တူဝေ တူဝေ

by - December 19, 2019


ရွာတရွာတွင် ...

အပျိုကြီး တယောက် ရှိတယ် ...
တနေ့တော့ သူမဟာ သူ့ဘကြီး တော်တဲ့ ဘုန်းကြီး ကို ဆွမ်းပို့ရင်း လာမေးတယ်

" အရှင် ဘုရား
တပည့်တော် ရွာထဲက မောင်မောင်တာ နဲ့ ယူမလို့
အဲ့ဒါ သင့်မသင့် ကိုယ်တော် နဲ့ လာ တိုင်ပင် တာပါ ...
တပည့်တော်မ မှာလည်း အမျိုး ဆိုတာ  အရှင်ဘုရား ပဲ ရှိလို့ပါ " ပေါ့

ဘုန်းကြီး က ...
ရဟန်းဝတ်နဲ့ မအပ်စပ် လေတော့ ပြောရခက်နေတယ်

ဒါနဲ့ ...

" ဒကာမ ကြီး
အခု ဆွမ်းစား ဖို့ ကြေးနောင် တီးလိုက်မယ်
အဲ့ဒါကို နားထောင်ပြီး နိမိတ် ကောက်ပါ "

ဘုန်းကြီး က ကြေးနောင် တီးလိုက်တယ်

" တူ ... ဝေ "

တူဝေ လို့ မြည်တာ ပေါ့

အပျိုကြီး က လိုရာဆွဲ နိမိတ် ကောက်တယ်
ဒါဟာ
ယူလေ
ယူလေ လို့ ပြောတာ ဖြစ်ရမယ် ....

ဒါနဲ့

ပြန်သွားပြီး သိပ်မကြာဘူး လင်ယူလိုက်ရော

.
.

တလလောက် အကြာ မှာ ပြန်ရောက်လာတယ်

" မောင်မောင်တာ က အရက်သောက် ဖဲရိုက် ကြက်တိုက်နဲ့
ဘာ အလုပ်မှ လဲ မလုပ်
နောက်တယောက် နဲ့လဲ သတင်းတွေ ထွက်နေလို့
တပည့်တော် နေ့တိုင်း မျက်ရည် ကျရတယ်
အဲ့ဒါ ကိုယ်တော် က အကြံပေးလို့ "
ဆိုပြီး ဘုန်းကြီးကို အပြစ်တင်တယ် .....

ဘုန်းကြီး က မေးတယ်
" ဒကာမကြီး ကြေးနောင် သံကို ဘယ်လို အဓိပ္ပါယ် ကောက်သလဲ " .. ဆိုတော့

" တူဝေ တူဝေ ဆိုမှ တော့
ယူလေ ယူလေ ပဲ
ကောက်လို့ ရမှာ ပေါ့ ကိုယ်တော်ရဲ့ " တဲ့

" မဟုတ်ဖူး ဒကာမ ကြီး
တူဝေ တူဝေ ဆိုတာ
လူပေ လူတေ လို့ အဓိပ္ပါယ် ကောက်ခိုင်းတာဟဲ့  "

" ရှင် "

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments