ကျိန်စာ

by - December 07, 2019


တခါတုန်းက ရွာတရွာမှာ သူငယ်ချင်း မိန်းကလေး နှစ်ယောက် ရှိသတဲ့ ။

တနေ့တော့ ...
သူတို့ နှစ်ယောက်ဟာ တောထဲကို ထင်းခွေ သွားကြတယ် ။

ရွာအပြင် ခပ်လှမ်းလှမ်းက တောအုပ် တခုကို ရောက်တော့ တနေရာစီ ခွဲပီး ထင်းခုတ် ကြတယ် ။

ခက်တာက ...
အဲ့ဒီ တောအုပ်က နတ်ကြီးတယ် ။
တောစောင့်နတ်က သူ့တောက သစ်ပင်ကို လာခုတ်ရင် ကျိန်စာ တိုက်လွှတ်လေ့ ရှိတယ် ။
ဒါကို ကလေးမတွေက ဂရုမစိုက်ဘဲ ထင်း ဝင်ခုတ် ကြတာ ။

ဒါမျိုး ဘယ်ရမှာလဲ

ပထမ မိန်းကလေး ထင်းခုတ်နေတုန်း...
တောစောင့်နတ်မင်းက " ဗြုန်း '' ကနဲ ကိုယ်ထင် ပြလာပြီ မေးသတဲ့ ... ....

" သယ် ... ရာရာစစ သငယ်မ ၊
ငါ့တောက အပင် သင်မို့ ခုတ် ဝံ့တယ် ၊ သင် ခုတ်နေတာ ဘာပင်လဲ ပြောစမ်း ''

" သကြားသီးပင် ပါ နတ်မင်းကြီး ''

" အေး ... သကြားသီးပင်ကို ခုတ်ရတဲ့ အကျိုးကြောင့်
သင်ရဲ့နောင်ဘဝ အဆက်ဆက် သကြား မစားရသောသူ ဖြစ်ပါစေသား ... ''

နတ်မင်း ကျိန်စာ မိပြီး ကလေးမ ခမျာ
နောင်ဘဝ အဆက်ဆက် လူဖြစ်သော်လည်း ဆီးချိုဝေဒနာ ကို ခံစားရသူ ဖြစ် ဖြစ် နေသတဲ့ ။

အဲ ...
ဒုတိယ မိန်းကလေး လည်း ထင်းခုတ်နေတုန်း နတ်မင်းက ကိုယ်ထင်ပြပြီး ကျိန်စာ တိုက်လိုက်တာ
နောင်ဘဝ အဆက်ဆက် ' အပျိုကြီး ' ချည်းပဲ ဖြစ်နေတော့ သတဲ့ ။

ဘာပင်ကို ခုတ်မိလို့ အပျိုကြီး ဖြစ်ရတာလဲ ဆိုတာ သိရင် ' အကောင်ပဲ '
.
.
.
😁😁😁
သန်၄ကို - ပေါက်ကရ၄၀

You May Also Like

0 comments