ဒေါက်ဖိနပ်လေး တဖက်

by - December 19, 2019


မနေ့ညက ...
ကုမ္ပဏီ နှစ်ပတ်လည် ညစာစားပွဲ တက်ရတယ် ။
ကျနော့်တပည့် အင်ဂျင်နီယာ ကောင်မလေး တယောက်ဟာ ကောက်တေးတွေ သောက်ပြီး တော်တော်လေး မူးနေတယ်။

ပြန်မယ် လုပ်တော့ သူ့ဆိုင်ကယ်ကို မတ်မတ်ထောင်ဖို့ မပြောနဲ့ သူ့ကိုယ် သူတောင် မတ်မတ် မရပ်နိုင်ဘူး ။

ဒါနဲ့ ...
ကျနော်ပဲ သူ့ကို တွဲခေါ်၊ ကားနောက်ခန်းက ခုံမှာ လှဲသိပ်ပြီး သူငှါးနေတဲ့ အိမ်ကို အရောက် ပြန်ပို့ပေးခဲ့ ရတယ် ။

ကျနော် အိမ်ပြန် နောက်ကျလို့ စိတ်ပူပြီး မအိပ်ဘဲ စောင့်နေတဲ့ အိမ်သူ သက်ထားကို ဒီအကြောင်းတွေ ပြောပြ မနေတော့ဘူးလေ ။

ဘာမှ မရိုးမသားလည်း လုပ်တာ မဟုတ်တော့ သူ့ပြောနေလည်း စိတ်အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါ ။
.
.
ဒီနေ့ညနေ ရုံးဆင်းတော့ ...
အမျိုးသမီးက ရုပ်ရှင် လိုက်ပြဖို့ ပူဆာတယ် ။
ဒါနဲ့ ရုပ်ရှင်ရုံကို သွားကြတာပေါ့ ။
ကားကို သမီးကြီးက မောင်းပြီး ၊ ကျနော်တို့ လင်မယားက နောက်ခန်းက ထိုင်လိုက်လာ ခဲ့တယ် ။

မြတ်စွာဘုရား ...
ဒရိုင်ဘာထိုင်ခုံနောက် ၊ နောက်ခန်း ခြေချတဲ့ နေရာ မှာ ဒေါက်ဖိနပ် တဖက် ပါလား ... ။
မနေ့ညက ဟိုသူငယ်မ မူးမူးနဲ့ ကျန်ခဲ့တာ နေမှာ ။
မိန်းမ မြင်သွားလို့ ကတော့ တောက်ကျိုး နည်းပြီ ။

ဒါနဲ့ ...
မိန်းမ မမြင်ခင် အဲ့ဖိနပ်ကို ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဘက်ကို အသာ ဆွဲယူလိုက်တယ် ။
ပြီးတော့ ...
မိန်းမကို သူ့ဖက် ကားပြူတင်းပေါက် ကနေ အပြင်ဖက်ကို လက်ညိုး ထိုးပြရင်း မေးလိုက်တယ် ... ....
" ဟို ဆိုင်က ဖွင့်တာ ကြာပြီလား နန်းခင် ''

" ဘယ်ဆိုင်လဲ ''
" ဟိုမှာလေ ... ဟော့ပေါ့ဆိုင် ''

" အော် ... မကြာသေးဘူး ကိုကိုရဲ့ ''
" အော် ... အော် ... ''

သူ အဲ့ဖက်ကို အာရုံ ရောက်နေတုန်း ကိုယ်က ခုန ဒေါက်ဖိနပ်ကို အသာ ကောက်ပြီး၊ ကိုယ့်ဖက်ကားပြူတင်းကနေ အပြင်ကို အသာ ပစ်ချခဲ့တယ် ။
ပြီးတာနဲ့ ခပ်တည်တည် ထိုင်နေ လိုက်တယ် ။

ဟူး...
တော်သေး ... ခုမှ စိတ်ထဲ ပေါ့သွားတယ် ။
ငါ လျင်လု့ိ၊ ငါ လည်လို့ ပါလား
နို့မို့ ... ဘာမဟုတ်တာလေးနဲ့ မိန်းမကို သင်္ကာ ရှင်းနေရမှ ာ။

ဒီလိုနဲ့ ရုပ်ရှင်ရုံရှေ့ ရောက်တော့ ဆင်းကြတယ် ။
ကိုယ်က အောက်ရောက်နေပြီ
မိန်းမက ဆင်းမလာသေးလို့ ခဏစောင့်နေတုန်း သူက လှမ်းမေးတယ် ... ...

" ကိုကိုရေ ... နန်းခင့်ဖိနပ်တစ်ဖက် တွေ့မိသေးလား ''

" တိန် "
.
.
😁😁😁
သန်၄ကို - ရမ်းဘာသာပြန်သည်။

You May Also Like

0 comments