အမေ့ရဲ့ နောက်ဆုံး ဆန္ဒ

by - December 06, 2019


" ဟင့်အင်း မေမေ … ဟင့်အင်း

မေမေတို့ စီစဉ်တာ ကို သား ဘယ်တုန်းက ငြင်းခဲ့ဖူး လို့လဲ ဒါပေမယ့် ဒီတခါတော့ … "

ပြောလက်စ စကားကို ခဏ ရပ်ပြီး မေမေ့ မျက်နှာကို ... သူ စိုးထိတ်စွာ ငဲ့ကြည့် မိသည်။

" ဒီတခါ ဘာဖြစ်လို့လဲ မိုးထက် … ဟမ် ဘာဖြစ်လို့လဲ ?

မိဘက ကောင်းစေ ချင်လို့ စီစဉ်တာ ကို မင်းက ငြင်းချင်သေး လို့လား ? "

မေမေ့ မျက်နှာမှာ စိတ်တို နေတဲ့ အရိပ်အယောင် တွေကို သူ မြင်တွေ့ နေရသည်။ အမေကို ကြောက်တတ်တဲ့

သားတစ်ယောက်ရဲ့ ထုံးစံ အတိုင်း သူ့မှာ ပြန်ပြောစရာ စကားလုံး တွေ ခြောက်ကပ် ကုန်သည်။

" အဲ့လိုတော့ မဟုတ် … "

" အေး မဟုတ်ရင် ပြီးရော … မေမေ ပြောတဲ့ အတိုင်း သား လက်ခံ ရမယ် ! သား လက်ခံချင်သည် ဖြစ်စေ ... လက်မခံ ချင်သည် ဖြစ်စေ မေမေ့ စကားကို သား မငြင်းရဘူး … မေမေတို့ စီစဉ်တဲ့ အိချောပို လေးကို သား လက်ထပ် မှကို ဖြစ်မယ် …

ဟုတ်တယ် သား မဖြစ်မနေ ကို လက်ထပ် ရမယ် … ဒါ ! မေမေ့ရဲ့နောက်ဆုံး ဆန္ဒနဲ့
မေမေ့ရဲ့ နောက်ဆုံး အမိန့် လို့လည်း သား သတ်မှတ်လို့ ရတယ် …
ဒါပဲ သားကို မေမေ ပြောချင်တယ်

မေမေ့ကို ချစ်ရင် မေမေ့ ဆန္ဒကို လိုက်လျော ပေးပါ သားရယ် … နော် … မေမေ့ သားလေးက လိမ်မာ ပါတယ်

မေမေ့ရဲ့ ကျန်းမာရေး ကလည်း … "

မေမေ သူ့ကို စကားတွေ အများကြီး ပြောရတာ မောသွားပုံ ရသည်။ မေမေ့ စကားသံ ရပ်သွားတော့ သူ မေမေ့ မျက်နှာကို ကြည့်လိုက် မိသည်။

ဘုရားရေ ! မျက်ရည်တွေ …

မေမေ့ မျက်နှာမှာ မျက်ရည်တွေ !

သူ … သိသလောက် သူ … လူမှန်း သိတတ်စ အရွယ်ထဲက မေမေ မျက်ရည် ကျတာ သူတခါမှ မမြင်ဖူး မကြုံဖူးခဲ့။

အခုတော့ … သူ့ကြောင့် … သူ့ကြောင့် …ဟုတ်တယ်

သူ့ကြောင့် မေမေ မျက်ရည် ကျရပြီ !

မေမေရယ် မငိုပါနဲ့နော် … မငိုပါနဲ့

သား … သား မေမေတို့ စီစဉ်တာကို …

သူ့စကားသံကို နားထောင်ရင်း မေမေ့ မျက်လုံးတွေ

အရောင် တဖျတ်ဖျတ်တောက်လာတာကို သူ အတိုင်း

သား မြင်နေရသည်။

" သား … မေမေ စီစဉ်တဲ့ အတိုင်း လက် ခံ ပါ့ မယ် … "

သူ ကြေကွဲစွာ ခပ်တိုးတိုး ဖွဖွလေး ပြောလိုက် မိသည်။

သူ့ ပါးစပ်က ဒီလို ပြောထွက်မယ် မှန်း သူ ကိုယ်တိုင် မယုံကြည်နိုင် လောက်အောင် သူ ပြောထွက် မိသည်။

" သား … သား … တကယ် ပြောတာနော် ! ဟင်

သား …တကယ် ပြောတာနော် "

မေမေ အရမ်း ပျော်သွားမယ် မှန်း သူ သိသည်။

ဒါပေမယ့် … သူ … သူ ပျော်ရဲ့လား ?

ကိုယ့်ကိုယ်ကို စိတ်ထဲမှာ အကြိမ်ပေါင်း များစွာ ထပ်ခါ တလဲလဲ ပြန်မေး မိသည်။

သူ က အချစ် ဆိုတာ ဘာမှန်း မသိတဲ့ ဂြိုလ်သား !

မေတ္တာ ဆိုတာ ဘယ်အရောင်မှန်း မသိတဲ့ သတ္တဝါ !

သူ့ကြောင့်  တဖက်သား မှာ … ဟင့်အင်း

သူ မပျော်ဘူး … ဒါပေမယ့် … မေမေ

ဟုတ်တယ် … သူ မေမေ့ကို ငဲ့ရမည်။

" သား တကယ် ပြောတာပါ အမေ "

" ကျေးဇူးပါ သားလေးရယ် ဒါဆို မေမေ …

အိချောပိုလေးနဲ့ သားနဲ့ မင်္ဂလာကိစ္စ ကို မေမေ အမြန်ဆုံး စီစဉ်လိုက်မယ် နော် … နော် … သား "

" ဟုတ် … မေမေ့ သဘောအတိုင်း ပါပဲ "

" ဟေးးးးး ဒါမှ မေမေ့ သားကွ "

မေမေ မျက်ရည်စ တွေပင် မသုတ်အား သေးပဲ သူ့ကို ပြေးဖက်သည်။

မေမေရယ်  …

.

.

ဟေ့ကောင် ! ဟေ့ကောင် ထတော့

ဖက်ထိပ် ပြန်သွားရမှာ … ကုလားသေ ကုလားမောနဲ့ အိပ်နေ လိုက်တာ မသာကြီး ကျနေတာပဲ

ဘေးနားက အသံပြဲကြီးနဲ့ အော်နေတဲ့ သူငယ်ချင်း အသံကြောင့် သူ လန့်နိုး သွားသည်။

အမ် ! ငါအိပ်မက် မက်နေတာကိုး ဟီဟိ!

သိပါဝူး ဒဂယ်လား လို့ !
အမေတို့ များ ညံ့ချက် … အဲ့လို တခါမှ ပြောဖူးဘူး
ကံဆိုးလိုက်တဲ့ ငါလေး !

ဗွီဒီယိုထဲ ကလို လူကြီးချင်း အရင်ထဲက သဘော တူထားတဲ့ မိန်းကလေး ရှိတယ် ဘာညာ နဲ့ လေသံ လေးတောင် မဟ ဖူးဘူး !

သူ့သား ရူပါဖြောင့်ဖြောင့် ဒေါင်ကောင်းကောင်း လေးကို
ငှက်ပျောတုန်း ဖက် သေစေချင် လေရော့ သလား !
အမေ တို့ သိပ် ညံ့တယ် !

စိုးစတူးပစ် မြန်မာကားတွေ ! flack ပဲ

😁😁😁

မိုးထက်

You May Also Like

0 comments