သီပေါမင်းနှင့် ပဒန်မြားငမောက် ရတနာသိုက်

by - December 11, 2019


အချိန်ကား မြန်မာ တနိူင်ငံလုံး အင်္ဂလိပ် လက်အောက် ကျရောက်ချိန် ဖြစ်လေသည် ။

အင်္ဂလိပ်စစ်ဗိုလ်က သီပေါမင်းနှင့် စုဖုရားလတ်အား လိုင်းကား ဒရိုင်ဘာကို မော်တော်ပီကယ် ဖမ်းသလို ဝစ်စီလေးမှုတ်ကာ အသာအယာ ဖမ်းယူခဲ့ခြင်း ဖြစ်သည် ။ အောက်စိုက်ကား ဖြစ်နေသည်မို့ ရှင်ဘုရင် သီပေါမင်းလည်း အမေးအမြန်းမရှိ အိန္ဒိယကို ဗီဇာပင်လျှောက်ချိန် မရလိုက်ပဲ ဂျောင်းရပေတော့မည် ။

တနည်းအားဖြင့် သီပေါမင်း အတွက် ကံကောင်းခြင်း ဟုလည်း ဆိုနိူင်သည် ။ တကယ်တမ်းက သီပေါမင်းဟာ ပါတော်မူပြီ ဆိုကတည်းက နိူင်ငံခြား ရောက်ဖူးတော့မယ် ဆိုပြီး ပျော်နေခဲ့သူပါ ။

ပျော်ဆို သီပေါမင်းဟာ နန်းတော်တွင်းမှာ နေစဉ်အခါက နံနက်စာကို စမူဆာ နှင့်သာ ပွဲတော်တည်လေ့ ရှိပါတယ် ။ မန်းလေးက စမူဆာတွေဟာ တစ်ခု (၂၀၀) ပေမဲ့ သေးလွန်းတာကြောင့် စမူဆာကြီးပြီး ဈေးပေါတဲ့ အိန္ဒိယ ရောက်တော့မှာမို့ ကြိတ်ပြီး ပီတိဖြစ် နေသူပါ ။

ဒီလိုနဲ့ အပျော်ကြီး ပျော်ပြီး မန္တလေးနန်းတော်ကြီး၏ အနောက် တံခါးဝက ထွက်ဖို့ အလာမှာ စုဖုရားလက်ရဲ့ ကြိုတင် အကွက်ချမှုကြောင့် သီဟတင်စိုးတို့ အဖွဲ့က ရွာသားတွေနဲ့ ပေါင်းပြီး အင်္ဂလိပ်လက်မှ ကယ်တင်ခြင်းကို ခံလိုက် ခံလိုက်ရပါတယ် ။

သီဟတင်စိုးတို့ ဘက်မှ လာကယ်ရင်း သူတို့ ရွာသားတွေ အင်္ဂလိပ် လက်ချက်နဲ့ သေသလို ၊ လွတ်သွားတဲ့ သီဟတင်စိုး တို့ နောက်လိုက်ရင်း ချီးကြွင်းထဲ ပြုတ်ကျသေတဲ့ အင်္ဂလိပ်တွေလည်း မနည်းပါဘူး ။ တချို့ဆို လယ်ကွင်းထဲက ကြွက်ထောင်ချောက် ညှပ်မိလို့ မပြေးနိူင်တော့တဲ့ သူတွေလည်း ရှိပါတယ် ။

သီဟတင်စိုးတို့ အဖွဲ့ကလည်း သီပေါမင်းကို  လာကယ်တယ် ဆိုတာ ပဒန်မြားငမောက် ကေ့နဲ့ စုဖုရားလက် အကူအညီ တောင်းခြင်းကို တဖက်လှည့်နဲ့ လက်ခံခဲ့တာပါ ။

