မင့်အဖေက ခေါင်းကိုက် နေလို့

by - December 07, 2019


တခါက ...
ရွာတရွာမှာ အိမ်တအိမ်ကို အလှူခံ အဖွဲ့ ရောက်လာတယ် ။

" အလှူခံပါ ခင်ဗျား
အိမ်ထဲ ဝင်ခွင့်ပြုပါ "

အော်ပြီး အိမ်ထဲ ဝင်လိုက်တဲ့ အချိန်မှာ

" ကြွပါခင်ဗျာ ... ထိုင်ပါခင်ဗျာ ...
အမေရေ ... ဧည့်သည် လာနေတယ် ... "

ဆိုပြီး အော်သံ အဆက် မပြတ် ထွက်လာတယ် ။

ကြည့်လိုက်တော့ အိမ်ရဲ့ ထုတ်တန်းပေါ် ကနေ ကြက်တူရွေးက စကားပြောနေ တာကိုး ။

ကြက်တူရွေး ဘေးက သာလိကာ တကောင် ကတော့ ငြိမ်နေတယ် ။
ဘာသံမှ မထွက်ဘူး ။

အဲဒီမှာ အလှူခံအဖွဲ့ ထဲက လူတယောက်က ...

" ကြက်တူရွေးလေးက ချစ်စရာလေး
လိမ္မာ လိုက်တာ စကားလည်း တတ်တယ် "

လို့ ကြက်တူရွေးလေးကို ချီးမွမ်းပြီး ...
နောက်ပြီး ထပ်ပြောလိုက် တာက

" ဟိုဘက်က သာလိကာကြီးက စကား မပြောတတ်ဘူး
အ, နေတယ် ထင်တယ် လို့ ပြောလိုက်တယ် "

အာ့မှာ သာလိကာက ခေါင်းထောင် လာပြီး ပြောလိုက်တာက

" ဟေ့လူ စကား ဆင်ချင်ပြော
မင်းအဖေက တတ်တယ် ခေါင်းကိုက်လို့ အသာ ငြိမ်နေတာ " တဲ့

" တိန် "

ဘုမသိ ဘမသိ အပြောအဆို အနေ အထိုင် မတတ် မဆင်ချင် တော့လည်း
သာလိကာကို အဖေ တော်လိုက်ရတာပေါ့ ။

😁😁😁
Kazaw

You May Also Like

0 comments