ယောက်ျားလား

by - December 24, 2019


ဖုန်း call တခု ဝင်လာတယ်

" hello ... အမိန့် ရှိပါ "

" ယောကျ်ားလား ...? "
( တဖက်က မိန်းကလေး အသံ ၊ ဖုန်းနံပတ် မှားနှိပ်မိတာ ဖြစ်မယ် ။
အလိုက်သင့်ပဲ ပြန်ပြော လိုက်တယ် )

" မဟုတ်ဘူးဗျ ... "
(တခါမှ အဲ့လို့ အခေါ် မခံရဘူးတော့ ကြောင်တောင်တောင် ဖြစ်သွားတယ် ။ )

" ဘာ ...! ဗျ လို့ ထူးပြီး ယောကျ်ား မဟုတ်ဘူး ဆိုရင်
ရှင်က ဂန်ဒူးလား ...? ပြော ... "

( ဟိုက် ..! စကားတွေ စွံ့အ သွားရုံတင် မဟုတ်ဘူး ။
အအော်ခံရတော့ လန့်တောင် လန့်သွားတယ် ။
ဂန်ဒူးလား ... တဲ့ ။ မယ်မင်းကြီးမက မေးလိုက်သေး ။
အလုပ်အကိုင် မကောင်းလို့ စိတ်လေ နေပါတယ် ဆိုမှ
အဲ့လို အပြောခံရတော့ နည်းနည်း ဒေါပွလာတယ် )

" အစ်မ ... စကားပြောတာ မှားနေပြီ ... "
( စကား မဆုံးလိုက်ဘူး )

" ဟမ် ..! မှားစရာ အကြောင်း မရှိဘူး ။
ငါ လူလို ပြောနေတာ လူစကား နားမလည် ဘူးလား ... ဟင် ..? "
( နည်းနည်းတော့ များလာပြီ ၊
စကားပြောတာ ဆုံးအောင် နားမထောင်တဲ့ အပြင် သူထင်ရာတွေ လျှောက်ပြော နေတယ် ။ )

" ဟာ ... ဘာတွေ လာပြောနေတာလဲ
ကျနော် အစ်မရဲ့ ယောကျ်ား မဟုတ်ဘူးဗျ "
( ဒေါသသံပါ ထွက်လာတယ် ။ )

" အာ့ဆို ငါ့ယောကျ်ား ဘာလုပ်နေလဲ "

" ဘယ်သိမလဲဗျ ခင်ဗျား ယောကျ်ားကို မေးပါ့လား ... ?
( တတ်လည်း တတ်နိုင်တယ် ။ သူ့ယောကျ်ားကိုပဲ လိုက်ကြည့်ပေးရမလို ဖြစ်နေတယ် )

" ဒါနဲ့ ရှင်က ကျွန်မအိမ်မှာ ဘာလာ လုပ်နေတာလဲ "
(ခက်ကုန်ပီလေ ... ၊ ကိုယ်ဖာသာ အိမ်မှာ ဖုန်းလေး ပွတ်နေပါတယ် ဆိုမှ )

" ဒီမှာ ... ဒီမှာ ... ဒီဖုန်းက ခင်ဗျာ့ ယောကျ်ားဖုန်း မဟုတ်ဘူး "
( ပြတ်ပြတ် သားသား ပြောလိုက်တာပဲ ကောင်းတယ် ။
နို့မဟုတ် လေရှည်နေရ အုံးမယ် ။ )

" အဲ့ဒါဆို ... ရှင်က ဘာဖြစ်လို့ ဖုန်းကိုင်လိုက် တာလဲ "
( သူကလည်း ဆက်ပြီး သူကပဲ ပြောရသေးတယ် )

" အစ်မက ဖုန်းဆက်လိုက် တာကိုး "
(လေသံ မာလာပြီလေ)

" ဟဲ့ ...! ငါက င့ါယောကျ်ား ဘာလုပ်နေလဲ သိချင်လို့ မေး !...! "

" မသိဘူးလေ ... အဲ့ဒါ့ အစ်မယောကျ်ားကို မေးပါဆို "
( အသားတွေပါ တုန်လို့ ငိုသံပါ ပါလာတယ် ။
စိတ်မရှည်တော့လို့ စကား ဆုံးအောင် နားမထောင်ပဲ ဖြတ်ပြော လိုက်တယ်။ )

" ကတောက် ... နင်ကလည်း စကားဆုံးအောင် နားမထောင်ဘူး ငါ့ယောကျ်ားမှတ်လို့ ဟေ့ ... "
( ငင့် ... ဒီလောက် ရှင်းပြနေတာ တောင်မှ လူထပ်မှားချင် နေသေးတယ်)

" ဟာ ... ဒီမှာ ၊ ဒီဖုန်းက ခင်ဗျာ့ ယောကျ်ားဖုန်း မဟုတ်ဘူး
ခင်ဗျာ့ ဖုန်းမှား ဆက်နေတာ "
(ဒေါသတွေ ငယ်ထိပ်ကို ရောက်နေပြီလေ ။
ဖုန်းလည်း မှားသေးတယ် ၊ အော်ဟစ် ငေါက်ငန်းလည်း ခံနေရတယ်)

" ဟဲ့ အကောင် ၊ ဖုန်းမှားစရာ အကြောင်း မရှိဘူး
ကိုယ်ဖုန်းနဲ့ ကိုယ်ဆက်တာ မှတ်ထား ..... ဟွန်း ဂလွတ် ... "

ငစ် ... 😨 ... သေပြီလေ ။

ကိုယ်က စိတ်မဆိုးလိုက် ရဘူး ။ သူပဲပြောပြီး သူပဲ စိတ်ဆိုးသွားတယ် ။
စကား ပြတ်ချင်လို့ပါဆို ထပ်ပြီး ပြောခံလိုက်ရ သေးတယ် ။
ဖုန်းနံပါတ်ကို ကြည့်ရင်း မျက်ရည်ပါ ကျလာတယ် ။
ဖုန်းချတာတောင် အကောင်လို့ ပြောသွားတယ် ။

အဲ့နေ့က စပြီး မရင်းနှီးတဲ့ ဖုန်းဆို မကိုင်ရဲ တော့တာ အခုထိ ပါပဲ ။

အာ့မျိုးတေ မတ်တာကို မရှိဘူး

😁😁😁
MyoAungKhaing

You May Also Like

0 comments