စုဖုရားလက်ရဲ့အကြံက သီပေါမင်း အတုနဲ့သူ အိန္ဒိယကို လိုက်သွားမယ် ။ အားလူးပူရီ ဝအောင် စားပြီးတဲ့ တနေ့ အိန္ဒိယက ထွက်ပြေးမယ်လို့ ကြံစည်ထားခဲ့တာပါ ။

အိန္ဒိယက ထွက်ပြေးဖို့ကိုလည်း ကြိုတင် အကွက်ချပြီးသားပင် ဖြစ်သည် ။ အိန္ဒိယကနေ ဘင်္ဂလားဒေ့ကို ဆိုင်ကယ် ကယ်ရီ ငှားသွားမယ် ပြီးမှ ဘင်္ဂလားဒေ့ကနေ တဆင့်  မြန်မာပြည်ကို ခိုးဝင် ဘင်္ဂလီ အဖြစ် ပြန်ဝင်မယ်လို့ ကြံစည်ခဲ့တာပါ ။

စုဘုရားလက်ဟာ အသားအလွန် မည်းပါတယ် ။ အသားမဲရခြင်း အကြောင်းကတော့ ကင်းဝန်မင်းကြီး ဦးစ ကို ကျောက်ပြင်နဲ့ သနပ်ခါးတုံး ပေးလိုက်ကတည်း က သနပ်ခါး မလိမ်ဖြစ်တော့လို့ပါ ။ ဒီလို အသားမည်းမည်းနဲ့ဆို ဘင်္ဂလီယောင် ဆောင်လို့ရမယ် ဟု တွက်တာလည်း ဖြစ်ကောင်း ဖြစ်နိူင်ပါတယ် ။

ဒီအကြောင်းတွေ ကိုလည်း စုဖုရားလတ်က သူရဲ့ ဖေ့ဘုက် အကောင့်မှာ အုန်းလီမီနဲ့ တင်ခဲ့တာပါ။ သူ့ရဲ့ အကောင့် ကိုတော့ ရွှေပြည်သာက ဟက်ကာ ကျော်ကြီးတို့ အဖွဲ့က စီကျူရတီတွေ အဆင့်ဆင့်ကျော် ဖြတ်ပြီး ဝင်ဟက်ရင်း သိခဲ့ရတာပါ ။

ဒီလိုနဲ့ သီဟတင်စိုးတို့နဲ့ ပါသွားတဲ့ သီပေါမင်းဟာ လမ်းမှာပဲ နေထူးနိူင်တို့ ဖြတ်လုခြင်းကို ခံလိုက်ရပါတယ် ။ နေထူးနိူင် နဲ့ သီဟတင်စိုးတို့ ပါဝါခြင်း ယှဉ်နေစဉ် သီပေါမင်းဟာ နန်းဝတ် နန်းစားနှင့်ပင် ထွက်ပြေးရင်း သံလျှင်ဘက်က ရွာတရွာမှာ ဇာတ်မြုပ်နေခဲ့ တာပါ ။

သီပေါမင်းလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိနဲ့ ကြာရင် ပုန်းကြောင်မှာ ဆိုးလို့ ရှင်ဘုရင် လုပ်တုန်းက ပါလာတဲ့ လက်ဝတ်လက်စားလေး ရောင်းချပြီး ကျိုက်ခေါက်ဘုရားမှာ မြင်းလှည်းမောင်းနေ ခဲ့ပါတယ် ။

စုဘုရားလက်ရဲ့ အကြံအစည်တွေထဲမှာ သူမြန်မာပြည် ပြန်ရောက်ရင် ပဒန်မြားငမောက်ကို ဦးစံလင်းနဲ့ ပေါင်းပြီးရှာမယ် ။ ပြီးရင် ဦးစံလင်းကို သင့်တော်သလို ဝေစုပေးပြီး သူ့ယောကျာ်း သီပေါမင်းနဲ့ ငွေတိုးလေး ဘာလေး ပေးရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းတော့မယ် လို့ စိတ်ကူးထားခဲ့ တာပါ ။

