ညပ်ချက်ကတော့ ကန်းကုန်

by - December 11, 2019


ညားခါစ ဇနီးမောင် နှံနှစ်ယောက်ဟာ
တောင်းတန်းဒေသ ဘက်ကို အပန်းဖြေခရီး ထွက်လာသတဲ့ ။

တောင်ပေါ်လမ်း ရှူခင်းလှတဲ့ နေရာတခု အရောက်မှာ ကားကို ခနရပ်ပြီး တောတောင် အလှကို ခံစား ကြည့်ရှူကြတယ် ။

တိတ်ဆိပ်တဲ့ ပတ်ဝန်းကျင်ရယ်
လှပတဲ့ ရှူမျော်ခင်း တွေရယ်
ကျေးငှက် သာရကာလေး တွေရဲ့ ကျီကျီ ကျာကျ ာအသံလေးတွေ ရယ်ကြားမှ ာ... စီးမြောရင်း ...

အဲ ... အတိုချုပ်ပြောရရင် ......
ကားထဲမှာတင် (လင်မယား သဘာဝ) ချစ်ရည် လူးကြသတဲ့ ။

ဟန်းဘရိတ်ကို မဆွဲထားမိ တာရယ်
ကန်ရင်း ကျောက်ရင်းနဲ့ ဂီယာတံကို ထိမိသွားတာ ရယ်ကြောင့် ...
ကားဟာ တောင်စောင်း တလျှောက် လိမ့်ဆင်း သွားတော့တယ် ။

အစပိုင်းမှာ ဇောကပ်နေတော့ ကားလိမ့်တာကို သတိ မထားမိဘူး
သတိလည်း ထားမိရော အချိန် မမီတော့ဘဲ ကားဟာ ဂျောက်ထဲကို ထိုးကျသွားတယ် ။

ကံကောင်းချင်တော့ ...
အမျိုးသမီးဟာ ကားထဲက စင်ထွက်သွားပြီး ဘာထိခိုက် ဒဏ်ရာမှ မရလိုက်ဘူး ။

အမျိုးသား ခမျာမတော့ ...
အသက် မသေသော်လည်း ကားထဲတင် ညပ်နေသတဲ့ ။
အမျိုးသမီးက သူ့ယောကျ်ားကို ဆွဲထုတ်ဖို့ အမျိုးမျိုး ကြိုးစားပေမယ့် ပိန်လိမ် ကွေးကောက် နေတဲ့ ကားထဲက ဆွဲထုတ်ဖို့ရာ မှာတော့ အားနွဲ့သူ မိန်းမသား တယောက် အနေနဲ့ မစွမ်းရှာ ဘူးပေါ့ ။

ဒါနဲ့ ...
ယောကျ်ားက ပြောတယ် ... ...

" မိန်းမရေ ... အနီးအနားမှာ အကူအညီ သွားရှာကွာ "
" ရှင် ... ကျမ ကျမက ကိုယ်လုံးတီးကြီးနဲ့ သွားရမှာ ရှက်လိုက်တာ ယောကျ်ားရယ် "

အဲ့ဒီမှာ ယောကျ်ားဖြစ်သူက အကြံပေးတယ် ... ...

" မင်းဘေးမှာ ကျနေတဲ့ ငါ့ရှူးဖိနပ်ကို ယူပြီး အရှက်လုံအောင် ဖုံးသွားကွာ ၊ ဒါပဲ ရှိတော့တာ "

ရွေးချယ်စရာ တခြားနည်းလမ်း စဉ်းစားမရတော့တဲ့ အဆုံး ...
မိန်းမဖြစ်သူလည်း ရှူးဖိနပ်ကို သူ့ရှေ့ ပေါင်နှစ်ချောင်းကြား ညှပ်လို့ လိမ်ဖယ် လိမ်ဖယ်နဲ့ ထွက်သွားတယ် ။

ကံကောင်း ထောက်မစွာပဲ ...
တောင်ယာတဲလေး တလုံးကို တွေ့တယ် ။

တံခါး ခေါက်လိုက်တော့ လူကြီးတယောက် ထွက်လာပြီး မေးတယ် ... ...

" ဘာကိစ္စ ရှိလဲကွဲ့ "

ဆိုတော့ ...
အမျိုးသမီးက ပြန်ပြောတယ် ... ...

" ကျ ... ကျ ... ကျမ ယောကျ်ား အထဲမှာ ညပ်နေလို့ ကူပြီး ဆွဲထုတ်ပေးပါ အဘ "

အဲ့ဒီမှာ ... ...
အဖိုးကြီးက သူ့ကို ခြေဆုံး ခေါင်းဆုံး ကြည့်ရင်း
ပေါင်ကြားမှာ ညှပ်ထားတဲ့ ရှူးဖိနပ် ကိုလည်း မြင်ရော အလန့်တကြား ပြန်ပြောတယ် ... ...

" ဟာ ... ညပ်ချက်က ကမ်းကုန်ပဲဟေ့ ...
ခြေထောက်တောင် တချောင်းပဲ ပေါ်တော့တယ် "
.
.
.
😁😁😁
သန်၄ကို - ရမ်းဘာသာပြန်သည်။

You May Also Like

0 comments