ဖိနပ်စုတ်လောက် တန်ဖိုးမရှိတဲ့ အရာ

by - December 04, 2019


တနေ့မှာ ………

တောသား တစ်ယောက် ဈေးမှာ ဈေးဝင် ဝယ်ဖို့ လာရင်း မိုးကလည်း ရွာထားတော့ သူ့ဖိနပ်က ပြတ်သွားတာပေါ့

ဒါနဲ့ အိတ်ထဲက စက္ကူလေးနဲ့ ထုတ်ပြီး ယူလာ ခဲ့တယ်

ဈေးအဝင် ဝ က ဆိုင်တစ်ဆိုင် ရောက်တော့ ဆိုင်ရှင်ကို ခေါ်ပြော လိုက်တယ်

" အစ်မကြီး ကျွန်တော့ ဖိနပ်လေး ခဏထား ခဲ့လို့ ရမလား

ဈေးလာရင်း ဖြတ်သွားလို့ပါ ကျွန်တော် ဈေးက အပြန် ဝင်ယူ ပါ့မယ် "

ဆိုင်ရှင် အစ်မကြီးက ...

" အေး ငါ့မောင် ဒီနားမှာထားခဲ့လိုက် "

" ဟုတ် အစ်မ .. "

" ဒါနဲ့ ဈေးဝယ်ပြီးတာနဲ့ သူဖိနပ်လေး ဝင်ယူ ခဲ့တယ် "

" အစ်မ ... ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ် ခင်ဗျ

" အေးအေး ……… ယူသွားလေ

" ကျေးဇူးတင်ပါတယ် အစ်မ

အစ်မက အရမ်း သဘောကောင်း တာပဲ "

" အေး ... ရပါတယ် ကွယ် ……

တို့တွေက လူသားတွေပဲ

ဒီလို ကူညီပေးရတာ အပန်းမကြီး ပါဘူး "

" ဟုတ်ကဲ့ပါ အစ်မ

ကျွန်တော့ကို သွားခွင့်ပြုပါအုံး "

" အေးပါအေးပါ

နောက်လည်း အကူအညီ လိုရင် ပြောပေါ့ "

" ဟုတ်ကဲ့ပါ အစ်မ "

ဒီလိုနဲ့ တောသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့

နောက်တစ်နေ့ မှာတော့ သူငယ်ချင်း ဖြစ်သူနဲ့ ဈေးဝယ် လာခဲ့ ကြတာပေါ့

လမ်းခရီးက ကြမ်း နေကပူနဲ့ ပါလာတဲ့ သူငယ်ချင်းက အမှတ် မထင် မူးလိုက်တာ ဆိုပြီး ပြောပြော ဆိုဆို လဲကျ ရာက အသက်ပါ ပါသွား ရှာတယ်

သူငယ်ချင်း ဖြစ်သူ အမှတ်မထင် သေဆုံးရ လို့ ဘာလုပ်ရမှန်း မသိ …

ဒါနဲ့ အတွေးတစ်ဆ ဝင်လာ ခဲ့တယ်

သူငယ်ချင်း အလောင်းကို အဝတ်နဲ့ ပတ်ပြီး ထမ်းလာ ခဲ့တာပေါ့

အရင်တခါက သူ ဖိနပ် အပ်ခဲ့တဲ့ ဆိုင်ရှေ့ ရောက်လာတော့

အေး ဒီဆိုင် ဝင်ထားခဲ့ အုံးမှပဲ ... ဒါနဲ့

" အစ်မကြီး

ကျွန်တော့ကို မှတ်မိလား "

" အော် …… အေး

ဟိုနေ့က မင်းမို့လား ……

ဖိနပ် ပြတ်လို့ လာအပ်သွားခဲ့ တာလေ … "

" ဟုတ် … ဟုတ်ပါတယ် အစ်မ ကျွန်တော်ပါ … "

" အေးအေး ပြောလေ မောင်လေး

အစ်မ ဘာကူညီ ပေးရအုံး မလဲ "

" ဟုတ် အစ်မ ကျွန်တော့ သူငယ်ချင်း လမ်းမှာ မူးတယ် ဆိုပြီး လဲကျ သွားတာပါ

အသက်ပါ ပါသွားခဲ့တယ် အစ်မ

ကျွန်တော် ရွာ သင်္ချုႋင်းကို မသွားခင် သူငယ်ချင်းကို ဒီမှာ ခဏ ထားခဲ့ ပါရစေ "

ချက်ချင်း ဆိုသလိုပဲ

" ဟာ! …… မရဘူးလေ

ဘယ်ရ မလဲ ……

မင်းနယ် ကွယ် ………

နိမိတ်မရှိ လိုက်တာ

လူသေကောင်ကို ငါ့ဆိုင် ထားခဲ့မယ် လို့

ရာရာ စစ သွားသွား! ……

ငါ့ဆိုင် ရှေ့က အခု ထွက်သွားစမ်း "

ဒါနဲ့ တောသားလည်း ပြန်ထွက် အလာ ဆိုင်ရှင် အစ်မကြီး ကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ကျန်ခဲ့ တော့တယ်

သူငယ်ချင်း အလောင်းကို ထမ်ပြီး ပြန်ခဲ့ရင်း

တောသား အတွေးက

ဪ.... လောက လူသားတွေဟာ

မသေခင် မှာတော့ မာနတွေ တက်နေကြတာ ဂုဏ်တွေ ပြိုင်နေကြတာ

သေသွားပြီ ဆိုရင် ဖိနပ်စုတ် လောက်တောင် တန်ဖိုး မရှိပါလား

ဟုတ်ပါတယ်

မသေခင် မာနတွေ တက် ဘဝင်တွေ မြင့် ဂုဏ်တွေမောက်

သေသွားပြီ ဆိုရင်တော့ ချစ်လှပါပီ ဆိုတဲ့ လင်မယား သမီးသားတွေက

အိမ်မှာ ဘယ်သူမှ ကြာကြာ မထားချင် ကြပါဘူး

အိုးစားတောင် ခွဲလိုက် ကြသေးတယ်

သေရင် တန်ဖိုး မရှိတဲ့ ဒီခန္ဓာကိုယ် ကြီးကို အကုသိုလ်တွေ ယူပြီး မရှာမိစေနဲ့

နေ့စဉ် ကုသိုလ်အရေး တွေ တိုးပွားအောင် အားထုတ် နိုင်ကြပါစေ

ခရစ်ဒက်စ်

You May Also Like

0 comments