မယားကြောက်

by - December 03, 2019


တစ်ခါက...... အင်မတန် မိန်းမ ကြောက်ရတဲ့ မွိုင်ရှီ အမည်ရှိ လက်သမားဆရာ တစ်ဦး ရှိပါသတဲ့..။ တစ်နေ့တော့ လက်သမားဆရာဟာ သူပြုလုပ် ဖန်တီးထားတဲ့ အိမ်ထောင် ပရိဘောဂ ပစ္စည်းတွေကို မြို့တစ်မြို့မှာ သွားရောက် ရောင်းချခဲ့တယ်။

အဲဒီလို ရောင်းချပြီး ငွေကြေးများစွာ ကိုလည်း ရရှိခဲ့တယ်။

လက်သမားဆရာဟာ သူရရှိလာတဲ့ ငွေကြေးတွေကို အိတ်တစ်လုံးနဲ့ သေချာစွာ ထုတ်ပိုးပြီး ပြန်လာခဲ့တယ်။

အဲဒီလိုနဲ့ တောလမ်းတစ်နေရာ အရောက်မှာတော့ သေနတ်တစ်လက် ကိုင်ထားတဲ့ ဓါးပြတစ်ယောက်က သူ့ကို ဓါးပြတိုက်တယ်..

" ဟေ့လူ.. ခင်ဗျားမှာ ငွေအများကြီး ပါတယ်ဆိုတာ ကျုပ်မြို့မှာကတည်းက သိပြီးသား၊ ယီးတီးယားတား လုပ်မယ်တော့ မကြံနဲ့၊ ဇီးသီးနွားစားသလို အသက်ပါ ပျောက်သွားမယ်၊ လာထား ခင်ဗျားရဲ့ ငွေထုပ်"

ဓါးပြဟာ ပြောပြောဆိုဆိုနဲ့ လက်သမားဆရာကို သေနတ်နဲ့ ထောက်လိုက်တယ်..။ အဲဒီအခါ လက်သမားဆရာကြီးက

"မလုပ်ပါနဲ့ဗျာ အိမ်ကို ငွေပြန်ပါမလာရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်" လို့ ပြောလိုက်တယ်။

အဲဒီအခါ ဓါးပြက..

"ခင်ဗျားက မိန်းမကို အသက် သေမှာထက် ပိုပြီး ကြောက်သလား" လို့ မေးပြန်တယ်။

အဲဒီအခါ လက်သမားဆရာကြီးက..

" ကြောက်.. ကြောက်ပါတယ်...။ တစ်ခုတော့ ကူညီပါဗျာ.. ကျွန်တော့် ငွေထုတ်ကို ယူချင်ယူပါ။

ဒါပေမယ့် ဓါးပြတိုက်ကြောင်း သက်သေအနေနဲ့ ကျွန်တော့် ဦးထုပ်ကို သေနတ်နဲ့ ပစ်ပြီး အပေါက် ဖောက်ပေးပါ ဒါမှ မိန်းမက ကျွန်တော် ဓါးပြ တိုက်ခံရတယ် ဆိုတာ ယုံမှာမို့ပါ" လို့ ပြောရှာတယ်။

အဲဒီနောက်မှာတော့ ဓါးပြဟာ လက်သမားဆရာရဲ့ ဦးထုပ်ကို ယူပြီး သေနတ်နဲ့ ပစ်ခါ အပေါက်ဖောက် ပေးလိုက်တယ်။ အဲဒီနောက် လက်သမားဆရာ ဆီကို ဦးထုပ် ပြန်ပေးလိုက်ပြီး ငွေထုပ်ကို ယူကာ လှည့်ထွက်လာတယ်။

အဲဒီအခါ လက်သမားဆရာက

" နေ.. နေပါဦး ဆရာ။ အဆင်မပြေသေးဘူး" လို့ ပြောပြန်တယ်။ အဲဒီအခါ ဓါးပြက ဘာဖြစ်ပြန်ပြီတုံး ခင်ဗျားက လို့ ပြန်မေးတယ်။

