အရွယ်က စကားပြောတယ်

by - December 20, 2019


တောလမ်း ခရီး တခုမှာ လူငယ်တဦး နဲ့ အဖိုးအိုတဦး တွေ့ကြတယ် .. ။

" အဘ ဘယ်သွားမလို့လဲ "

" ဟိုဘက်ရွာ "

" ဒါဆို အတူတူ သွားကြတာပေါ့ "

" အေး "

" ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ ? "

" အငြိမ့်ပွဲ ကမယ် ပြောလို့ သွားကြည့်တာ "

" ဟင် ... ကျွန်တော်သာ အဘအရွယ်ဆို အငြိမ့် မကြည့်တော့ဘူး "

အဖိုးအိုက ဘာမှ ပြန်မပြောဘူး ။

ခဏနေတော့ အဖိုးအိုက ပုလင်း တလုံး ထုတ်ပြီး မော့သောက်တယ် ။

" ဘာတွေလဲ အဘ ? "

" အရက် "

" ဟင် ... ကျွန်တော်သာ အဘအရွယ်ဆို အရက် မသောက်တော့ဘူး "

အဖိုးအိုက ဘာမှပြန်မပြောဘူး ။

ခဏနေတော့ အပင် တပင် အောက်မှာ ခရီးတထောက် နားကြတယ် ။

လူငယ်က အပင်ပေါ် မော့ကြည့်ပြီး ပြောတယ် ... ။

" ဟာ အဘ ၊ သရက်သီးတွေ ဗျ "

" ဟုတ်တယ် ၊ ဒီအပင်က အသီးက တော်တော် ကောင်းတာ ၊
ငါတို့ ငယ်ငယ်က ခူးစားနေကြကွ "

" စားချင်တယ်ဗျာ"

" ငါသာ မင်းအရွယ်ဆို အပင်ပေါ်တက်ခူးတယ်" ဆိုတော့

လူငယ်လဲ မခံချင် ဖြစ်ပြီး အပင်ပေါ် တက်ခူး ပါလေရော ...
ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး ... ။

" အဘ လုပ်ပါအုံး ၊ ဒီ ဂွကြားကနေ ဆက် မဆင်းတတ် တော့ဘူး "

" ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ် "

ဒါနဲ့ အဟုတ် မှတ်ပြီး ခုန်ချလိုက်တာ
ခြေထောက် နှစ်ချောင်း သွင်သွင် ကျိုးပါလေရော... ။

" အား ... ကျိုးပြီ အဘရေ "

" ကျိုးမှာပေါ့ ဒီလောက် အမြင့်ကြီးက ခုန်ချတာ "

" ဗျာ ... ခုနပြောတော့ ကျနော့ အရွယ်သာဆို အဘ ခုန်ချတယ် ဆို "

" အေးလေ ... ငါ မင်းတို့ အရွယ် တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ "

" ဂျာ ... "

😁😁😁
သန်၄ကို - ဘာသာပြန်သည်

You May Also Like

0 comments