ဦးစံလင်းနဲ့ ဆက်သွယ်တယ် ဆိုတာကလည်း အကြောင်း ရှိပါတယ် ။ ရေထဲမှာ နှစ်ပေါင်း (၄၀၀)ကျော်လောက် နစ်မြုပ်နေတဲ့ ခေါင်းလောင်း ကိုတောင် တွေ့အောင် ရှာမည်လို့ ကြွေးကြော်ထားသူမို့ မြန်မာပြည်မှာ ဦးစံလင်းမှတပါး ပဒန်မြားငမောက်ကို တွေ့အောင်ရှာနိူင်သူ မရှိနိူင်လို့ပါပဲ ။ ဒါကြောင့် စုဖုရားလက်ဟာ ဦးစံလင်း ကိုမှ အားကိုး လိုက်ခြင်းပါ ။

နှစ်ပေါင်း ရာချီနေတဲ့ ရေထဲက ပစ္စည်းကိုတောင် ရှာနိူင်သေးတာ ကုန်းပေါ်က ပစ္စည်းဆိုလျှင်တော့ဖြင့် ဦးစံလင်းအတွက် မိုင်နာကေ့လို့ တွက်ခဲ့တာမျိုးပါ ။

ဖြစ်ချင်တော့ ပဒန်မြားငမောက် အကြောင်းကို စုဖုရားလက် တစ်ယောက်ထဲ သိတာ မဟုတ်ပါဘူး ။ တရုတ်ပြည် နယ်စပ်နဲ့ အဆက်အသွယ် ရှိနေတဲ့ ဆားပုလင်းနှင်းမောင်လည်း ရှိနေပြန် ပါတယ် ။

ဒီအချိန်မှာ အရေးကြီးနေတာက ပဒန်မြား ငမောက်ကို ရှာဖို့မြေပုံပါ ။ မြေပုံက နှစ်ပိုင်းပါ ။ တစ်ပိုင်းက သီပေါမင်း ရဲ့ ကျောကုန်မှာ စုဖုရားလတ် ကိုယ်တိုင် ပုလင်းကွဲအစနဲ့  တက်တူးထိုးထားခဲ့ တာပါ ။

ပထမ သီပေါမင်းက တက်တူး အထိုးမခံခဲ့ ပါဘူး ။ ပုလင်းကွဲ မသန့်ရင် မေးခိုင်ပိုးဝင်ပြီး စောစောစီးစီး နတ်ရွာစံမှာကို ကြောက်တာလည်း ပါပါတယ် ။

စုဖုရားလက်ကလည်း  ညဏ်ကောင်းသူပီပီ တဏှာရူး သီပေါမင်းအကြောင်း သိလို့ " သီသီ အရမ်းချစ်တဲ့ စုစု " လို့ ရေးမယ် ပြောပြီးကျောကုန်းမှာ မြေပုံကိုရေးပြီး ဂျင်းထဲ့ခဲ့တာပါ ။ ဒါကိုသီပေါမင်းခမျာ လုံးဝမသိရှာပါဘူး ။

နောက်တစ်ပိုင်းက လျို့ဝှက်စာကို ဖော်ရမှာပါ ။ ဒီလျို့ဝှက်စာရွက် ကိုလည်း ကြေးနီတောင်မှာ စုဖုရားလတ် ကိုယ်တိုင် မြုပ်ခဲ့တာပါ ။

ဒီလိုနဲ့ စုဖုရားလတ်ဟာ ပထမဦးစွာ သူ့အစီအစဉ်အတိုင်း အိန္ဒိယမှ ဘင်္ဂလားဒေ့သို့ ကုလားရာဂျူး ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ပါတယ် ။ သူနဲ့အတူ အိန္ဒိယကို ပါလာတဲ့ သီပေါမင်းအတု ကိုတော့ နယူးဒေလီ မှာပဲ လန်ခြားဆွဲရင်း လုပ်ကိုင်စားသောက်ဖို့ စီစဉ်ပေးခဲ့ ပါတယ် ။ သူဟာ ဘင်္ဂလားဒေ့ရောက်မှ မြန်မာပြည် ခြံစည်းရိုးကို ကျော်ခွတက်ရင်း ခဲခဲယင်းယင်း ပြည်တော်ပြန်ခဲ့ရတာပါ ။

