖြစ်သူတွေကို ဒုက္ခမပေးကြနဲ့  ...

ကိုယ် အသုံးမကျတဲ့ ဇာတ်လမ်းထဲမှာ မိဘဖြစ်သူကို ဆွဲမထည့်နဲ့ ... အမေဟြေတာ နားလည်လား သမီး "

ထိုသို့ ဟြေနေစဉ် အိမ်နောက်ဘက်က မီးဖိုချောင်ခန်း ထဲက အသံ တခု ကြားလိုက် ရသည် ။ ထို့နောက် သားမိနှစ်ယောက်ဟာ ပြာပြာ သလဲနှင့် မီးဖိုချောင် ရှိရာသို့ အပြေး တပိုင်း သွားကာ အခန်းအတွင်းသို့ ချောင်း ကြည့်လိုက်ရာ...

ကြောင်တကောင်ဟာ စားပွဲပေါ်မှ ကြက်သား ဟင်းကို မြိန်ယှက်စွာ စားသောက်နေသည် ကို တွေ့လိုက်ရသည် ...

ဒီတော့ မိခင်ဖြစ်သူက သမီးကို တိုးတိုးလေး ဟြေလိုက်တယ် ...

" သမီးရယ် အုပ်ဆောင်း ရှိပါလျှက်နဲ့ ...
မအုပ်ဘဲ ထားတော့ အခုလို ခိုးစားတာ ခံရတာပေါ့ ကွယ် .. "

မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ....

မူရင်းဆရာကို ခရစ်ဒက်စ် ပေးပါသည် ... ။

You May Also Like

0 comments