ကျနော် လူလည်ပါ ဆရာမရယ်

by - December 18, 2019


" ဆရာမ ဆရာမ ဗျို့ ဆရာမ "

" ရှင့်  ရှိပါတယ် ကြွပါရှင့် ကြွပါ
ရေးကြီးသုတ်ပျာ နဲ့
ဘာကိတ်  ကိုအောင်ဒင် "

" ဘာကိတ် တဲ့ ဟုတ်လား ဆရာမ
ကျနော်တို့က အညတြ သာမန် ရွာသားတွေ
ဘာမှ နားမလည်ဘူး ဆိုတဲ့ သဘောနဲ့
ညာ ပြော တယ်ပေါ့ ဟုတ်လား ? "

" ဘာတွေ လဲ ? ကိုအောင်ဒင် ရယ်
စကားကို လိုရင်းပြော စမ်းပါ
ကျမက ဘာတွေ ညာ နေလို့  "

" အခု ကျနော့ မိန်းမမှာ ကိုယ်ဝန် ရှိနေပြီဗျ  "

" အောင်မျလေး ကိုအောင်ဒင်ရယ်
ဘာများလဲ အောင့်မေ့
ရှင့်မိန်းမ ကိုယ်ဝန် ရရင် ရှင်က ဝမ်းတောင် သာရဦးမှာ  "

" မသာနိုင်ဘူး ဆရာမ လုံးဝ မသာ နိုင်ဘူး
ဒါ ဆရာမ ကြောင့် ဖြစ်ရ တာ  "

" ရှင် အလိုလေး ဖျား ဖျား
ဘယ်လို  ဘယ်လို "

" ဟုတ်တယ် ဆရာမ
ကျနော်တို့ရွာ ကျေးလက် ကျန်းမာရေး ပညာပေး ဟောပြောပွဲ တုန်းက
ဒါလေးကိုသာ ဒီလိုလေး စွပ်လိုက်ပါ ကိုယ်ဝန် မရဘူး လို့ ပြောခဲ့ တာလေ "

" အာ့ ဆရာမ ပြတဲ့အတိုင်း ကျနော် တသွေမတိမ်း လိုက်နာလျှက်သားနဲ့
ဘာကြောင့် ကိုယ်ဝန် ရတာလဲ ? "

" ဟုတ်လို့လား ကိုအောင်ဒင်ရယ်
ရှင်က အဖော် လည်း အသုံးပြု ရသားနဲ့
ဒါနဲ့ အဖော်ကို ဘယ်လို စွပ်လဲ ပြောပြပါဦး "

" အောင်ဒင် လူလည်ပါ ဗျ
ဆရာမ ပြထားသလို လက်ညှိုးကို စွပ်တာ လေ "

" သေလိုက်ပါ့ လား ကို အောင်ဒင်ရဲ့ "

ဆရာမ ရယ် ပါလေတော့ သတည်း

😁😁😁
အောင်ဒင်

You May Also Like

0 comments