ဆင်ဝှေ့ရန်ရှောင်ပြောနည်း

by - December 22, 2019


" မောင် ဘီယာကို ဖြတ်မလားး မိန်းမကို ဖြတ်မလား "

" ဘာမဟုတ်တဲ့ ဘီယာကိုတောင် မဖြတ်နိုင်တာ၊ မိန်းမကို ဖြတ်နိုင်ပါ့မလား "

" ဘီယာက အသည်း ထိတယ်လေ "

" မိန်းမကို ချစ်ရတာ နှလုံးသားကို စုတ်ပြတ်သတ်ခံပြီး ချစ်ရတာ ၊ ပိုထိတယ် ...
ဒါပေမယ့် မစွန့်လွှတ်နိုင် ဘူးလေ "

" မိန်းမကို ရွေးမလား ၊ ဘီယာကို ရွေးမလား ဆိုရင်ရော "

" မောင့်မှာ လက်နှစ်ဖက် ရှိနေတယ်လေ ၊
မိန်းမလက်ကို တဖက်က ဆုပ်ကိုင် ထားပြီး တဖက်က ဘီယာခွက် ကိုင်ထား မှာပေါ့ "

" မိန်းမက ထားခဲ့မယ် ဆိုရင်ရော "

" မိန်းမကို လွမ်းနေတဲ့ အကြောင်း ဘီယာ သောက်ရင်း ဘော်ဒါတွေကို ပြောပြမယ် "

" တကယ်လို့များ ဘီယာ တဂျားရယ် ၊ မိန်းမရယ် ဆိုရင် ဘာကို မောင်ရွေးမလဲ "

" မိန်းမ ဆိုရင်ရော ဘာကို ရွေးမလဲ "

" မိန်းမက မောင့်ကို ရွေးမှာပေါ့ "

" ဒါဆို မောင်က ဘီယာကိုရွေးမယ် ၊
မိန်းမလက်ထဲမှာ မောင် ရှိနေမှတော့ ဆုံးရှုံး စရာမှ မလိုတော့တာ "
.
.
.
.
ဆင်ဝှေ့ရန်ရှောင် ပြောနည်းဆိုလား ဘာဆိုလားးပဲဗျာ

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments