ကိုကျော်ကြီး နဲ့ တည

by - December 17, 2019


" ကိုကို အိမ်က သဲကို ယောက်ျား ပေးစားတော့မယ်တဲ့ ... "

" ဟင် ... ကိုကိုနဲ့ ချစ်နေတာ မသိဘူးလား "

" သိတယ် ... အဲဒါကို အတင်း ပေးစားမှာ "

" ဘိုလို ... "

ငြိမ်းမောင်ကို လာကျော် ပြန်ပြီ ...
မိဘဆိုပြီး ဒါမျိုး လုပ်လို့ ရမလားဗျ ... တစ်ခုခုဆို ကျုပ်က နစ်နာမှာလေ
မဟုတ်ဘူးလား

" အဲဒါ ကိုကို သဲတို့ ဘာလုပ်ကြ မလဲဟင် "

" အဲဒီကောင်နဲ့ ရှင်းမယ် ဘယ်သူနဲ့ ပေးစားမှာလဲ "

" သူက ဂုဏ်ရှိန် ဝါကြီးတယ် ကိုကိုရဲ့ "

" ပြောသာ ပြောစမ်းပါ အဲ့ကောင်နဲ့ တွေ့ပြီ "

" သူက ဩဇာလည်း ညောင်းတယ် "

ကျစ် ...
ငတိမက ရှည်နေပြီ ...
အဲသလိုဆို ကျုပ်က ပိုပြီး ဒေါသ ထွက်လာတာ

"ဘယ်သူလည်း ပြောစမ်းပါ "

" ကိုကြီးကျော်နဲ့ ... "

" ဖွီး ... "

ငနာမလေး ...
နတ်နဲ့ ပေးစားတာပဲဗျာ ... ယူပေါ့ တကယ်မှ ဟုတ်ပဲ
ဒါကိုများ ဘယ့်နှယ်ဗျာ ... ယောကျ်ားယူရမယ်လေး ဘာလေးနဲ့

" အဲဒါ သဲ သူ့ကို မယူချင်ဘူး "

" ဒါက ရိုးရာ အရ လုပ်ရတာလေကွာ "

" မရဘူးကွာ ... မယူချင်ဘူး သူ့ကို ယူပြီးမှ ကိုကိုနဲ့ လက်ထပ်ရင်
ကိုကိုက လင်ငယ် ဖြစ်မှာပေါ့ "

" ခွီး ... "

ပြောပုံက နတ်ကိုတောင် လင်ကြီးနေရာ ထားပြီး
ကျုပ်က တိတ်တိတ်ပုန်း နေပေးရမယ့်ပုံ ...
မဖြစ်ဘူးလေ တစ်ခုခုလုပ်မှ

" အဲဒါ ကိုကို မယူရအောင် လုပ်ပေးကွာ ... "

" အင်းကွာ ... လုပ်ပေးမယ် ဘယ်လို လုပ်ရမလဲ "

" ဒါဆို လိုက်ခဲ့ "

ဆိုပြီး ... လိုက်သွားတော့
ငတိမက နတ်ကတော် တယောက်ဆီ ခေါ်သွားတယ်
ကျုပ်က ယုံသာ မယုံတာ အကိုင် ခံရမှာတော့ ကြောက်တယ်လေ
အဲဒါကြောင့် ရမ်းမလုပ်ရဲဘူး

" သားတော်နဲ့ သမီးတော်က မေတ္တာမျှနေကြတယ် ဆိုပါတော့ ... "

" ဟုတ်ပါတယ်ရှင် ... "

" မဟုတ်ပါဘူးဗျ ... "

" ငင် ... သမီးတော် ပြောတော့ ဟုတ်တယ်ဆို ... "

" မေတ္တာမျှတာ မဟုတ်ပါဘူး ကြိုက်နေကြတာပါ ... "

" ဒေါက် ... "

" အိ ... "

နတ်ကတော်ကလည်း ခေါက်သဟ ...
ကျုပ်မှ မသိပဲဗျ ... မေတ္တာ မျှတာက ကြိုက်တာလို့ ငတိမက ပြောမှ ပြောမထားတာ ...

" ဒီလိုဆို ... အဖေ စဉ်းစားပေးမယ်ကွဲ့ ... "

" ဟမ် ... စောနကပြောတော့ မာမီဆို ... "

" ခီ်ွး ... "

ငတိမက ပေါင်ကို ဆွဲလိမ် သေးတယ်
ဟုတ်တယ်လေဗျာ ... စဝင်ဝင်ချင်း တုန်းက မာမီတဲ့
ခုကျ အဖေ ဖြစ်သွားပြန်တာ အမျိုးမျိုး

" သမီးနဲ့ မေတ္တာမျှ ... အဲ ကြိုက်နေကြတယ် ဆိုတော့
သူဟာ သမီးနဲ့ လိုက်ဖက် မဖက် သူနဲ့ တည သွားအိပ်ကြည့် မယ်ဟေ့ "

" ဗျာ ... "

" ကဲ ... အဖေပြန်ပြီ ... "

ဆိုပြီး နတ်ကတော်ကြီးက တုန်ခနဲ နေပြီး လဲသွားပါလေရော ...

" သားတော်တို့ ... မာမီ ဘာဖြစ်တာလဲဟင် "

" မီးယပ်ချမ်း ထတာနေမယ် ... "

" ခီး ... "

" အဖေကျော်က ပြောသွားတယ် ... သမီးနဲ့ လိုက်ဖက်မလား ဆိုတာ
ကိုကိုနဲ့ တည သွားအိပ်ပြီး စမ်းသပ်မယ်တဲ့ "

" အိမ်း ... ဒါဆို သားတော်ရေ "

" ဗျာ ... "

" ကိုကြီးကျော်က အားတဲ့ တညတော့ သားဆီ လာလိမ့်မယ်ကွဲ့ ... "

" ဘို ... "

" စမ်းသပ် ခံရတဲ့အခါ ကလန်ကဆန် မလုပ်မိပါ စေနဲ့နော် "

" အိ ... "

အဲဒီကလည်း ပြန်လာရော ...
ကျုပ်မှာ မယုံ တဝက် ယုံတဝက်နဲ့ စိတ်ထဲက စွဲနေရော ...

အဲဒီကတည်းက ကိုကြီးကျော် ဘယ်ည လာမလဲ ဆိုပြီး တွေးတွေး နေတာ ကောင်းကောင်းကို အိပ်မပျော်ဘူး

သူ့အတွက် ဝယ်ထားတဲ့ ဝီစကီတွေတောင် သိုးကုန်မှာ စိုးလို့ သောက်ပစ်တာ ဘယ်နှလုံးမှန်း မသိတော့ဘူး ...

ကိုကြီးကျော်ရယ် လာရင်လည်း ကြိုအကြောင်း ကြားပါလို့ ...
စောင်ပတ်ထား မလို့ ...

ဟုတ်တယ် နတ်တွေက ယုံရတာ မဟုတ်ဘူး
အငွေ့စားတယ် ပြောပြီး ကျုပ်ကျမှ အတွေ့ပါ စားသွားရင် ဒုက္ခ

😁😁😁
NNNT ( ငြိမ်းမောင် )

You May Also Like

0 comments