ချစ်သူများနေ့ စာစီစာကုံး

by - December 26, 2019


" ချွန်ရဲလင်း "

" ရှိပါဒယ် ချာမ "

" ဆရာမ မနေ့က " ချစ်သူများနေ့ " အကြောင်း စာစီစာကုံး ရေးခိုင်းလိုက်တာ ရေးခဲ့လား ? "

" ဟုတ်ကဲ့ ရေးခဲ့ပါဒယ် ချာမ "

" အာ့ဆို ... သားရေးထားတာကို တတန်းလုံး ကြားအောင် ဆရာမကို ဖတ်ပြစမ်း "

" ဟုတ်ကဲ့ပါ ချာမ
ချစ်တူများနေ့
ယနေ့ ဖင်ပေါ်ပါဘီ ဆက်ယေးရက် -- "

" ဟဲ့ဟဲ့ ဘယ်နဲ့ ဖင်ပေါ်ပါပြီလဲ  ဖေဖော်ဝါရီပါ "

" ချာမကယဲ တားက ဂျကား မပီရို့ဟာ ဖြည့်ပီး နားထောင်ပေါ့ လို့  "

" အေးအေး ဟုတ်ပါပြီ ဆက်ဖတ် ဆက်ဖတ် "

" ဟာ မချဲနဲ့ယေ ချာမကလည်း "

" ဪ ဆဲတာ မဟုတ်ပါဘူး - စာကို ဆက်ဖတ် လို့ "

" အော် ဂရိုလား ... အာ့ဆို ဆက်ဖတ်မယ်နော်
ယနေ့ ဖင်ပေါ်ပါဘီ ဆက်ယေးရက်နေ့ ကို
ချစ်တူညားနေ့ ဟု ခေါ်ပါ "

" ဟဲ့ဟဲ့ ချစ်သူများနေ့ ပါ ဘယ်နဲ့ ချစ်သူညားနေ့ လဲ ? "

" ဟာဂျာ ချာမက ဘာမှလည်း မတိဘဲနဲ့ - အဲ့နေ့ကြရင် ချစ်တူဒေက ညားကုန်တာဗျ "

" အို "

" မအိုနဲ့ တားက တေချာ လေ့လာပီးမှ ရေးထားတာ "

"အေးအေး ဟုတ်ပါပြီကွယ် ဆက်ဖတ် ဆက်ဖတ်"

" ချစ်တူညားနေ့ ဟု ခေါ်ပါသည်
ဒါ့အပြင် ထိုနေ့ကို " ချစ်တူစားနေ့ " ဟုလည်း ခေါ်ပါသေး "

" ဟဲ့ဟဲ့ ဘယ်လိုဒေလဲ ?- စား ပြန်ပြီလား "

" ဟာဂျာ ဒီ ချာမ အပျိုကြီး တျောက်နဲ့တော့ ဒိုးခပါဘဲ
ချာမ ဘာတိရို့လဲ အဲ့နေ့ကြရင်
ချစ်တူတွေက အပြန်အလှန် ကျွေးပြီး စားကြတာဗျ "

" ဟဲ့ ဘာတွေ စားကြတာတုန်း"

" အဲ ဘာဒေလည်း ဆိုတော့
တောင်ယေးက တောင်မယေးက ချောကလက် ကျွေးတယ်
အဲ အဲ့မှာ တောင်မယေးက တောင်ယေးကို စားသောက်ဆိုင်မှာ ပေါက်စီနဲ့ စမူချာ ပြန်ကျွေးတယ်လေ "

" အလို အာ့တွေ နင်က ဘယ်လိုသိလဲ ? "

" တား ပန်းခြံသွားတုန်းက လိုက်ချောင်း ထားတာ "

" အမလေးလေး နင်ပြောတာနဲ့ ငါ့တူမ ကိုတောင် စိတ်ပူ လာပြီ "

" ချာမ ဘာဒေ ကြောနာလဲ ဆက်ဖတ် ရမှာလား "

" အေးအေး ဆက်ဖတ် "

" ချစ်တူစားနေ့ ဟု ခေါ်ပါသေးသည်
ဒါ့အပြင် ၎င်းနေ့ကို " ချစ်တူဖျားနေ့ " ဟုလည်း ခေါ် ခေါ် "

" ဟဲ့ဟဲ့ ဖျား ပြန်ပြီလား ? "

" အော် ချာမရယ် - စားပီ ဆိုမှတော့ ဖျားပီပေါ့
ဖျားတာမှ ချာမရယ် တစ်ခါ ဖျားရင် ကိုးလ ဆယ်လ "

" အမလေး တော်တော် တော်ပါတော့ ဆရာရယ်
နင် ပြောတာနဲ့ ငါ့တူမကို စိတ်မချတော့ဘူး အမြန် လိုက်မှ ရတော့မယ်
အားလုံးပဲ မင်္ဂလာပါ ကွယ် "

" မင် ဂ လာ ပါ ချာ မ "

ချွန်ရဲလင်း၏ စာစီစာကုံးကြောင့်
ဆရာမ တချိုးတည်း လစ်ထွက်သွားပါတော့သည်

😁😁😁😁😁
လူချွန်တော်

You May Also Like

0 comments