ကုန်ပြီလေ

by - December 06, 2019


ကုမ္မဏီပိုင်ရှင် သူဌေးက သူ့စာရေးမကို အာရုံ ရနေတာ ကြာပြီ ။

တရက်မှာတော့...
သူက စာရေးမကို သူနဲ့ ချစ်တင်းနှောဖို့ ညှိသတဲ့ ... ...

" ဒေါ်လာ တစ်ထောင် ($1000) ကို ကြမ်းပေါ် ချလိုက်မယ် ၊
မင်း ကုန်းကောက်နေတဲ့ အချိန်အတွင်းမှာ ငါ ရအောင် ချစ်မယ် ၊
မင်း မြန်မြန် ကောက်နိုင်လေ ငါ့အတွက် ရမယ့် အချိန် နည်းလေပဲ ၊
ဘယ်လိုလဲ သဘောတူလား " ... ဆိုတော့

ကောင်မလေးက ခန စဉ်းစားတယ် ။

ပြီးတော့ သူ့ကောင်လေးဆီ လှမ်းဖုန်းဆက်ပြီး အကြံ တောင်းတယ် ။

ကောင်လေးက ပြောတယ်... ...

" ဒေါ်လာ နှစ်ထောင် ပစ်ချရင် လုပ်မယ် လို့ ပြောလိုက် ချစ်လေး ၊ ပြီးရင် အမြန်ဆုံး ကောက်လိုက် ၊
သူ ချစ်တင်းနှောဖို့ မပြောနဲ့ အဝတ်အစား ချွတ်ချိန်တောင် ရမှာ မဟုတ်ဘူး ချစ်ရဲ့ "

ဒါနဲ့ သူဌေးကို ပြောတော့ သူဌေးက သဘော တူတယ် ။

ဒီလိုနဲ့ ...
နောက် နာရီဝက်လောက် နေတော့ ကောင်လေးက သူ့ကောင်မလေးကို ဖုန်းဆက်မေးတယ် ... ...

" ဘယ်လိုလဲ ချစ် ၊ ဒေါ်လာ နှစ်ထောင် ရပြီလား "

" ကောက်နေတုန်းပဲ မောင် "

" ဟင် ... ဘာလို့ အဲ့လောက် ကြာနေရတာလဲ "

" ဒေါင်းစားကြီး ပစ်ချတဲ့ ဒေါ်လာ နှစ်ထောင်က အကြွေစေ့တွေ "

" ငင့် ... "
.
.
.
😁😁😁
သန်၄ကို (ရမ်းဘာသာပြန်သည်)

You May Also Like

0 comments