မတူရင်မတုနဲ့ အရူး

by - December 24, 2019


ကားမတော်တဆ ဖြစ်မှုကြောင့်
တွေးခေါ်ပညာရှင် ၊ သင်္ချာပညာရှင် နှင့် အရူးတယောက် ၊
သုံးယောက်လုံး ကောင်ကင်ဘုံ တံခါးဝသို့ ရောက်ရှိ သွားသည် ။

တံခါးပေါက်တွင် နတ်ဆိုး တဦးနှင့် စိန့်ပီတာတို့ နှစ်ယောက်ကို တွေ့သည် ။
နတ်ဆိုး က ပြောသည် ။

" ကောင်ကင်ဘုံ မှာတော့ လူက များနေပြီ
ဒီတော့ ငါ မသိတဲ့ မေးခွန်း တခုကို မေးနိုင်တယ်

အဲဒါကို ငါသိရင် မေးတဲ့လူ ငရဲကို သွားရမယ်
ငါ မသိဘူး ဆိုရင်
ဒီကောင်းကင်ဘုံမှာ နေခွင့် ရမယ်
ကဲမေးနိုင်ပြီ "

ပထမဆုံး အဖြစ် တွေးခေါ်ပညာရှင်က မေးသည် ။

" ဆိုကရေးတီးရဲ့ သင်ကြားချက် အပြည့်အစုံ ကိုများ သိပါသလား"

နတ်ဆိုးသည် သူ့လက်ကို ဝှေ့ယမ်း လိုက်သည် ။ စက္ကူတစ်ထပ် ပါလာသည် ။ ထိုနောက်ပြောသည် ။

" ဒါကို ဖတ်ကြည့်လိုက် "

တွေးခေါ်ပညာရှင်လဲ စာရွက်ထပ်ကြီးကို ဖတ်ကြည့်ရင်း ဆိုကရေးတီး ၏ သင်ကြားချက် ဖြစ်ကြောင်း ဝန်ခံသည်။

" ဒါဆို မင်း ငရဲပြည်သာ သွားလိုက်တော့ "

ဒုတိယ အကြိမ် သင်္ချာပညာရှင် အလှည့် ရောက်လာသည် ။

" ကျုပ် တခါမှ မမြင်ဘူးတဲ့ ရှုပ်ထွေးလှတဲ့
သင်္ချာ အီကွေးရှင်း တစ်ခု ထုတ်ပြနိုင် မလား"

နတ်ဆိုးလည်း သူ့လက်ကို ဝှေ့ယမ်း လိုက်ပြန်သည် ။ စက္ကူတထပ် ပါလာသည် ။

ယင်းကို သင်္ချာပညာရှင် ဖတ်ကြည့်သည် ။
ခေါင်းညိတ်ကာ ဝန်ခံသည် ။

" ကဲ မင်းလဲ ငရဲပြည်ကို သွားပေတော့ "

နောက်ဆုံး အရူး အလှည့်သို့ ရောက်လာသည် ။
အရူးက ပြောသည် ။

" ကျနော် ထိုင်ဖို့ သစ်သားခုံ တစ်လုံးပေးပါ "

နတ်ဆိုးလည်း ခုံယူပေးသည်။

" ပြီးရင် အဲဒီခုံမှာ အပေါက် ခွန်နစ်ပေါက် ဖောက်ပေး "
နတ်ဆိုးလည်း ခုံကို အပေါက် ဖောက်ပေးသည် ။

ထိုအခါ အရူးသည် ခုံတွင် ကျကျနန ထိုင်သည်။
ပြီးနောက် အီး အကျယ်ကြီးပေါက်သည်။
ပြီးတော့ နတ်ဆိုးကို မေးခွန်းမေးသည်။

" ကဲ . . ကျုပ်အီး ဘယ်အပေါက်က ထွက်သွားသလဲ "

နတ်ဆိုးက ခုံကို အသေအချာ ကြည့်သည် ။
ထို့နောက် ပြောသည် ။
" ဟဲဟဲ . . . တတိယ အပေါက်က "

အရူးက ပြန်ပြောသည် ။

" မှားတယ် . . . ကျုပ် စအိုက "

အရူးတစ်ယောက်သာ ကောင်းကင်ဘုံတွင် နေခွင့်ရလေ၏။

😁😁😁
KZO

You May Also Like

0 comments