သူတောင်းစားရဲ့ ဆရာ

by - December 29, 2019


" ဒီမှာ အကိုရီးရယ် .. "

" တနားကြပါ ခင်ညာ စားရမဲ့ သောက်ရမဲ့လေး မို့ သနားကြပါ ခင်ညာ .. "

" ဟျောင့် ဘယ်သူ ပြောနာလဲ "

" အကိုရီးကို ပြောနာလေ
အကိုရီးရဲ့ ဥပဓိရုပ်နဲ့ အပြောအဆိုက လူတွေကို ကြင်နာမယ့်ပုံ ပါပဲ ခင်ညာ .. "

" ငှယ် .. မင်းတော့ လူရွေးတာ မှားသွားပြီ
ငါက ဥပဓိရုပ် ကောင်းပြီး ချောသာ ချောတာ ပိုက်ဆံကျ မရှိဘူးကွ ငိ ငိ .. "

" လောလောဆယ် ငါ့မှာ အလုပ်က မရှိသေးလို့
လက်ဘက်ရည် သောက်ဘို့တောင် အိတ်ထဲ ခြူးတပြားမှ မရှိပါဘူးကွာ ..
ပေးတော့ ပေးချင်ပါတယ် .. "

" ငါ့ရှေ့ အဲသလို လာတောင်းရင် ငါက သိပ်စိတ်ခိုင်တာ မဟုတ်ဘူးကွ ..
( ဟိုတလောကလဲ ငါ့ရှေ့ အဘွားကြီး တယောက် ပိုက်ဆံ လာတောင်းတာ မပေးလိုက်ရလို့ ..
အိမ်ရောက်တော့ စိတ်မကောင်းဖြစ်တာ ထမင်းနှစ်ရက် မစားနိုင်ဘူးဗျ .. ငါ့ အ့သလို .. ) "

" ရပါတယ် အကိုရီးရယ် ..
ပိုက်ဆံ မရှိရင် ချက်လက်မှတ် ထဲမှာ လက်မှတ်လေးသာ ထိုးပေး လိုက်ပါ..
ကျနော့် ဖာ့သာ ကျနော် ဘဏ်မှာ သွားထုတ်လိုက်ပါ့မယ် ခင်ညာ.."

" ဟာ .. ဒိုးခပဲ .. "
တော်တော် အဆင့်မြင့်တဲ့ သူတောင်းစား ဘဏ်မှာတောင် သွားထုတ်ချင် သေးတယ်..

" မင်းက ပြောရင် ယုံမှာ မဟုတ်ဘူး ..
ချက်လက်မှတ် မပြောနဲ့ အပေါင် လက်မှတ်တောင် ငါ့မှာ မရှိဘူးကွ
ယုံချင်ယုံ မယုံချင်နေ .. "

" ဟာ စိတ်ညစ်ပါတယ်ဗျာ ဘယ်လိုလူ ပါလိမ့် ..
သူတောင်းစားထက် တောင် မွဲနေ သေးတယ် ..
စောစော စီးစီး ဈေးဦးလေးများ ပေါက်မလားလို့
အခုတော့ ဈေးဦး လန်ဘာပြီ ..
သွားတော့မယ်ဗျာ ဒါပဲ .. "

" ဟေ့ .. နေအူး..
မင်း တကယ်ဈေးဦး မပေါက်သေး တာလား ..? "

" ဟုသယ်ဗျ .. ဒီမှာ ဘာမှ စားရသေးတာ မဟုတ်ဘူး ..
မရှိဘူးဆိုလဲ နေပါစေဗျာ .. တခြား တယောက်စီ သွားတောင်း တော့မယ် "

" ဟာ .. အကောင်း ပြောနေတာ ..
ဟိုရှေ့မှာ တွေ့လား စားသောက်ဆိုင် .. "

" အင်း တွေ့သယ်လေ ..
ကျုပ်က လက်သာ ကျိုးတာ မျက်စိ မြင်ပါတယ်ဗျ .. "

" အေး အ့ဆိုပြီးရော .. "
ဒီလိုလုပ် ငါပြောတဲ့အတိုင်း တော့ လုပ်နော် .. "

" ဟုတ်ကဲ့ .. "

" ဒီမှာ ဒီနားတိုး .. တွေ့လား ရှေ့က စားသောက်ဆိုင်ထဲကို ဝင် ..
ပြီးရင် အခြေအနေကြည့် .. "

" စားနေတဲ့ စားပွဲဝိုင်းမှာ ..
ကောင်လေးနဲ့ ကောင်မလေး စားနေတဲ့ ဝိုင်း ကိုရှာ .
ရှင်းရှင်း ပြောရရင် ချစ်သူဖြစ်ကာစ အတွဲဆို မင်းအတွက် ပိုအဆင်ပြေမယ် .. ထိရောက်မယ် .. "

" အေး ..
အ့သလို တွေ့ပြီ ဆိုရင် မင်းက မျက်နှာငယ်လေးနဲ့ ဝင်သွား ..
ပြီးရင် သူတောင်းစားတို့ တတ်အပ်တဲ့ အတတ် ပညာတွေနဲ့ လှူချင်လာအောင် .. ပေးချင်လာအောင် .. "

