သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ

by - December 13, 2019


ဆေးခန်းတခုတွင် ဖြစ်သည် . . . . ။

" ဆရာ ကျနော့် ကို ကယ်ပါအုံး "

" ဘာဖြစ်လာတာလဲ "

" ကျနော် ဟိန်းမင်းသူဖြစ်ပြီး
မင်းသွေးချင်သလို ဖြစ်နေတယ် ဆရာ "

" ငါ့ကို မြန်မာလို ပြောပါကွာ "

" ဪ ... ကျနော် heart attack ဖြစ်ပြီး
သေတော့မလို ဖြစ်နေတယ် ပြောတာပါ "

" ဆရာ သဘောပေါက်ပြီ
ကဲ ... လူမင်းပေါ် တက်ပြီး လှဲနေလိုက်
ဆရာ စမ်းကြည့်မယ် "

" ခမျာ "

" ဪ ... ဆရာ ပြောတာက
ကုတင်ပေါ် တက်ပြီး လှဲနေလိုက် လို့ ပြောတာပါ "

" ငှယ် "

" မင်းဘာတွေ စားမိသေးလဲ "

" ကျနော် ချိန့်ကေကိုတွေ စားထားတယ် ဆရာ "

" အင်း .. ငှက်ပျောသီး စားရုံ နဲ့တော့
ဟိန်းမင်းသူ မဖြစ်လောက်ပါဘူး "

" ညကတော့
၇ သောင်းတန် ပေါ်မှာ သင်ဇာဝင့်ကျော် မပါပဲ အိပ်မိတယ် ဆရာ ..
အအေးပတ်လား မသိဘူး "

" ဟမ် "

" ပလပ်စတစ် ခုံပေါ် မှာ အင်္ကျီ မပါပဲ အိပ်မိတယ် ပြောတာပါ ဆရာ "

" အင်း ... အအေးပတ်တာလည်း မဖြစ်နိုင်ဘူး
တခြား ဘာတွေ လုပ်သေးလဲ "

" သိပြီ သိပြီ ... ကျနော် ညနေက ခြံထဲမှာ
သိန်းလေးထောင်လိုက် သေးတယ် "

" ဒါတော့ ဆရာ သိတယ်
မြက်ရှင်းတာ နဲ့တော့ ဒီလောက် မဖြစ်ပါဘူးကွာ
မှန်မှန် ပြောစမ်း တခြား ဘာတွေလုပ်လဲ "

" ကျနော် ပြောလိုက်ရင်
ဆရာ ကျနော့် ကို ယုန်လေးမှာလား "

" ဟင် "

" ဆဲမှာလား လို့ "

" ဟင့်အင်း .. ပြောမှာသာ ပြော "

" တကယ်နော် "

" အင်းဆို "

" ကျနော် ... ကျနော် ညက
ပိုင်တံခွန်တာ များသွားတယ် "

" ဟာ .. မင်းကွာ ဒါလေးပြောဖို့ အရေးကို
ကျော်ကျော်ဗိုနေ သေးတယ် "

" ကျနော် မရှက်ပါဘူးဗျာ
ဆရာ ယုန်လေးမှာ စိုးလို့ပါ "

" အေး .. ငါက ယုန်လေးမှာ မဟုတ်ဘူး
မိုက်ကယ်သားစစ်ကွ "

" ဗျာ "

" ရော့ .. ဆရာ ဆေးစာ ရေးပေးလိုက်မယ်
အဲဒါလေး ဝယ်ပြီး သောက်လိုက် "

" ဟုတ်ကဲ့ ဆရာ "

" နောက်ဆို ပိုင်တံခွန် မများစေနဲ့ "

" ဟုတ် "

😁😁😁
စိန်သောင်း ( just for funny)

You May Also Like

0 comments