ခြာလပတ်ရမ်းနေတယ်

by - December 02, 2019


လူတယောက်
လေပူပေါင်းကြီး စီးပြီး ကောင်းကင်ထဲ ပျံနေရာ ကနေ
ဘယ်ရောက်နေမှန်း မသိတော့တာနဲ့ လေလျှော့ ၊ အောက်ကို ဆင်းဖို့ လုပ်နေချိန်မှာ
အမျိုးသမီး တယောက်ကို လှမ်းတွေ့လိုက်ရ သတဲ့ ။

ဒါနဲ့ …
' အမ ၊ အခု ကျနော် ဘယ်နေရာ ရောက်နေတယ် ဆိုတာ ပြောပြနိုင် မလား
ကျနော့် မိတ်ဆွေ တယောက်နဲ့ တနာရီ အတွင်း တွေ့ဖို့ ကတိပေးထား တာလည်း ရှိနေလို့
ပြောပြပေး ပါလား '

' ရှင် အခု ရောက်နေတာက လေပူပေါင်းကြီး ပေါ်မှာပါ
မြေပြင်ကနေ ကိုက် ၂၀ လောက် မြင့်တယ်
လတ္တီကျု ၄၀ / ၄၁ ကြား ၊ လောင်ဂျီကျု ၅၄ / ၅၅ ကြားမှာ ရှိနေပါတယ် '

လို့ အမျိုးသမီးက လှမ်းဖြေတယ် ။

' အမက အင်ဂျင်နီယာ ဖြစ်ရမယ် '

' ဟုတ်ပါတယ် ...
ဒါနဲ့ ရှင်က ဘာလို့ ဒီလို ပြောနိုင်ရတာလဲ '

' အမ ဖြေပုံက နည်းပညာ အားဖြင့် အမှားအယွင်း မရှိ ကွက်တိပဲ
ဒါပေမဲ့ ကျနော့်အတွက် ဘာမှ အသုံးမကျဘူး ဖြစ်နေတယ် '

ထိုအခါ အမျိုးသမီးကလည်း ...

' ရှင်ကလည်း အစိုးရအဖွဲ့ထဲ က ရာထူးကြီးကြီး ရထားတဲ့လူ ဖြစ်ရမယ် '

' မှန်ပါတယ် ... ဒါနဲ့ အမက ဘာလို့ ဒီလို ပြောနိုင်ရတာလဲ '

' ဒါက လွယ်ပါတယ်
တစ် ... ရှင်က ကိုယ်ဘယ်နေရာကို ရောက်နေတယ် ၊ ဘယ်ကို ဦးတည်နေတယ် ဆိုတာကို မသိဘူး
တကယ်က ရှင် ဘယ်မှ မရောက်သေးဘူး ... လေပူပေါင်းကြီး အရှိန်နဲ့သာ အထက်နည်းနည်း မြင့်တဲ့ နေရာ ရောက်နေတာ ...

နှစ် ... ဘယ်လို တည်ရမှန်း မသိတဲ့ ကတိတခုကို အလွယ်တကူ ပေးခဲ့တယ် ...

သုံး ... ရှင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင့်အောက်က လူတွေ ဖြေရှင်းပေးလိမ့်မယ် လို့ ရှင်က ယုံကြည်နေတယ် ...

တကယ်တော့ ရှင် ဘယ်မှ မရောက်သေးဘူး ...
ဒီနားမှာပဲ ခြာလပတ် ယမ်းနေတာ ' တဲ့ ။

😁😁😁
CiTtara
ခ်ခ် ။ The world joke book နော် ။

You May Also Like

0 comments