မြို့သားတွေ မကောင်းဘူး

by - December 27, 2019


အညာသားလေး ချစ်ညို တယောက်
ရွာကနေ ရန်ကုန်မြို့ တက်လာစ
ဖာတောင်းနဲ့ ဖျာလိပ်လေး ပိုက်လို့ ဖြင့် ကားဂိတ်အရောက်

" ဒီမှာ ဖာခဏချချင်လို့ "

" ဟေ့လူ ဘာစကား ပြောတာလည်း ဒါကားဂိတ် "

" ကျုပ်ဖာက အသစ် ပါဗျ ခင်ဗျားနေရာ မညစ်ပတ်စေရဘူး "

" ဘယ်လို လူလည်းကွာ ညစ်ညစ် ပတ်ပတ်တွေ "

" ညစ်ပတ်တယ် ထင်ယင် ဖျာခင်းပြီး ချမယ်ဗျ ာ"

" ဟာဗျာ ဘယ်လိုလူလဲ ပြောလို့ မရပါလား "

" မြို့ကြီးသားတွေ ဆက်ဆံရေး ကျဲတာပဲ "
ဟု ချစ်ညို ရေးရွက်ရင်း လိုင်းကားပေါ် တက်တော့

" ကားခလေး ကမ်းမယ်ဗျ ာ"

" ဘယ်လောက်လဲ ဗျ "

" (၂၀၀) ပါ ကွီး "

" လူဗျ မျောက် မဟုတ်ဘူး "

" ဟုတ်ပါပြီ ဘဒိုရယ် "

" အရပ်ပုတာနဲ့ ဘတိုလို့ ခေါ်စရာလားကွ " ချစ်ညို ဒေါသ သံဖြင့်

" (၁၀၀) ထားကွာ "

ဘဘုန်းကြီး မှာလိုက်သည့် အတိုင်း ဈေးဆစ်လိုက်တော့

" အလကားသာ စီးသွားပါဗျ ာ" စပယ်ယာ ရွဲ့သံကို အဟုတ် မှတ်ပြီး

" ဒီလိုမှန်း သိ တစ်မျိုးလုံး ခေါ်လာပါတယ်ဗျ "

လိုင်းကားပေါ်ရှိ လူအားလုံး ကတော့ တခွီးခွီးနဲ့

ချစ်ညို ကတော့ သူ့ရယ်နေမှန်း မသိပဲ ခပ်တည်တည်ပင်

ချာတိတ်တယောက်က ချစ်ညိုကို လက်တို့ပြီး

" ဘဲကြီး ထိုင်ခုံလွတ်နေတယ် ထိုင်ချင်ထိုင် "

" ကျေးဇူးပါဗျ "

ထိုင်ရင်း ဒေါသတော့ ဖြစ်သား

မြို့ကြီးသားတွေက တိရစ္ဆာန် နံမည် တပ်ခေါ်တာ ယဉ်ကျေးမှု ထင်တယ်

ငါလည်း တောသားပေမဲ့ မ အ ကြောင်း သက်သေပြရမယ် ဆိုပြီး

ဘေးက လူကောင်ထွားထွားနဲ့ လူကြီးကို လက်တို့ ကာ

" နွားကြီး ရှေ့မှတ်တိုင်က ဘာလဲ ဗျ "

" မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တယ် "

" ဟဲ ဟဲ နွားကြီးလေ နွားကြီး သဘောကျနေတယ် မဟုတ်လား "

" အေး ငါ့ဟာငါ ကလေးနှစ်ယောက် အမေကို ယူတာ မင်းအပူလား " ဆိုပြီး

" ခွပ် ခွပ် " ထိုးတယ်ကွာ

" အဟင့် ဟင့် မြို့ကြီးသားတွေ မတရားဘူးဗျ
ကျုပ်ကျ ခေါ်ချင်တိုင်း ခေါ်ပြီး သူတို့ပြန်ခေါ်တော့ ထိုးတယ်ဗျ ... အီး ဟီး ... "

😁😁😁
Ye Pyae Sone

You May Also Like

0 comments