ဆရာကို အာခံသောတပည့်


တခါက နွားကျောင်းသား လူ ဆင်းရဲလေး တစ်ယောက် ရှိခဲ့ ဖူးလေသည် ။ တစ်နေ့တာအား မြက်ခင်း ပြင်တွင် နွားကျောင်း ရင်း အချိန် ကုန်စေ၏ ။

တစ်နေ့၌ ငါး အရှင်အား မြှောက်လိုက် ဖမ်း လိုက် အကြိမ်ကြိမ် လုပ်နေသော ဗျိုင်းကို မြင်၍ အတု ယူမည် ကြံကာ ထို့သို့ ကျင့်လေ တော့၏ ။

အစ၌ တုတ်ချောင်း သစ်ကိုင်း ခြောက်လေး များကို ပစ်၍ ဖမ်း၏ ...

တဖြည်းဖြည်းနှင့် သံချောင်း ... သံတိုင်များကို ဖမ်းနိုင် ပြီး နောက်ဆုံးတွင် လှံကို ပါးစပ်တွင် ကိုက်ကာ ... အပေါ် မြှောက်၍ ဖမ်းပြ နိုင်သည် အထိ ... ကျွမ်းကျင် လာလေ တော့သည် ။

ထိုသတင်းကား ... ဘုရင့် ရွှေနားတော် သို့ပေါက်ကြား လေ သဖြင့် နန်းတွင်း ပွဲတော် တစ်ခုတွင် ပြသ အသုံးတော် ခံရန် ဆင့်ခေါ်ခြင်း ခံရ လေတော့ သည် ။

"အမောင် ... သင် လုပ်နိုင်တာ သေချာ ရဲ့လား "

"မှန်လှပါ လုပ်နိုင် ကြောင်းပါ ... "

နွားကျောင်းသားလည်း သူ့ပညာကို သေသပ် ပိရိစွာ ပြနိုင်ခဲ့ သဖြင့် ဘုရင့် ထံမှ ဆုတော်များ တဖွဲဖွဲ ရနေ တော့၏ ။

ဘုရင့်၌ သိလိုသော ဆန္ဒ ပေါ်ပေါက် လာ၍ နွားကျောင်းသား အား ဤသို့ မေး၏

"အမောင် ... ဒီပညာကို ဘယ်က သင်ယူခဲ့ သလဲ "

နွားကျောင်းသား ကား ... ဗျိုင်းကို ဆရာဟု ပြောရ မည်ကို ရှက်လေ သဖြင့့် ...

"အရှင် ... အကျွန်ုပ်၌ ဆရာ မရှိပါ ...

ကိုယ်တိုင် လေ့ကျင့် ခဲ့ပါ၏ "

"ဒီကောင် ဆရာကို အာခံ နေပြီ ... "

"ဒီကောင် ကံကြီး ထိုက်လိမ့် မယ် "

"သူတော့ သွားပြီ ... "

နံဘေးမှ အဖြစ်မှန် သိသူ တို့က ဝေဖန်ကြ၏

ထို့နောက် ဘုရင်၏ အမိန့်တော်ဖြင့် နောက်ဆုံး တစ်ကြိမ် လှံကို ကိုက်၍ ပစ်ကာ ပြန် ဖမ်းပြ လိုက်တော့သည် ။

ထို့နောက် ရရှိသော ဆုတော် လာဘ်တော်များကို ပိုက်ကာ ... ပြုံးပြုံးကြီး ပြန် ထွက်လာ လေတော့သည် ။

တံခါးဝ အရောက်၌ ... တစ်ခုခု အား သတိရ ဟန်ဖြင့် လှည့်ကာ စကား တစ်ခွန်း ပြောသွား လေသည်။

"ဘာလဲ လှံချော်ပြီး ပါးစပ်ထဲ စိုက်ပြီး သေမယ် ထင်နေ တာလား

ဘယ်တော့မှ ဒီလို မဖြစ်ဘူး ...

ကျုပ်က ငယ်ငယ် ကတည်းက ဆစ်ဂနယ် ကပ်ဗတီ ဖိုက်တာ နဲ့ သွားတိုက် တာဗျ ... " တဲ့

ကိုင်း 😜

😁😁😁

ကိုငြိမ်းမောင်

Comments