မကျွေးချင်ရင် မပြပါနဲ့


အထက်တန်း ကျောင်းတစ်ကျောင်းတွင် ဖြစ်သည်… ကျောင်းသူ တစ်ဦးနှင့် ကျောင်းသားတစ်ဦး စကား ပြောနေသည်ကို ဆရာမ ဘေးမှခြောင်းပြီး နားထောင်နေသည်။

" ကျော်ကျော်ရေ ဒီမှာ ကြည့်ပါ့အုံး ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ ကောင်းမှာပဲဟဲ့ ။"

" ငါ့ကိုလဲ တခြမ်း ကျွေးပါ့လား မြင့်မြင့်ရယ်

ငါလဲ စားချင်လို့ပါ "

" အောင်မှာ ဘာလို့ကျွေးရမှာလဲ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာဟဲ့ နင့်ကို ကျွေးရင်  ငါနည်းနည်းပဲ စားရမှာပေါ့ဟဲ့ "

" မြင့်မြင့်ရာ နင် တော်တော် အကျင့်ပုပ်တာပဲ

 မကျွေးချင်ပဲ ငါ့ကို ဘာလို့ ပြတာလဲ ။ အခု ငါက မြင်တော့ အရမ်း စားချင်တာပေါ့ နင် ငါ့ကို ကျွေးဟာ"

" သေလိုက်ပါ့လား မကျွေးပါဘူး"

ကျော်ကျော်သည် သူများနှင့် မတူပါ ။ လိုချင်တာ မရမက ယူတက်သည် ။မြင့်မြင့်က ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည် ။

"မကျွေးရင် လုတယ်ဟာ"

ကျော်ကျော် ပန်းသီးလုပြီး ပြေးသွားပြီ။ မြင့်မြင့် ငိုပြီ။ သူ့ အပြစ်နှင့်သူ ခံရလေပြီ ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့ ။

ဆရာမ ဆီ သွားတိုင်သည် ။ ဆရာမ ဖြစ်ကြောင်းကုန်စင် အကုန် သိပြီးသား။ ကျော်ကျော် ကို ထိုင်ထ အခါ ၅၀ လုပ်ပြီး အပြစ်ပေးလိုက်သည်။

ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမစကား ပြောလေသည်။

"ကလေးတို့ ရေ ။

အခု မြင့်မြင့်နဲ့ ကျော်ကျော်တို့ ပြောတာတွေကို ဆရာမ အကုန်ကြားတယ်… မြင့်မြင့်က ပန်းသီးကို ကျော်ကျော် မြင်အောင် ပြတယ် ။

စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်… အရမ်း စားချင်လာတော့ သူမကျွေးဘူူး…

အဲဒီတော့ ကျော်ကျော်က စိတ်မထိန်းနိုင်ပဲ လုစားလိုက်တယ်… တကယ်ဆိုရင် မြင့်မြင့်မှာလဲ အပြစ်မကင်းပါဘူး ။ သူ့ အပြစ်နဲ့သူ ခံရတာ  ဒီလိုပဲ သမီးတို့လဲ မှတ်သားထားပါ"

"အခုခေတ်မှာ မိန်းခလေး တွေဟာ ယောက်ကျားလေးတွေ မြင်အောင် ရင်သားတွေဖော် ပေါင်တွေပြတဲ့ အဝတ်အစားတွေ ဝတ်ကျတယ် ။ ခုန ပန်းသီး လိုပေါ့ ။

မကျွေးချင်ပဲ သူတစ်ပါး မြင်အောင် ပြတာဟာ အန္တရာယ် ကို ဖိတ်ခေါ်သလိုပဲ ။

မိန်းကလေးတွေက ဒီလို အတွင်းသားတွေ ပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ကျားသားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတက်တယ် ။

သမီးတို့လဲ နောင်တချိန် အရွယ်ရောက်လာရင် လုံလုံ ခြုံခြုံ ဝတ်ကြပါလို့ ဆရာမ မှာချင်တယ် ။ "

"ဟုတ်ကဲ့ပါ ဆရာမ ။"

သမီးတို့ လုံလုံ ခြုံခြုံ  ဝတ်ပါ့မယ် ။

" မြန်မာမလေး တို့ရေ ပုံပြင်လေး ကတော့ ဒါပါပဲကွယ်" ***မကျွေးချင်ရင် မပြပါနဲ့ လုစား ခံရတတ်တယ်နော် *** နားလည် သဘောပေါက်ပါစေ ၊။

မယ်လ်မဒီ

Comments