လောဘ

by - December 08, 2019


ကျနော် စင်္ကာပူ ရောက်ခါစ မလည်မဝယ် ဘဝက ၁၈ ပလက် အသုံးအဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်ထဲ ဝင်သွားဖူးတယ် ။

တကယ်က ဘာဆိုင်မှန်း မသိလို့ အပြင်ကနေ စပ်စုနေတာ ။
အဲ့တာကို အထဲက အရောင်းဝန်ထမ်း ကောင်မလေးက ' ဝင်ကြည့်လေ အထဲကို ' ဆိုတော့ ဘုမသိ ဘမသိနဲ့ ဝင်ကြည့်မိတာ ။ အထဲရောက်မှ မှားမှန်း သိတာရယ် ။

အရောင်းစာရေးမလေး ကလည်း ငယ်ငယ် ချောချောလေး ဆိုတော့ ကိုယ့်မှာ မျက်နှာ ဘယ်ထားရမှန်း မသိဘူးဖြစ်ရော ။
ကိုယ်ကသာ နေမထိ ထိုင်မသာ ဖြစ်နေတာ ၊ သငယ်မ ကတော့ ပုံမှန်ပဲ ။

စင်္ကာပူမှာက ဖိုမကိစ္စ တွေကို အလယ်တန်းအဆင့် မှာကတည်းက ဗဟုသုတအဖြစ် သင်ကြားပေးတယ် လို့ သိရှိဖူးတယ် ။ (သူများ ပြောပြတာပါ )

ခုနပြောတဲ့ ဆိုင်မျိုးလည်း တရားဝင် ဖွင့်ခွင့်ပြုထားတယ် ။
S9x in the city ဆိုပြီး နိုင်ငံအနှံ့ဆိုင်အများ အပြား ရှိတယ် ။

မြန်မာတွေ စုရပ်ဖြစ်တဲ့ ပင်နင်ဆူလာ ပလာဇာမှာကို တဆိုင် ဖွင့်ထားတာ တွေ့မိတယ် ။

ဆိုင်ထဲမှာက ...
ဖိုမကိစ္စနဲ့ ပတ်သက်တဲ့ ပစ္စည်းအစုံ ရှိတယ် ။
လိမ်းဆေး
သောက်ဆေး
အထောက်အကူပစ္စည်း
တကိုယ်ရေသုံး ပစ္စည်း
အကာအကွယ် ပစ္စည်း
အစုံမှ အစုံ ။ ဈေးလည်း မသေးဘူး ။

ဝင်သာသွား ...
အရောင်းစာရေးမက တခုချင်း စိတ်ရှည် လက်ရှည် ရှင်းပြလိမ့်မယ် ။

မရှက်နဲ့ ။
မိန်းကလေး အရွယ်ကောင်းလေးတွေ ကိုယ်တိုင် ပေါ်ပေါ် တင်တင် ဝင်ဝယ် နေတာကို တွေ့ရလိမ့်မယ် ။

တခါက...
( ပြောချင်တာက ခုမှ လာမှာ )

တခါကတဲ့ ...
စလုံးမှာ အလုပ် လာလုပ်တဲ့ အပျိုကြီး တယောက်ဟာ ဘယ်သူက မြှောက်ပေးတယ် မသိဘူးတဲ့ အဲ့ဒီ ၁၈ ပလက် အရောင်းဆိုင်ထဲ ရောက်လာ သတဲ့ ။

ဆိုင်က ကောင်မလေးက အပြုံးနဲ့ ဆီးကြိုရင်း မေးတယ် ... ...

" ဟိုင်း ... အမကြီး ၊ ဘာအလိုရှိပါလဲ ''
" ဟို ... ဟို လေ ... ယောက် ... ယောကျ်ားတန်ဆာအတုလေ အာ့ဟာလေ ... လို ချင်လို့ အဟီး "

"ရတယ်လေ အစ်မ၊ ဘယ်ဆိုဇ်လောက် လိုချင်တာလဲ "
"အဲ... အဲ့တာတော့ အစ်မလည်း မသိသေးဘူး "

"ဒါဆိုလည်း လာ လာ အစ်မ၊ ဒီကောင်တာထဲမှာကြည့်လိုက်၊ အစ်မနဲ့ အဆင်ပြေတာတွေ့ရင် ပြောလေ "

... ဆိုတော့
အပျိုကြီးက လျှောက်ကြည့် သတဲ့ ။

ကြည့်ရင်းနဲ့ တနေရာ ရောက်တော့ သူကပြောတယ်... ...

" ဟော... တွေ့ပြီ တွေ့ပြီ ၊ ဟိုမှာ ချိပ်ထားတဲ့ အနီရောင်လေး ကြိုက်တယ် ၊ အဲ့ဟာ ယူမယ် "
" ဘယ်ဟာလဲ အစ်မ "

" အဲ့မှာလေ ... မှန်ကောင်တာဘေး နံရံမှာ ချိပ်ထားတဲ့ အနီလေး "

အဲ့ဒီမှာ ...
အရောင်းစာရေးမလေးက သူ့ကို မယုံနိုင်သလို ကြည့်ရင်း ပြန်ပြောတယ် ... ...

" အစ်မ ... အဲ့ဟာက မီးသတ်ဆေးဘူးကြီး "

" တိန် "
.
.
.
😁😁😁
သန်၄ကို - ပေါက်ကရ၄ဝ နှင့် ရမ်းဘာသာပြန်သည်။

You May Also Like

0 comments