အဲဒီအခါ လက်သမားဆရာက…

ဦးထုပ်မှာ အပေါက်က တစ်ပေါက်တည်း ဆိုတော့ ကျွန်တော့်မိန်းမက ရှင်က ဓါးပြ တစ်ယောက်တည်းတောင် နိုင်အောင် ပြန်မချနိုင်ဘူးလား ဆိုပြီး ဆူဦးမှာပဲဗျ။ အခန့်မသင့်ရင် လက်ပါ ပါလာနိုင်သေးတယ်။ ကျွန်တော် ကြောက်တယ် ဆရာ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ကုတ်အကျီ ၤမှာပါ အပေါက်တွေ ထပ်ဖောက်ပေးပါဗျာ။

အဲဒါမှ ဓါးပြတွေ အများကြီး ဝိုင်းတိုက်တဲ့ ကြားထဲက အသက်စွန့်ပြီး ပေးလာခဲ့ရတာလို့ ကျွန်တော် ပြောလို့ ရတာပေါ့၊မိန်းမကလည်း ကျွန်တော့်ကို သနားသွားနိုင်တယ်။ အဲဒါလေး လုပ်ပေးပါဦးဗျာ ရှိကြီးခိုးပါတယ်" လို့ ပြောပြန်တယ်။

အဲဒီလိုနဲ့ဘဲ ဓါးပြဟာ လက်သမားဆရာရဲ့ အင်္ကျ ီကို ယူပြီး သေနတ်နဲ့ပစ်ခါ အပေါက် တော်တော်များများ ဖောက်ပေး လိုက်တယ်…

ပြီးတဲ့အခါ "ရပြီလား မယက ဥက္ကဌ" လို့ မေးပြန်တယ်။ အဲဒီအခါ လက်သမားဆရာက

"နည်းသေးတယ် ဆရာ ခပ်များများလေး လုပ်ပေးပါ" လို့ ပြောခဲ့တယ်။ အဲဒီအခါ ဓါးပြက

"မရတော့ဘူး မယားကြောက်ရေ၊ ခင်ဗျား အဆူခံလည်း ခံရပေ့စေတော့။

သေနတ်ကျည် မရှိတော့ဘူး၊ ငါသွားတော့မယ်" လို့ ပြောပြီး လှည့်ထွက်လာပြန်တယ်။

အဲဒီအခါမှာတော့ လက်သမားဆရာက

"ဒီအချိန်ကို စောင့်နေခဲ့တာကွ၊ မိန်းမကြောက်ပေမယ့် ကျည်မရှိတဲ့ သေနတ်ကိုင်ထားတဲ့ ဓါးပြကိုတော့ မကြောက်ဘူးဟေ့" လို့ ပြောပြီး

ပါလာတဲ့ လက်သမားတူကို ထုတ်ခါ ဓါးပြရဲ့ ခေါင်းကို "ခွပ်" ခနဲ မြည်အောင် ထုလိုက်တယ်။

ပြီးတဲ့ အခါမှာတော့ သူ့ရဲ့ ငွေထုတ်ကို ယူပြီး သီချင်းတစ်ပုဒ်ကို အေးချမ်းစွာ ညဉ်းဆိုပြီး ထွက်ခွာ သွားပါတော့သတဲ့..။

မယားကြောက်သူတွေ ဟာ ဆင်ခြေပေးဖို့ အတွက် စဉ်းစားရင်း ဉာဏ်ကောင်း လာတတ်တယ် လို့ ဆိုတယ်။

"ဒါကြောင့် ဉာဏ်ကောင်းတဲ့ သူတွေဟာ၊ မယားကြောက်ကြပြီး၊ မယားကြောက်တဲ့ လူတွေဟာလည်းပဲ ဉာဏ်ကောင်း လာတတ်ကြတယ်...... တဲ့ " 😉😉

😁😁😁

ဖြိုးသုတ

You May Also Like

0 comments