တနေ့ ၅ လိပ်ထက် ပိုမသောက်ရ


ဆေးခန်း တစ်ခုသို့

ချောင်း "တဟွတ်ဟွတ်" ဆိုးနေသော

လူနာတစ်ယောက် ဆေးခန်း လာပြသည်

ဆရာဝန်က

စမ်းသပ် စစ်ဆေးပေးပြီး

" ခင်ဗျား - အဆုတ်ရောဂါ ဖြစ်နေတာ

တစ်နေ့ကို ဆေးလိပ် ငါးလိပ် ထက် ပို မသောက်ပါနဲ့ "

လူနာက

" ဟုတ်ကဲ့ပါ ဆရာ "

နောက်တစ်ပတ် ကြာတော့

ထိုလူနာမှာ

ချောင်းကို မရပ်မနား ဆိုးကာ ပြန်ရောက်လာသည်

ဆရာဝန်လည်း လူနာအား စိတ်တိုကာ

" ခင်ဗျား ရောဂါက အခြေအနေ အတော် ဆိုးသွားပြီ

ခင်ဗျားကို ဆေးလိပ် ငါးလိပ် ထက် ပိုမသောက်ဖို့ မှာလိုက်တာ

ခင်ဗျား နားမထောင်ဘူးလား "

ထိုအခါ လူနာက

" နားထောင်ပါတယ် ဆရာ

နား နားထောင်လိ့ုလည်း အခုလို ပိုဆိုးလာတာလို့ ထင်တာပဲ ဆရာ "

" ဘာဗျ-"

" ဟုတ်တယ်လေ -- ကျတော် အရင်က ဆေးလိပ်မှ မသောက်တတ်တာ "

" အမ်"

😂😂😂

လူချွန်တော်

Comments