မြန်မာပြည်ရောက်တော့ သီပေါမင်းကို ရှာပါတယ် ။ သီပေါနင်းကလည်း ဇာတ်မြုပ်နေသူမို့ အတော်ကြာကြာ ရှာမတွေ့ခဲ့ပါဘူး ။

နောက်မှ ဖေ့ဘုက်အကောင့် တစ်ခုမှာ " ဘဝသမားလေး ကျွန်တော် " အကောင့်နာမည်နဲ့ မြင်းလှည်းမောင်းနေတဲ့ ဓာတ်ပုံကို ပလုံဖိုင် တင်ထားတဲ့ သီပေါမင်းကို စတင်ခြေရာ ခံမိခဲ့ပါတယ် ။

နောက်တော့ စီဘီမှာ စကားပြောဖြစ်ကြရင်း ဗီဒီယိုကော ပြောကြရင်း သူတို့နှစ်ယောက် တွေ့ဖြစ်ခဲ့ကြတာပါ ။

ဒီလိုနဲ့ စုဖုရားလတ်ဟာ သံလျင်မှာ မနေပါနဲ့တော့ လှိုင်သာယာဘက်မှာ အဆောင်ခ သက်သာသည်ဟု သတင်းကြားသဖြင့် လင်မယား နှစ်ယောက် လှိုင်သာယာမှာပဲ အတူတူ နေဖြစ်ခဲ့ ကြပါတယ် ။

ဖြစ်ချင်တော့ သူတို့ ငှားနေတဲ့ အဆောင်ပိုင်ရှင်က ဆားပုလင်းနှင်းမောင် ပိုင်တာပါ ။ ဒါကို သူတို့မသိခဲ့ပါဘူး ။ နောက်တော့ သုဖုရားလတ်က သူ့အစီအစဉ်အတိုင်း ပဒန်မြားငမောက် ရှာပုံတော် ဖွင့်ပါတော့တယ် ။

ဝှက်စာဖွက်ထားခဲ့တဲ့ ကြေးနီတောင်ကလည်း တရုပ်ဖြိုလို့ ကုန်သလောက် ရှိနေပြီမို့ စာတွေ့ဖို့ အတော်ခက်ခဲခဲ့ပါသေးတယ် ။

ဒီတော့မှ နောက်ယောင်ခံ လိုက်နေတဲ့ စားပုလင်းနှင်းမောင်ဟာ တရုပ်နဲ့ပေါင်းပြီး ကြေးနီတူးခဲ့စဉ်က စာရေးထားသော ကြေးပြားတစ်ပြား ရထားသည်ဟု ပြောကာ စုဖုရားလတ်ကို ဆက်သွယ်ခဲ့ပါတယ် ။

ဒီတော့မှ စားပုလင်းနှင်းမောင်နဲ့ စုဖုရားလတ်ဟာ ရတနာများရလျှင် ကာလပေါက်ဈေးဖြင့် ရောင်းပြီး တစ်ဝက်စီယူမည်ဟု သဘောတူကာ ပူပေါင်းခဲ့ကြပါတယ် ။

ဝှက်စာဖော်၍ ရလျှင် ပဒန်မြားငမောက် ရှာပေးမည် ပြောသော ဦးစံလင်းကိုလည်း နှစ်ယောက်ပေါင်းပြီး အကျော်အခွ ဇယားနင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါတွေကလည်း နှင်းမောင် စနက်တွေပါ ။ သူကလည်း မြန်မာပြည်ရဲ့ အတော်ဆုံး စုံထောက်ဆိုတော့ကာ ... ကြေးပြားက ဝှတ်စာကို ဖော်ကြရင်း နောက်ဆုံးမှာတော့ " ထမင်းဝအောင်စားထား " ဟု အဓိပ္ပါယ် ဖွင့်နိူင်ခဲ့ကြ ပါတယ် ။

