ပိုက်ဆံတောင်းနည်း

by - December 29, 2019


ကလပ်ထဲတွင် ဗိုလ်မူးကြီး တယောက်သည်
သူ့ထက် လခ နဲသော ဗိုလ်ကြီးက
သူ့ထက် ပိုက်ဆံ ပိုသုံးနိုင်သည်ကို တွေ့ရသဖြင့် ...

ဗိုလ်မူးကြီးက မေးလိုက်သည်

" ဟေ့ မင်းတို့ကိုတော့ အားကျတယ်ကွာ
ငါ့ထက် လစာ ရတာ နည်းပေမဲ့ ငါ့ထက် ပိုသုံးနိုင်တယ်
နည်းကောင်းလေးများ ရှိရင် ပေးပါအုံး "

" လွယ်ပါတယ် ဗိုလ်မူးကြီးရ
ဗိုလ်မူးကြီး မိန်းမဆီ ပိုက်ဆံတောင်းရင် ဘယ်လိုတောင်းလဲ "

" မိန်းမရေ ငါ့မှာ သုံးစရာ မရှိဘူး ဆိုပြီး တောင်းတာဘဲ "

" ဒါဆိုရင် ဒီတခါ ဗိုလ်မူးကြီး မိန်းမကို နောက်ကနေ ဖွဖွ လေးဖက်ပြီး
လည်တိုင်လေးကို နမ်းလိုက် အရင်က ထက် ပိုရလိမ့်မယ် "

" အေးကွာ ကျေးဇူးပါ အပြန်ကျရင် စမ်းကြည့်လိုက် အုံးမယ် "

ဗိုလ်မူးကြီး အိမ်စောစော ပြန်လာသည် ။

တီဗွီ ကြည့်နေသော မိန်းမကို
နောက်မှ ဖွဖွ လေးဖက်ပြီး လည်တိုင်လေးကို နမ်းလိုက်သည် ။

" ဘာလဲ မောင်လေး သုံးစရာ ပိုက်ဆံ ကုန်ပြန်ပီလား "

" တိန် "

😁😁😁
OKKW

You May Also Like

0 comments