ဂေါက်သီး

by - December 17, 2019


( ၁၈ ပလက်ပါ )

အမျိုးသမီးနှစ်ယောက် ဂေါက်ရိုက်နေ ကြတယ် ။

တချက်သား မှာတော့ သူတို့ထဲက တယောက် ရိုက်လိုက်တဲ့ ဂေါက်သီးဟာ လမ်းလွဲ သွားပြီး ဟိုးရှေ့ခပ်လှမ်းလှမ်းမှာ ဂေါက်အိတ်ထမ်းပြီး လျှောက်နေတဲ့ ကယ်ရီ ကောင်လေးကို တန်းတန်း မတ်မတ် ဝင်မှန် ပါလေရော ...

သူတို့ နှစ်ယောက်လည်း ကောင်လေးဆီကို ကမန်းကတန်း ပြေးသွားတယ် ။

အနားရောက်လို့ ကြည့်လိုက်တော့ ... ...
ကောင်လေးခမျာ လက်နှစ်ဖက်ကို ပေါင်ကြားထဲ ထိုးထားရင်းနဲ့
မြေပြင်မှာ လူးလှိမ့်ပြီး အော်နေရှာတယ် ။

ဒီတော့ အမျိုးသမီးက တောင်းပန်စကား ဆိုရင်း ပြောတယ် ...

" တောင်းပန်ပါတယ် ရှင် ၊ ကျမ ဘာလုပ်ပေးရ မလဲ "

" အား ... အီး ... ရ ရတယ် ... အီးရား ... "

" ကျမက အကြောအဆစ် ပညာရှင်ပါ ၊
ရှင့်လက်ဖယ်လိုက် ၊
ဝေဒနာ သက်သာအောင် ကျမ နှိပ်ပေးမယ်"

" အိုး ... အား နေ နေပါစေ ... ကျွတ် ကျွတ် "

" ရှက်မနေပါနဲ့ ရှင် ၊
ဒီနားမှာ တခြား ဘယ်သူမှ မရှိပါဘူး ၊
ကဲ ဖယ် ဖယ် "

... .... ပြောပြော ဆိုဆိုနဲ့ ကောင်လေးဘေး ဒူးထောက် ထိုင်လိုက်တယ် ။

ကောင်လေးရဲ့ ဘောင်းဘီဇစ်ကို ဆွဲဖြုတ် လိုက်တယ် ။

ပြီးတော့ ...

သူ့လက်လေးနဲ့ ဘောင်းဘီထဲ နှိုက်ပြီး နေရာ အနှံ့ နှိပ်နယ်ပေး လိုက်တယ် ။

၁၀ မိနစ်လောက် နှိပ်ပေးပြီးတဲ့ အခါ အမျိုးသမီးက မေးတယ် ... ...

" ဘယ်နှယ့်လဲ အဆင်ပြေ ရဲ့လား "

... ဆိုတော့ ကောင်လေးက ပြန်ပြောတယ်... ...

" နှိပ်ပေးတာတော့ ကောင်းတယ်ဗျာ ...

.

.

.

.

.

.

ဒါပေမယ့် ဂေါက်သီးမှန်တဲ့ လက်မ, ကတော့ နာနေတုန်းပဲ "

" ငင် ... ... "

.

.

သန်၄ကို  ( ရမ်းဘာသာပြန်သည် )

You May Also Like

0 comments