ကြိမ်ဒဏ်

by - December 10, 2019


ထီပေါက်လို့ လင်မယား နှစ်ယောက်ဟာ ကမ္ဘာပတ်ကြတယ် ။ ဒါပေမဲ့ မိန်းမရဲ့ အမေက သူပါ လိုက်မယ် ဆိုပြီး ပါလာတယ် ။

ယောက်ျားလုပ်သူက မခေါ်ချင်ပေမဲ့ မိန်းမကို လွန်ဆန် မရတော့ ခေါ်ခဲ့ရတယ် ။ ယောက္ခမကြီးကလည်း အင်မတန် ဇီဇာကြောင်ပြီး သူများ အပြစ် တအား ပြောတယ်။

ရောက်တဲ့ နိုင်ငံတိုင်းမှာ အဲဒီနိုင်ငံရဲ့ အပြစ်တွေ လိုက်ပြောတယ် ။ အစားအသောက် မကောင်းဘူး ။ ရာသီဥတု မသာယာဘူး ။ လူတွေက ရိုင်းတယ် စသဖြင့်ပေါ့ ။

နိုင်ငံတနိုင်ငံ ရောက်တော့ အဲဒီနိုင်ငံရဲ့ ဘုရင်ကို သွားဝေဖန် မိတော့ ကြားတဲ့ လူတွေက ရဲ သွားတိုင်တယ် ။ ဒါနဲ့ သုံးယောက်လုံး အချုပ် ခံရတယ် ။

အဲဒီ နိုင်ငံဥပဒေအရ ဘုရင်ကို စော်ကားရင် ကြိမ်ဒဏ် အချက် ငါးဆယ် ပေးရမယ်လို့ ရှိတယ် ။ ဒါပေမဲ့ ဘုရင်လုပ်သူက ခရီးသွား ဧည့်သည်ကို ညှာတဲ့ အနေနဲ့ ကြိမ်ဒဏ် သက်သာအောင် ခန္ဓာကိုယ်မှာ တခုခု ချည်ခွင့်ပေးတယ် ။

မိန်းမ လုပ်သူက သူ့ရဲ့တင်ပါးမှာ ခေါင်းအုံး တလုံး ချည်ခွင့်ပြုဖို့ တောင်းဆိုတယ် ။ ဒါပေမဲ့ ရိုက်တဲ့သူက ကျောရော ၊ တင်ပါးရော ရိုက်တာ ဆိုတော့ တချို့ ရိုက်ချက်တွေ အတော် ခံရတယ် ။

ယောက္ခမကြီးက သူ့သမီးကို ကြည့်ပြီး ခေါင်းအုံး နှစ်လုံး တောင်းတယ် ။ တလုံးက ကျောမှာ ၊ တလုံးက တင်ပါးမှာ ချည်ပေးဖို့ တောင်းဆိုတယ် ။ သူကတော့ သက်သာ သွားတယ် ။

ယောက်ျား အလှည့် ရောက်တော့ ယောက်ျားက ဘုရင်ကြီးကို " ကျနော်ကို အပိုဆု တဆု တောင်းခွင့်ပြုပါ " လို့ ပြောတယ် ။ " ခွင့်ပြုနိုင်ရင် ပြုပါ့မယ် ။ တောင်းပါ " ဆိုတော့ " ကျနော်က ကျနော့်ယောက္ခမကို ဒီနိုင်ငံကို ခေါ်ခဲ့တဲ့ အတွက် အပြစ် ပိုကြီးပါတယ်။ ဒါကြောင့် ကြိမ်ဒဏ် ငါးဆယ် အစား အချက်တရာ ပေးပါ " လို့ တောင်းတယ် ။ ဘုရင်က အံသြပြီး " အေးလေ ။ လိုချင်ရင်တော့ ပေးပါတယ် ။ သေချာရဲ့လား " လို့ မေးတယ် ။ ယောက်ျားက " သေချာပါတယ် " လို့ ဖြေတယ် ။

" ဒါနဲ့ မောင်ရင့် ခန္ဓာကိုယ် မှာကော ဘာချည်ချင် သေးလဲ " လို့ ဘုရင်ကမေးတော့ ယောက်ျားက ပြုံးပြီး ဒီလို ဖြေတယ် ။
.
.
.
.
.
.
" ကျနော့် ယောက္ခမကြီးပါ "

" တိန် "

😁😁😁
Lin Lin(မအူပင်)

You May Also Like

0 comments