ထိုကြောင့် သီပေါမင်း ကျောကုန်းမှ မြေပုံနှင့်ပေါင်းကာ ပဒန်မြားငမောက် ရှာပုံတော် စဖွင့်ပါတော့တယ် ။ မြေပုံအရ ဆိုလျှင် ရတနာဟာ မန္တလေးတောင်ခြေရင်း တစ်နေရာမှာ ဖွက်ခဲ့တာပါ ။ ထမင်းဝအောင် စားထားကို အဓိပါယ် ဖော်ရလျှင်

ထ - ၄
မ - ၅
ဝ - ၄
အ - ၁
စ - ၃
ထ - ၄

ပေါင်းခြင်း - ၂၁ ပါ

ဒီတော့ ရတနာသိုက်ဟာ မန္တလေးတောင်ခြေရဲ့ ၂၁ မိုက်အကွာက ဒန့်ဒလွန်ပင်ခြေရင်းမှာ မြုပ်ထားကြောင်းသိခဲ့ရပါတယ် ။

ပထမ ပဒန်မြား သွားရှာဖို့ တက်စီငှားဖို့ စဉ်းစားကြ ပါသေးတယ် ။ ရန်ကုန်မှာ ဖြစ်သွားတဲ့ တက်စီကေ့ကို သတိရပြီးမှ မငှားဖြစ်ကြတော့တာပါ ။

နောက်ဆုံး သွားယူခဲ့ကြပါတယ် ။ ပဒန်မြားကြီး လက်ထဲရောက်တော့ သဘောတူထားကြတဲ့ အတိုင်း တဝက်စီ ခွဲခဲ့ကြပါတယ် ။

ဒီအချက်အလက်တွေကို ထောက်ရူ့ခြင်း အားဖြင့် သီပေါမင်းဟာ နိူင်ဂံဂျား ပါတော် မမူခဲ့ပါဘူး ။ လက်ရှိ မီးခွက်ဈေးမှာ ငွေတိုးပေးစားလျှက် ရှိပါတယ် ။ မယုံရင် လိုက်ပြပါ့မယ် ။ ကြိုက်တဲ့ သမိုင်းသုတေသီ လာစစ်ပါ ။ သီပေါမင်း အစစ်ဖြစ်ကြောင်း အာမခံပါတယ် ။ ဒီအင်အေ မကလို့ ဒီအက်ဇေ လည်း စစ်လို့ရပါတယ် ။

စာရေးသူကလည်း တကယ်ဆို မသိပါဘူး . . .
အခုကိစ္စကို သိတယ် ဆိုတာက စာရေးသူ ကိုယ်တိုင် သူတို့အိမ်ရှေ့က ဆိုက်ကားဂိတ်မှာ ဆိုက်ကားနင်းတာပါ ။

စုဖုရားလတ် ဈေးသွားရင် ငှားစီးနေကျဖြစ်လို့ ခင်ကြမင်ကြရင်း သူတို့ အကြောင်းစုံကို သိခဲ့ရတာပါ ။

ဟုက်ကဲ့ အခုလို သမိုင်းအမှန်ကို ဖော်ထုက်နိူင်လို့ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူလို့ မဆုံးပါဘူး ။

အင်္ဂလိပ်ကို ဂျင်းထဲ့နိူင်ခဲ့တဲ့ စုဖုရားလတ်ရဲ့ စကေးရယ် ဘဝကို ကြုံသလို ဖြတ်သန်းနိူင်ခဲ့တဲ့ သီပေါမင်းရဲ့ သမိုင်း အမှန်ကို သိခဲ့ရလို့ စာဖက်သူလည်း ဂုဏ်ယူနိူင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် ။

😁😁😁
ကိုပြည့်

You May Also Like

0 comments