" အကိုရီးရယ် ထမင်းမစားရသေးလို့ ထမင်းဘိုးလေး သနားကြပါ ခင်ညာ ..
အကိုလေးနဲ့ အမလေး ကြည့်ရတာ အရမ်း ချစ်ကြတဲ့ ပုံပါပဲ ..
လိုက်ဖက်တဲ့ အတွဲ နေနဲ့လ ရွှေနဲ့မြ ဆိုသလို လိုက်ဖက်ချက်
ရုပ်ရည် ရူပကာကလဲ ပြောရက်စရာမရှိ .. အားကျမိ ပါသည် .. "

" နောက်ပြီး စေတနာ သဒ္ဒါတရား ကလဲ ထက်သန်မယ့်ပုံ ပါပဲ .. လို့ မြှောက်ပြော ကြားလား ... "

" အ့သလို ဆိုရင် ကောင်လေးကော ..
ကောင်မလေး ကော ပေးကြမှာ သေချာတယ် ..
ဒါပေမယ့် မင်းစေတနာ ရှိလို့တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ..
တယောက်နဲ့ တယောက် မပေးဘဲ နေရင်
စောနမင်း ပြောထားတဲ့ စကားက ပြောင်းပြန် အဓိပ္ပါယ် သကက်ရောက်သွား လိမ့်မယ် ..
ကိုယ့်ချစ်သူရှေ့တော့ ဘယ်သူမှ အရှက်ကွဲ ခံမှာ မဟုတ်ဘူးဗျ ( ကိုယ်တွေ့ ကိုယ်တွေ့ ကြားလား ) "

" ဟုတ်ကဲ့ .. "

" အေး .. တခုတော့ သတိထား .. အတွဲ ဆိုတိုင်းလဲ စွတ်မတောင်းနဲ့ ..
တော်ကြာ သူတို့ချင်း အဆင်မပြေတဲ့ အချိန် သွားတောင်းမိလို့ ..
စားရင်း တန်းလန်း လက်ထဲက ခက်ရင်းနဲ့ ပစ်လိုက်လို့
ခေါင်းစိုက် နေရင်တော့ ငါနဲ့ မဆိုင် .. ကြားလား .. "

" အင်း အကိုရီး ပြောတဲ့ အကြံ မိုက်သယ် မဆိုးဘူး ..
ကျုပ်သွားပြီး ကြိုးစားကြည့် မယ်ဗျာ .. "

" အေး အေး .. ငါဒီနားက စောင့်နေမယ် .. "

" အင်း ဟုတ်ကဲ့ " ဆိုပြီး သူတောင်းစား ကောင်လေးတော့ ဝင်သွားလေ ရော ..

မကြာပါဘူး ၁၀ မိနစ် လောက် နေတော့
ငါးထောင်တန်လေး နှစ်ရွက် ကိုင်ပြီး ထွက်လာလေရဲ့ ..

ကျုပ်ကို မြင်တော့ အားရဝမ်းသာနဲ့ ..
လက်မလေး ထောင်ပြီး
" အကိုရီး ပေးတဲ့ အကြံ မဆိုးဘူးဗျ .. "

" ပထမ ကောင်မလေးက အရင် စ ပေးတာဗျ ..
ကောင်လေးက သူ့ကောင်မလေး ပေးတော့ သူကလဲ
တထောင်တန်လေး တရွက် ထုတ်ပြီး ပေးမယ် လုပ်တော့
ကျုပ်က ကောင်မလေးကို မေးထိုးပြ လိုက်တာပေါ့ ..
( သဘောက ကောင်မလေးကတောင် ငါးထောင် ပေးတာ မင်းက ကတ်စီး ကုတ်လှချည်လား ဆိုတဲ့ သဘောပေါ့ဗျ )
အ့မှာပဲ သူက ရှက်ပြီး သူ့ကောင်မလေး ပေးသလောက် ပေးလိုက်တာဗျ ..
သိပ်တော့ စေတနာရှိပုံ မပေါ်ဘူး .. "

" အေးဘာ..
ထားလိုက်ပါတော့ စေတနာရှိလို့ပဲ ရရ .. စေတနာ မရှိလို့ပဲ ရရ..
မင်းအဆင်ပြေရင် ပြီးတာပဲ .. ငါတော့ သွားပြီ " ဆိုပြီး ... ကားပေါ်တက်မယ် အလုပ်

" နေပါအူးဗျ လက်ဘက်ရည် တိုက်ပါရစေ "

" နေပါစေကွာ...
မင်းတို့လို သူများ ပေးမှ ကမ်းမှ စားရတဲ့ သူတောင်းစား ဆီက ပိုက်ဆံနဲ့ ငါက သောက်ရက်ပါ့ မလား
လို့ ပြောမယ် အလုပ်
သောက်ခတွင်းတွေက မတရား ချဉ်လာလို့ ..

" မင်း ဆေးလိပ်ပါ တိုက်ရမှာနော် ကြားလား .. "
လို့ ပြောလိုက်တော့ ခေါင်းငြိမ့်ပြလို့ အဲဒါ လိုက်သောက်ခဲ့လိုက် တယ်ဗျ ဒါပဲ
😂😂😂

😁😁😁
အန့်အောလို့မဆုံးဘူးးး
ဘူးသီးးး
LinTunZaw

You May Also Like

0 comments