လူရိုးလေး

by - December 29, 2019


သူ့မိန်းမ အမြင်မှာ ကိုချစ်ပို တယောက်ဟာ အေးလွန်းတယ် ။

မနက်ရုံး သွား ၊ ရုံးအဆင်း ကြက်တောင် ကလပ် မှာ ကြက်တောင်ဝင်ရိုက် အိမ်ပြန် ထမင်းစား အိပ် မနက်ရုံးသွား ဒါနဲ့ပဲ သံသရာ လည်နေတယ် ။

" ကိုချစ်ပို ၊ ရှင့် မလဲ အေး လိုက်တာ ၊ ယောက်ကျား ပီပီသသ ဘီယာလေး ဘာလေး တခါတလေ သောက် ၊ စင်တင်လေး ဘာလေးသွား ကောင်မလေးတွေ သီချင်ဆိုတာတွေ သွားကြည့်ပါလား " ဆိုတော့

ကိုချစ်ပိုက ... " အိုကွာ မင်းသိသားနဲ့ ၊ ဒါတွေ က ငါနဲ့ လားလားမှ မအပ်စပ် ပြဒါး တလမ်း သံတလမ်း ၊ ငါ့ဟာ ငါ အေးအေးနေ ပါရစေ "

မိန်းမလည်း ... မဖြစ်ချေဘူး ၊ ဒင်းကို ငါကိုယ်တိုင် ပို့ပေးမှ ဆိုပီး တညနေ ကိုချစ်ပို ကြက်တောင်ရိုက် အပီး စောင့်ပြီး ကြက်တောင် ကလပ်ဘေး ကပ်လျှက်က စင်တင် ဘီယာဆိုင်ကို ခေါ်သွားတယ် ။

ထိုင်ရုံ ရှိသေး ဘာမှ မမှာရသေး ဝိတ်တာ တယောက်က မြန်မာဘီယာ တလုံး တန်း လာချ သွားတော့ ကိုချစ်ပိုက သူ့မိန်းမကို ပြောတယ် ၊

" ငါတို့ ကြက်တောင်ကလပ်က တခြား လူတွေ ဒီဆိုင် လာရင် မြန်မာဘီယာ တမျိုးပဲ သောက်ကြတယ် ပြောသံ ကြားဘူးတယ်ကွ ... ငါ့ကိုလည်း ဒီကြက်တောင်ကလပ်ကပဲ ဆိုပီး မြန်မာဘီယာကို မမေးပဲ တန်းချသွားတာ ဖြစ်မယ် " တဲ့ ။

မကြာပါဘူး ကန်ဇွန်းပလိန်း တပွဲ တန်း လာ ချ သွားပြန်ရော ။ ကိုချစ်ပို က ပြောပြန်ရော ။

" မြန်မာဘီယာက ဒီဆိုင်မှာ promotion လုပ်နေတယ် ပြောတယ် ၊ မြန်မာဘီယာ သောက်သူတိုင်း ကို ကန်ဇွန်းပလိန်း တပွဲ free ပေး တယ် လို့ ပြောတယ် ၊ လက်စသပ် တော့ ကလပ်က ကောင်တွေ ဒီဆိုင်ပဲ လာလာ နေကြတာ ဒါ့ကြောင့် ကိုး ၊ ဟားဟားဟား "

သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး ။

ခဏနေတော့ စင်တင် စတိတ်ရှိုးက သီချင်း ဆိုတဲ့ ကောင်မလေး တယောက် ဝိုင်းနား ရောက်လာတယ် ၊

ထိုင်နေတဲ့ ကိုချစ်ပိုကို ခုံအနောက်ကနေ သိုင်းဖက်ပြီး ၊

" ကိုချစ်ပိုကြီး သမီးကို ပန်းကုံး မချတာ ၃ ရက် ရှိပီနော ၊ ဒီနေ့ တော့ သမီးကို ပန်းကုံး များများ ချ ရမယ် နော် ၊ ဧည့်သည်လဲပါး လို့ပါ ခု ဘယ်ဆိုင်က စော်ကြီး ခေါ်လာထိုင်တာတုန်း " ဆိုပြီး ကိုချစ်ပို ပါးကို လိမ်ဆွဲပြီး ထွက်သွား ကရော ။

မိန်းမလဲ ပေါက်ကွဲပြီး လာစမ်း သေနာ၊ ပြဒါးတလမ်း သံတလမ်းကြီး အိမ်ကျမှ ကောင်းကောင်း သိမယ် ဆိုပီး ကိုချစ်ပိုကို နားရွက်ကဆွဲ ဆိုင်အရှေ့ တွေ့တဲ့ taxi ကား ပေါ်တက်ပြီး တလမ်းလုံး ဆဲဆိုလာတာကို ကြား တော့ taxi ဒရိုင်ဘာ က နောက်လှည့် ပြောတယ် ။

" ကိုချစ်ပို ကြီး ဘယ်လိုဖြစ်တာလဲ ၊ အရင်စော်တွေလို မဟုတ်ဘူး ၊ ခင်ဗျား ဒီနေ့ မ  လာ တဲ့ စော်ကြီး က ကြမ်းလိုက်တာ " တဲ့ ။

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments