ဟင့် ... ရဘူးနော်

by - December 15, 2019


ကျုပ် အကြောက်ဆုံး စကား သေလောက်အောင်ကို ကြောက်တာ
ခင်ဗျားတို့ပဲ စဉ်းစား ကြည့်ပါ
" ကိုကို … ထမင်း ဆာတယ် "

" ချစ်ကလဲ … ညနက်နေပြီ
အိမ်မှာ ဘာမှ မကျန်ဘူးလား "

" ထမင်း ကျန်တယ် ဟင်း မကျန်တာ "

" မရှိ ရှိတာလေးနဲ့ စားလိုက်လေ နော် "

" ဟင့် … ရဘူးနော် "

ညကြီးမိုးချုပ်မှ ကျုပ်မှာလေ မီးဖိုချောင်ဝင် ကြက်ဥ ကြော်လိုက် ရတယ် ။ ပြီး သွားပို့ရ အုံးမှာ
အမေက " ငါ့သား အာရုံဆွမ်းတွေ ထချက်လို့ မိုးရွာ အုံးမယ် " တဲ့လေ

မနှစ် V day ကပေါ့
" ကိုကို …V day ကျ ဆင်တူ ဝတ်အောင် ဝယ်လာတယ်  လှလား … ကြည့် "

" ဟင် … ဘောင်းဘီ ပန်းရောင်ကြီး
ကိုကို မဝတ်ရဲ ပါဘူး "

" ဟင့် … ရဘူးနော် "

ဘောင်းဘီ ပန်းရောင်နဲ့ လျောက်လည်မိတယ် ။
အခြောက်ထင် ဖင်ပဲ ရိုက်ရိုက် သွားတာ ညကျ မှောက်အိပ် ယူရတဲ့ အထိ

ဒီနှစ် Vday ကျ ဘာတွေ ဝတ်ခိုင်းအုံးမလဲ မသိ

" ကိုကို …V day အမှတ်တရ ဖြစ်အောင် သင်္ကန်း စည်းကြမယ်လေ "

" ကိုကို့ရုံးက ခွင့်မပေးဘူးလေ ချစ်ရဲ့ "

" ဟင့် … ရဘူးနော် "

ဒီလိုနဲ့ V day မတိုင်ခင်  ဘုန်းကြီးကျောင်း ရောက်နေရပြီ
ဖုန်းဆက်တယ်လေ မယ်မင်းကြီးမ ဟုတ်ပေါင်  ဆရာလေး ပေ့ါ

" ဟယ်လို … ဦးဇင်းလား "

" ဟုတ်တယ်  ဆရာလေး ပြောပါ "

" မနက်ကျ ဆွမ်းခံ ကြွရင် ဟင်းကောင်းလေး ရရင် လာစွန့်ပါအုံး "

" မသင့်တော်ပါဘူး … ဆရာလေး "

" ဟင့် … ရဘူးနော် "

" တိန် … … "

မနက်ကျ ဟင်းကောင်း မလောင်းကြပါစေနဲ့ ဘုရား

😁😁😁
MyoAungKhaing
စကားလုံးမရှိသောကောင်းကင်

You May Also Like

0 comments