မတိုက်ရဲဘူး

by - December 11, 2019


" တပ်သား စောက်ကြောတင်း .. "

" ရှိဗိုလ်ကြီး .. "

" အခု ငါတို့ သွားတိုက်ရမှာ ဘယ်သူတွေလဲ သိလား .. "

" မသိပါဘူးဗိုလ်ကြီး .. "

" ဟမ် .. အခု ငါတို့ သွားတိုက်ရမှာ Facebook မှာ အရမ်းဆဲတဲ့ မြန်မာနိုင်ငံပဲ .. "

" ဘာ "

" ဘာဖြစ်တာလဲ ရဲဘော် .. "

" ကျွန်တော် မလိုက်နိုင်ဘူး ဗိုလ်ကြီး .. "

" ဟမ် .. ဘာလို့လားကွ .. "

" ဗိုလ်ကြီး မြန်မာကားတွေ မကြည့်ဖူးဘူးလား .. "

" မကြည့်ဖူးဘူးလေ ဘာလို့လဲ ... "

" အာ့မြန်မာကားတွေ အထဲမှာဆို

မင်းသားက လူဆိုး ၇ ယောက်လောက်နဲ့ ချတာ သူ့ တချက်မှ မထိဖူး ဗိုလ်ကြီး .. "

" ဟမ် .. "

" ပြီးတော့ မြန်မာ တော်လှန်ရေးကားတွေ ကြည့်ဖူးလား .. "

" မကြည့်ဖူးဘူးလေ ... ဘာလို့လဲ .. "

" အာ့မှာဆို မြန်မာ တော်လှန်ရေးသမား ၁၅ ယောက်လောက်က ဂျပန် စစ်တပ်ကြီးကို ချေမှုန်းတာ ဗိုလ်ကြီး မသိဖူးလား .. "

" ဟမ် .. "

" ဟုတ်တယ် ဗိုလ်ကြီး .. "

" အာ့ဘာဖြစ်လဲ .. သွားတိုက်ရမှာက သွားတိုက်ရမှာပဲ ရဲဘော် .. "

" အာ့မြန်မာကားတွေ အသာထား ဗိုလ်ကြီး ..
အာ့ မြန်မာလူမျိုးတွေကို ကျွန်တော် ကြောက်တယ် ဗိုလ်ကြီး .. "

" ဟမ် ဘာဖြစ်လို့လဲ ရဲဘော် .. "

" ဗိုလ်ကြီး Facebook Friend ထဲမှာ မြန်မာတွေ မရှိဖူးလား ဗိုလ်ကြီး .. "

" ဟေ့အေး မရှိဘူး ဘာလို့လဲ .. "

" သူတို့က Facebook မှာ အရမ်းဆဲတာ ဗိုလ်ကြီး .. "

" ဟမ် ... "

" မျက်နာမှာ အဝတ်အုပ်ထားတဲ့ လူတွေဆို ပိုဆိုးတယ် ဗိုလ်ကြီး ... "

" ဟမ် .. သူတို့က မျက်နာမှာ အဝတ်အုပ်ပြီး ဘာလုပ်တာလဲကွ .. "

" မသိပါဘူး ဗိုလ်ကြီး .. သူတို့ကိုသူတို့ ဟက်ကာ လို့တော့ ပြောတာပဲ ဗိုလ်ကြီး .. "

" ဟမ် .. "

" ဟုတ်တယ် ဗိုလ်ကြီး .. ပြီးတော့ မြန်မာနိုင်ငံက YBS ဆိုတဲ့ ကားတွေ အကြောင်းကို ဗိုလ်ကြီး သိလား .. "

" ဘယ်သိမလဲ ဘာလို့လဲ .. "

" သူတို့က ဘုရားတောင် ကြောက်ကြတဲ့ လူတွေ မဟုတ်ဘူး ဗိုလ်ကြီး ... "

" ဘာ...."

" ဟုတ်တယ် ဗိုလ်ကြီး .. ပြီးရင် သူတို့ကားနဲ့ တိုက်ပြီး သေတဲ့လူလည်း မနည်းဘူး ဗိုလ်ကြီး ..
ကျွန်တော်တို့ စစ်ချီတဲ့ တပ်ရင်းငယ် တခုလောက်ဆို အသာလေး တိုက်ချသွားမှာ .. "

" ဟမ် .. "

" ဟုတ်တယ် ဗိုလ်ကြီး .. ပြီးရင် မြန်မာနိုင်ငံကို ရောက်ရင် စစ်ကားတွေ သုံးလို့ရမှာ မဟုတ်ဘူး ဗိုလ်ကြီး .. "

" ဟမ် .. ဘာလို့လား .. "

" မြန်မာနိုင်ငံက ကားတွေနဲ့ မြန်မာနိုင်ငံက လမ်းနဲ့တောင် ဒီလောက် ကြပ်နေကြတာ
ကျွန်နော်တို့ စစ်ကား ဘယ်လိုဝင်မလဲ .. "

" ဟမ် ဒါလည်း ဟုတ်တာပဲဟ .. "

" ပြီးရင် မြန်မာနိုင်ငံက လမ်းတွေကလည်း ကားအောက်ပိုင်း အတော်လေး ကောင်းတဲ့ ကားတွေမှ မောင်းလို့ရတာပါ ဗိုလ်ကြီး .. ချိုင့်ခွက်တွေ ချည်းပဲ ဗိုလ်ကြီး .. "

" ဟမ် ... "

" ပြီးရင် မြန်မာနိုင်ငံကို သွားတိုက်ရင် ဒီမှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ပါ အဆက်အသွယ် ပြတ်သွားလိမ့်မယ် ဗိုလ်ကြီး.."

" ဘာလို့လဲကွ .. "

" သူတို့ နိုင်ငံမှာ မီးက ပုံမှန်လာတာ မဟုတ်ဘူး ဗိုလ်ကြီး ..
ကျွန်တော်တို့ ဖုန်းတွေသာ အားကုန် သွားရင် ဒီက မိသားစုနဲ့က အဆက်အသွယ် ပြတ်သွားနိုင်ပါတယ် ဗိုလ်ကြီး .. "

" ဟာ .. "

" ဟုတ်တယ် ဗိုလ်ကြီး .. အာ့ကြောင့်မို့ မြန်မာနိုင်ငံကို စစ်သွားတိုက်ရင် ကျွန်နော် မလိုက်ပါရစေနဲ့ ... "

" ငါနားလည်ပါပြီ ရဲဘော် .. ဒီလောက် တောင့်တင်း ခိုင်မာပြီး .. အန္တရာယ်များတဲ့ မြန်မာနိုင်ငံကြီးကို ငါတို့လည်း စစ်မချီ တက်တော့ ပါဘူးကွာ .. "

သင်သိပါသလား ..
အဲ့လို အကြောင်းတွေ ကြောင့် မြန်မာနိုင်ငံကို ဘယ်နိုင်ငံကမှ စစ်မချီတက်ရဲဘူး ဆိုတာကို ..

😁😁😁
ကွီးစောက်ကြောတင်းအော်ဖစ်ရှယ်
(Just a funny)

You May Also Like

0 comments