ဘယ်သူနိုင်မလဲ

by - December 12, 2019


အလွန်တော်တဲ့ ဗိသုကာ ပညာရှင် တယောက်ဟာ သေသွားတော့ ယမမင်းက နေရာမှားပြီး ငရဲပြည်ကို ပို့လိုက်သတဲ့ ။

ငရဲမင်းကလည်း သိသိနဲ့ လက်ခံ ထားလိုက်ပြီး အဲ့ဒိ ဗိသုကာပညာရှင်ရဲ့ အစွမ်းနဲ့ ငရဲပြည်ကို ပြင်တော့ တာပေါ့ ။

အဲကွန်းတွေ တပ် ၊ မီးစက်တွေ လျပ်စစ်ပိုင်း ဆိုင်ရာတွေ ၊ ရထားတွေ ၊ လမ်းတွေ အဆောက်အဦတွေ ပန်းခြံတွေ ...... စသဖြင့် ငရဲပြည် တခုလုံးကို ပြင်ဆင်လိုက်တော့ အရမ်း လှပသွား တာပေါ့ ။

တရက်မှာ သိကြားမင်းက ငရဲမင်းဆီကို အလည် လာပါလေရော ။

ငရဲပြည် ဝင်ဝင်ခြင်းမှပဲ အေးမြသာယာ လှပပြီး ခေတ်မီနေတာကို တွေ့တော့ ငရဲမင်းကို မေးတာပေါ့ ။

ငရဲမင်းကလဲ သူ့ဆီ ရောက်လာတဲ့ ဗိသုကာ ပညာရှင်ကြောင့် ဒီလို ဖြစ်လာတာပါ လို့ ပြန်ရှင်းပြသတဲ့ ။

ဒါနဲ့သိကြားမင်းက နတ်ပြည် ပြန်ရောက်တော့ ဗိသုကာပညာရှင်က ဘာ့ကြောင့် ငရဲပြည်ကို ရောက်ရသလဲ လို့ လိုက် စုံစမ်းတော့မှ ယမမင်း နေရာ မှားပို့လိုက်တာကို သိလိုက်ရသတဲ့ ။

ဒါနဲ့ သိကြားမင်းက ငရဲမင်းကို " မင်းဆီမ ောရောက်နေတဲ့ ဗိသုကာ ပညာရှင်က ယမမင်း မှားပို့လိုက်မိ တာပါ ။ အမှန်က သူဟာ နတ်ပြည်ကို ရောက်လာရမှာ ။ ဒါ့ကြောင့် နေရာအမှန် ဖြစ်တဲ့ နတ်ပြည်ကို ပြန်လွှဲပေးပါ " လို့ တောင်းသတဲ့ ။

ငရဲမင်း ကလဲ " မှားပို့တာ မပို့တာ ငါမသိ ။ ငါ့ဆီကို ရောက်လာတာ ငါ့အပိုင်ပဲ ။ မပေးနိုင်ပါဘူး " စသည်ဖြင့် အချင်းများကြ တာပေါ့ ။

နောက်ဆုံးကြတော့ သိကြားမင်းက

" အေး  မင်း ပြန်မပေးရင် မင်းကို တရား စွဲဆိုမယ် ။ ငါက သိကြားမင်း ဖြစ်တဲ့အတွက် မင်းထက် တန်ခိုး ပိုရှိတယ် ။ တရားစွဲရင် မင်းရှုံးမှာ ။ ဒါကြောင့် အခုလို တောင်းနေတုန်းမှာ အသာတကြည် ပြန်ပေးလိုက်ပါ " လို့ ခြိမ်းခြောက်တာပေါ့ ။

အဲ့ဒိစကားကို ငရဲမင်းလဲ ကြားရော ခွက်ထိုးခွက်လန် ရယ်တော့တာပေါ့ ။
ပြီးတော့ သိကြားမင်းကို ပြောသတဲ့ ...

" တရားစွဲရင်လဲ စွဲပေါ့
ဒါပေမယ့် စွဲလဲ မင်းရှုံးမှာပဲ " လို့ ပြန်ပြောသတဲ့ ။

သိကြားမင်းက " ဘာလို့ ရှုံးရမှာလဲ ။ ငါက မင်းထက် အဆင့်ပိုမြင့် တန်ခိုး ပိုရှိတာပဲ " လို့ ပြန်ပြောသတဲ့ ။

ဒါနဲ့ ငရဲမင်းက ရယ်ပြီး " မင်းက ငါ့ထက် အဆင့်ပိုမြင့်လဲ မထူးပါဘူး ။ ရှုံးမှာပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းဆီမှာက တရားသူကြီးနဲ့ ရှေ့နေ မရှိဘူးလေ ။ သူတို့တွေ အားလုံးက ငါ့ဆီမှာ ။ ဒါ့ကြောင့် ငါပဲ တရားနိုင်မှာကွ " လို့ ပြန်ပြောလိုက် သတဲ့ ။

ဟုတ်လားဗျ

ခိခိ

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments