ပိုကောင်းလာတာပါ


ဇနီးသည်ရဲ့ ၄၅ နှစ်မြောက်မွေးနေ့အတွက် လူတစ်ယောက် မွေးနေ့ကိတ်သွားမှာတယ်။

တဖြည်းဖြည်း အသက်ကြီးလာလို့ စိတ်ညစ်နေတဲ့ ဇနီးချော စိတ်ဖြေနိုင်ဖို့အတွက် ကိတ်ပေါ်မှာ သူရေးချင်တဲ့ စာတမ်းလေးက...

'အသက်ကြီးတယ်ဆိုတာ အိုဟောင်းသွားတာမဟုတ် ပိုကောင်းလာတာပါ' တဲ့။

ဒါနဲ့... ကိတ်ရောင်းတဲ့လူကို သူက သေချာမှာတယ်... ...

"စာတမ်းကို သုံးကြောင်းခွဲပြီး ရေးပေးပါ"

"ဟုတ်ကဲ့ ဘယ်လိုခွဲရေးပေးရမလဲ"

"အပေါ်ပိုင်းမှာ 'အသက်ကြီးတယ်ဆိုတာ' ကိုရေး၊ အလယ်ပိုင်းမှာ 'အိုဟောင်းသွားတာမဟုတ်' ကိုရေး၊ အောက်ပိုင်းမှာ 'ပိုကောင်းလာတာပါ' ကို ရေးပေးပါ"

"စိတ်ချ... စိတ်တိုင်းကျ ဖြစ်စေရမယ်"

ဒီလိုနဲ့ မွေးနေ့ရောက်တော့ ကိတ်လာပို့သွားတယ်။

ပရိတ်သတ်အလယ် ကိတ်မုန့်လှီးမယ်ပြင်ကာမှ ကိတ်ပေါ်ကစာကို ဖတ်ကြည့်မိကြတယ်.. ...

'အပေါ်ပိုင်းမှာ အသက်ကြီးတယ်ဆိုတာ

အလယ်ပိုင်းမှာ အိုဟောင်းသွားတာမဟုတ်

အောက်ပိုင်းမှာ ပိုကောင်းလာတာပါ"... တဲ့။

ကဲ ပြောတဲ့အတိုင်း ရေးတာပဲလေ။

😅😅😅😅

သန်၄ကို

Comments