ထောင်ချပစ်မယ်

by - December 07, 2019


မြို့နယ် တရားရုံးတွင် အမှုတခုကို စစ်ဆေးနေသည် ။

ရှေ့နေက သက်သေ အဘွားကြီးကို မေးသည် ။

" ဒေါ်လေး ကျွန်တော့်ကို သိပါသလား "

" သိတာပေါ့အေ ...
ဘောင်းဘီ မပါဘဲ ပြေးဆော့ ကစားတဲ့ အရွယ် ကတည်းက သိခဲ့တာပဲ ...
ရှင့်ကို ... သေးစိုလို့ အနှီး လဲပေးခဲ့ရ တာတောင် မှတ်မိနေတယ် ...
တကယ်တန်း ပြောရရင် ရှင့်ကို ကြည့်ပြီး ကျွန်မ အကြီးအကျယ် စိတ်ပျက် မိတယ် ...
ရှင်ဟာ ... အမြဲတန်း မုသား ပြောတယ် ...
မယားငယ် ထားပြီး မယားကြီးကို နိုပ်စက်တယ် ...
လူတွေကို အထက်စီးက ဆက်ဆံတယ် ...
ကိုယ့်ကိုယ်ကို ငါမှ ငါ ဆိုပြီး လက်မ ထောင်တယ် ...
တကယ့် တကယ် မှာတော့ ရှင်ဟာ ဒုတိယတန်းစား ရှေ့နေမျှသာ ပဲရှင့် ...
ကိုင် း... အခု ကျွန်မ ပြောတာကို ထောက်ခြင်းအားဖြင့် ကျွန်မ ရှင့်ကို ကောင်းကောင်း သိတယ် ဆိုတာ ပေါ်လွင်ပါတယ်နော် "

ရှေ့နေကြီး မမျှော်လင့်တာ ကြားရသဖြင့် ဘာလုပ်ရမှန်း မသိဖြစ်သွားသည် ။
သို့နှင့် တဖက် အမှုသည်၏ ရှေ့နေကို လက်ညှိုးညွှန်ကာ မေးလိုက်သည် ။

" ဒေါ်လေး တဖက်က ရှေ့နေကိုရော ... သိပါသလား "

" သူ့လည်း ကျွန်မ သိပါတယ်ရှင် ...
ရှင့်လိုပဲ ငယ်ငယ်တုန်းက သူ့ကို ထိန်းခဲ့ အနှီး လဲပေးခဲ့ရပါ သတော် ...
အဲ ... သူနဲ့ ပတ်သက်လို့လည်း အများကြီး စိတ်ပျက်မိ ပါရဲ့ အပျင်း အင်မတန် ထူတာကလား ...
ဝက်တကောင်လို စက်ဆုတ် ရွံရှာစရာ ကောင်းအောင် အရက် သောက်တဲ့လူ ...
မိန်းမ အတည်တကျ မယူဘဲ အလေလိုက် နေတဲ့လူ ...
သူ့ရုံးခန်း ကလည်း စုတ်ချာ လိုက်တာ လွန်ရော ...
သူ့ကို အမှုအပ် တဲ့သူ ခပ်ရှားရှားရယ် ...
အဲ ... အခု သူ လူလို သူလို နေနိုင်တာက တဖက်က မှောင်ခို လုပ်နေလို့ရှင့် ...
ကိုင်း ... သူ့ကိုလည်း ကျွန်မ ကောင်းကောင်း သိတယ် ဆိုတာ ပေါ်လွင်ပါတယ်နော် "

ရုံးခန်းထဲ ရောက်နေသူ အားလုံး လှုပ်လှုပ် ရှားရှား ဖြစ်သွားကြသည် ။
အချင်းချင်း တီးတိုး ပြောကြသည် ။

တရားသူကြီးသည် နှစ်ဖက်ရှေ့နေများကို မိမိဆီ ချက်ချင်း လာရန် အရိပ် ပြလိုက်သည် ။
ရှေ့နေ နှစ်ယောက် ရောက်လာသော အခါ မာကျော ခက်ထန်သော လေသံနှင့် ၎င်းတို့ ကြားလောက်ရုံ ပြောသည် ။

" ခင်ဗျားတို့ အထဲက တယောက်ယောက်ကများ ခုသက်သေကို တရားသူကြီးကိုရော သိပါသလား လို့ မေးရဲရင်မေးကြည့် ... ရုံးတော်ကို မထေမဲ့မြင် လုပ်မှုနဲ့ မေးတဲ့ လူကို ငါးမိနစ် အတွင်း ထောင်ချ ပစ်မယ် နားလည်လား "

Oာိန်

😁😁😁
Htoo Htoo

You May Also Like

0 comments