ကိုရိုး


ကိုရိုးသည် အမည်နှင့်လိုက်အောင် ရိုးအေး ရိုးအသူ ဖြစ်သည်။ ၎င်းတို့ မြို့တွင် ဆိုင်ကယ် အလွန်ပေါများပီး သွားရေးလာရေးလည်း အင်မတန်လွယ်ကူသည်။ ကိုရိုးလည်း ဆိုင်ကယ် တစ်စီးဝယ်ကာ ဆိုင်ကယ်ကယ်ရီ ဆွဲလေသည်။

တစ်နေ့ ကိုရိုး၏ ဆိုင်ကယ်ကို လူတစ်ယောက် လာငှားသည်။ ထိုလူကို ကြည့်လိုက်ရာ မျက်နှာစိမ်း ဧည့်သည်ဖြစ်ကြောင်း ကိုရိုး သိလိုက်သည်။

ကိုရိုးမှာ မိမိမြို့ကို အလည်လာသူအား ကောင်းစွာ ဧည့်ဝတ်ကျေရမည် ဟု ခံယူထားသူ ဖြစ်သည်။ ဧည့်သည်ကလည်း ဖော်ရွေသူပင်။

" လာဗျာ ခင်များနဲ့ ကျနော် တခုခု အရင်သွားစားရအောင်။ ပီးမှ ကျနော် သွားချင်တဲ့နေရာ ခင်များလိုက်ပို့ပေး။ ကျသလောက်ပေးမယ်။ အခုစားမယ့် ကုန်ကျငွေကိုလည်း ကျနော်ပဲ ပေးပါမယ်။ "

သူလည်း ဗိုက်အလွန်ဆာနေသောကြောင့် ကိုရိုး ပျော်သွားသည်။ ဒီဧည့်သည်ကို သူ အတတ်နိုင်ဆုံး ကူညီမည်ဟု စိတ်ထဲက ဆုံးဖြတ်လိုက်သည်။ စားသောက်ပီးတော့ ဧည့်သည်က

" ခင်များ မာဆတ် သိလား။ ဟိုဗျာ အနှိပ်ခန်း ကောင်းကောင်းလေးပေါ့ဗျာ။"

" ဟာ… သိတယ် သိတယ်။ စိတ်ချ ။ အဲ့ဒီ အနှိပ်ခန်းက ဒီမြို့မှာ အကောင်းဆုံးပဲ။ "

"ဟုတ်လား… ဒါဆို ကျနော့်ကို အခုလိုက်ပို့ပေးဗျာ "

ကိုရိုးသည် ဧည့်သည်ကို ထိုမြို့၏ အကောင်းဆုံး အကြောပြင်ဆရာ တစ်ဦးဖြစ်သည့် " ပလောင်ဆရာကြီး " အနှိပ်ခန်းသို့ လိုက်ပို့ပေးလိုက်လေသည်။

😂😂😂

အောင်

Comments