ဒါကြောင့် ချမ်းသာတာကိုး

by - December 29, 2019


တနေ့မှာ လူတယောက်ဟာ နယူးယောက်မြို့က ဘဏ်တခုထဲကို ဝင်လာပြီး ဘဏ်မန်နေဂျာကို ခရီးသွားဖို့ အရေးတကြီး ငွေလိုနေလို့ ဒေါ်လာ ၅၀၀၀ ကို နှစ်ပတ်လောက် ချေးချင်တယ် လို့ ပြောလိုက်တယ် ။

မန်နေဂျာက သူ့ကို သူတို့ဘဏ်မှာ ငွေစာရင်း မဖွင့်ထားလို့ ငွေချေး ချင်ရင် အပေါင်ပစ္စည်း ထားဖို့ လိုတယ်လို့ ပြောလိုက်တယ် ။

အဲဒီလူက ဘဏ်ရှေ့မှ ာရပ်ထားတဲ့ သူစီးလာတဲ့ ဖယ်ရာရီ ပြိုင်ကား အနီလေးကို လက်ညိုး ထိုးပြပြီး သူက မန်နေဂျာကို ပြောလိုက်တယ် ။ " အဲဒါ ငါ့ကားပဲ ။ အဲဒီကားကို ငါ အပေါင် ထားခဲ့မယ် ။ ကားကို မထိခိုက်အောင်တော့ ဂရုစိုက်ပေါ့ကွာ ။ ရော့ ဒီမှာ၊ ကားသော့ ယူထားပါ "

ဖယ်ရာရီ ကားတစီးရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ တသိန်းလောက် တန်တာမို့ ဘဏ်မန်နေဂျာလည်း ကျေကျေနပ်နပ် နဲ့ သူ့ကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေး လိုက်တယ် ။

အဲဒီလူဟာ သူ့ကားကို ဘဏ်မှ ာထားခဲ့ပြီး တခြားမြို့ကို လေယဉ်နဲ့ ခရီးထွက်သွားတယ် ။ နှစ်ပတ်အကြာမှာ နယူးယောက်မြို့ကို ပြန်ရောက်လာတယ် ။ သူ ဘဏ်ကို ရောက်လာပြီး ချေးငွေ ဒေါ်လာ ၅၀၀၀ ကို ပြန်လာဆပ်တယ် ။ နှစ်ပတ်စာ အတိုးအတွက် ဒေါ်လာ ၂၀ ပေးလိုက်တယ် ။

ဘဏ်မန်နေဂျာက သူ့ကို သူ့ဖယ်ရာရီ ကားသော့ကို ပြန်ပေးရင်း ခုလို မေးလိုက်ပါတယ် ။

" ဆရာခင်ဗျား ... ဆရာ ထွက်သွားပြီးတော့ ကျွန်တော်တို့ ဘဏ်က ဆရာ့အကြောင်းကို စုံစမ်း ကြည့်တယ် ။ ဆရာဟာ မီလျံနာ သူဌေးတယောက် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ် ။

ဆရာဟာ ချမ်းသာသူ တယောက် ဖြစ်နေလျက်နဲ့ ကျွန်တော်တို့ ဆီက ဒေါ်လာ ၅၀၀၀ ချေးရတာလဲ ဆိုတာကို ကျွန်တော် သိချင်လို့ ပြောပြနိုင်ရင် ပြောပြပေး ပါလား "

ဖယ်ရာရီ ကားပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ် ။

" ဒေါ်လာ ၂၀ နဲ့ နှစ်ပတ်ကြာအောင် ငါ့ကားကို စိတ်ချ လက်ချ ပါကင် ထိုးလို့ရတာ ဘယ်မှ ာရှိလဲကွ " တဲ့ ။

သူ ပိုက်ဆံကုန် သက်သာအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိလို့ ချမ်းသာနေတာကိုး ။

ခရစ်ဒက်စ်

You May Also Like

0 comments