ခိုးစားနေကြတဲ့ လင်မယား

by - December 27, 2019


" ကျနော်တို့ မခိုးရပါဘူး အုပ်ချုပ်ရေးမှူးရယ် .. "

" ဘုရားပေးပေး ကျမ်းပေး ပေးပါ
ကျမတို့ ဒါမျိုး အကျင့်လည်း မရှိရပါဘူးရှင် .. "

" ကဲ .. ဟုတ်ပီ ကိုတင်လှ
ခင်များကြက်ကို သူတို့ လင်မယား ခိုးပါတယ်လို့ စွပ်စွဲရအောင်
ခင်များ က ဘာအထောက်အထား နဲ့ စွပ်စွဲရတာလဲ .. "

" ရှိပါတယ်ဆြာ ..
အင်မတန်ကို ခိုင်လုံ ပါတယ်
ဒီသတင်းက အတွင်းလူယုံကနေ တဆင့် ပေါက်ကြားတာပါ
ထောင်ချောက်ဆင် ဖမ်းတာလည်း မဟုတ်ရပါဘူး .. "

အရေးထဲ ဒင်းက တမှောင့် ချဲ့ကားနေ သေးတယ်

" ကဲပါ လိုရင်းပဲ ပြောဗျာ
ခင်ဗျား ဘယ်လို သိတာလဲ .. "

" အဟမ်း .. ဒီလိုပါ
မနေ့ညက ကျနော့် တိုက်ကြက်ဖကြီး အိပ်တန်း မဝင်တာနဲ့
ကျနော် တညလုံး တိတ်တဆိတ် လိုက်လံပြီး လျို့ဝှက် စုံစမ်း ပါတယ်
ဒါပေမယ့် သတင်း အစအနတောင် မရခဲ့ပါဘူး .. "

" ဒါနဲ့များကွာ .. "

" အဲ ကျနော်စကား မဆုံးသေးပါဘူး ဆြာ "

" ကဲ ပြောဗျာ လိုရင်းကို ပြော .. "

" ဟုတ်ကဲ့ ပြောပါ့မယ်
မနက် မိုးလင်းတော့
ကျနော် အိမ်နီးနား ဝန်းကျင်မှာ စုံစမ်းနေတုန်း
သူတို့ရဲ့သား အငယ်ဆုံးလေးနဲ့ လမ်းမှာ တွေ့တော့
" ဘဘ ဘာတွေ ရှာနေတာလဲ .. " လို့ မေးပါတယ်

ဒါနဲ့ ကျနော်လည်း ညက ကြက်ကို သူခိုး ခိုးစားလို့
လိုက်ရှာနေတာ သားရယ် လို့ ပြောလိုက်တယ် ..
အဲလို ပြောလိုက်တော့ ခလေးမျက်နှာ ပျက်သွား တာကို
ချက်ခြင်း ရိပ်မိလိုက်တယ် ဆြာ ...

ဒါနဲ့ ကျနော်က သားသိရင် ပြောပြပါလား
ဆိုတော့ မပြောဘူးဗျ ...

ဘယ်ရမလဲ ကျနော်က လူပျိုကြီး ဆိုပေမယ့်
ခလေးတွေရဲ့ အထာကို သိပြီးသားလေ ...

အိပ်ကပ်ထဲက တထောင်တန် ထုတ်ပြီး
သားမုန့်ဖိုးယူ .. သားကို ဘဘက ချစ်လို့ ပေးတာ
သားသိရင် ပြောပြပါလား ဆိုတော့မှ
သား သိတော့ မသိဘူး ညက အဖေက အမေ့ကို
ပြောသံတော့ ကြားလိုက်တယ် တဲ့ .. "

" အင်း ဟုတ်ပြီ .. ဒါ သဲလွန်စ ရတာ
ခလေးက ဘယ်လို ကြားတာတဲ့ လဲ .. "

" အဲ .. ဘယ်လိုပြောလဲ ဆိုတော့

အမေကြီးရေ တို့ ဒီည ခလေး အိပ်ရင်
ခိုးစားကြ ရအောင် " .. တဲ့

" ဟေ .. "

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments