ခံတွင်းပျက်နေတဲ့ ချစ်သူလေး

by - December 18, 2019


" ကိုကို ... ချစ်နေမကောင်းဘူး ... " 👧👧

" ဟာ .. ဘာဖြစ်တာလည်း .. " 👦👦

" မနေ့က ကြက်ဥ ကြော်တာ လက်ကို ဆီပူလေး စင်သွားတာ
အနာ ရှိန်ကြောင့်  နေမကောင်း ဖြစ်နေတာ .... " 👧👧

" အော် ... အင်း ... ကိုကို ဘာလုပ်ပေးရ မလည်း ... "👦👦

" ချစ် နေမကောင်းတော့ ခံတွင်းတွေ ပျက်နေတယ် ကိုရယ် ..
ထမင်း မစားတာလည်း နှစ်ရက် ရှိပီ ... " 👧👧

" ဟာ ချစ် အဲ့ဒါဆိူ ကို ဆန်ပြုတ်လေး ကျိူပီး လာပို့မယ်လေ ... " 👦👦

" မကြိုက်ပါဘူး .. ဆန်ပြုတ် .. " 👧👧

" အဲ့ဒါဆိူ ဘာစားမလည်း .. " 👦👦

" ရပါတယ် ကိုကို အဆင်ပြေတာလေးပေါ့ ... "👧👧

" အဲ့ဒါဆိူ ကို ခေါက်ဆွဲပြုတ်ကော စားမလား ... "👦👦

" ဟာ မကြိုက်ပါဘူး ... " 👧👧

" ဒါဆိူ ချစ်က ဘာစားမှာလည်း .... " 👦👦

" ကိုကို အဆင်ပြေတာလေးပေါ့ ... " 👧👧

" အဲ့ဒါဆိူ ကြေးအိူး ပူပူလေးကော ... " 👦👦

" ဟာ .... မကြိုက်ပါဘူး ... " 👧👧

" ဒါဆိူချစ်က ဘာစားမှာလည်း ... " 👦👦

" ကိုကို အဆင် ပြေတာလေးပေါ့ ... " 👧👧

" ကိုကို အဆင်ပြောတာလေး ဆိူပီး ချစ်က မကြိုက်ဘူး ဆိူတာ ကျိပဲ ... " 👦👦

" ကိုကိုက ငြိူငြင် တာလား ... စိတ်မရှည်တဲ့ လေသံကြီးနဲ့ ... " 👧👧

" မဟုတ်ရပါဘူးကွာ ... ကယ် ချစ် ဘာစားချင်လည်း ပြော .. ကို ဝယ်ပီး လာပို့ပေးမယ် .. " 👦👦

" ချစ်က ထွေထွေ ထူးထူးတော့ မစားချင်ပါဘူး ... " 👧👧

" နန်းကြီးသုတ် စပ်စပ်လေးရယ် ... သဘောၤသီး ထောင်း လေးရယ် ... သရက်သီးကိူ ငရုပ်သီးမှုတ်နဲ့ နယ်ထားတာရယ် ... ထမင်းသုတ်ရယ် ... ရခိုင်မုန့်တီ အာပူလျာပူ လေးရယ် ဒီလောက်ပါပဲ သိပ် ထွေထွေ ထူးထူးတော့ မစားချင်ပါဘူး ခံတွင်း ပျက်နေလို့လေ ... " 👧👧

ဒီလောက်ဆိူ သိပီ ... ဒင်း သတ်သတ် လကုန်ခါနီး ဘိုင်ပျက်လို့ စားချင် သောက်ချင် တာနဲ့  ဂွင်ဆင်နေတာ ... ဝယ်မလာဘူး ဆိူလည်း ကိုကိုက ချစ်သေမှ ဂရုစိုက်မှာလားတို့ ... ချစ် အလောင်း လာကောက်မှာလားတို့ ဆိုတဲ့ မိန်းမမာယာ ပလီပလာ စကားတွေက ထွက်လာ ဦးမယ် ...

မတက်နိူင်ဘူးလေ .... ဝယ်ဆိူ ဝယ်ပေါ့ ...

" အင်းချစ် ကိုဝယ်ပီး ခု လာပို့ပေးမယ် ... " 👦👦

သွားပို့သော အခါ ..............

" ဒီမှာချစ် ချစ်စားချင်တာတွေ ... " 👦👦

စားစရာတွေ ပေးလိုက်တာနဲ့ဗျာ ... ကိုကိုရေ သောက်မလား လို့တောင် မမေးဘူး တန်းစားတော့ တာပဲ
တဖြဲ နှစ်ဖြဲ .... ၁၀နှစ်လောက် ငတ်နေတဲ့ ဖုတ်များ ဝင်ပူးနေသလား အောက်မေ့ရတယ် ...
ဒါလား နေမကောင်းတာ ...

" ချစ် ဒါနဲ့ ဆီပူလောင်တဲ့ ဒါဏ်ရာကော ... " 👵👦

" ဒီမှာလေ ကို .. "👧👧

" ဘယ်မှာလဲ ... " 👦👦

" ဒီမှာပါဆိူ ... " 👧👧

" အမလေးဗျာ ... အနာတဲ့ ပုရွက်ဆိတ်ရဲ့ သွား အရာ လောက်လေး ... ဒါလား ချစ်အနာ ... " 👦👦

" ဟုတ်တယ်လေ ... " 👧👧

" အနာရှိန် ကြောင့်  နေမကောင်းဘူး ဆိူ မှန်းဆန်း ကိုယ်တွေ ပူနေလား ကို ဆန်းကြည့်ရအောင် ... " 👦👦

" ဟာ .. ကိုကို ဘာတွေ ပြောနေတာလည်း
ချစ် နေမကောင်းဘူး ဆိူတာ ဟိုလို နေမကောင်းတာ မဟုတ်ဘူး ... " 👧👧

" ဒါဆိူ ဘယ်လို နေမကောင်းတာလည်း ... " 👦👦

" ဗိုက်ဆာလို့ နေလို့ ထိုင်လို့ မကောင်းတာ ... " 👧👧

" ငင့် သေစမ်း ... "

ပြန် အန်ထုတ်စမ်း ငါဝယ်လာတာတွေဆိူ ရက်စက်ရာ ကျဦးမယ် ....

ဘာဖြစ်တယ် ညာဖြစ်တယ် ထပြောပြန် ရင်လည်း ကိုကိုက မသဒါ ဘူးလားလို့ ဒင်းက ပြောဦးမယ် ...

မတက်နိူင်ဘူးလေ .. .စိတ်ထဲ မကျေနပ်မှုတွေ မြိူသိပ်ပီး အိမ်ပြန်လာ ခဲ့တယ် ....

နောက်တစ်ပတ်လောက် ကြာတော့ ... ဒင်းထပ်ပြောတဲ့စကား ... ဘာတဲ့ ...

ကိုကို ချစ် နေမကောင်းဘူး ခံတွင်းတွေ ပျက်နေတယ်တဲ့ ... လေ

အံသြဘ ... အံသြဘ ... 😖😖

😁😁😁
NKK ( နိုင်ကွန်ကျော် )

You May Also Like

0 comments