မိဘဆိုတာ


"အ​ဖေ...
သား ဆယ်​တန်း ကျတယ်​"

နွားစာ​ ကျွေး ​နေ​သော အ​ဖေ ရုတ်​တရတ်​တုံ့ သွားသည်​...

မီးဖို​ချောင်​ထဲ ထမင်း ချက်​​နေ​သော အ​မေက ကြားလိမ့်​ မည်​ မထင်​။
အ​ဖေ စကား တစ်လုံး မှ မ​ပြောပဲ ကျွန်တော့်​ ကို  စူးစိုက်​ ကြည့်​​နေ သည်​။

"ဟိုးမှာ​ တွေ့လား ငါ့သား..."

ဓား ၂​ ချောင်းဆီ ကျွ​န်​တော့်​ကို ညွှန်​ပြသည်​။ (စကားလမ်း လွှဲလိုက်​သည်​ ဟု ကျွန်တော်​ ထင်​သည်​)

"လှည်း​ပေါ် တင်​ကွာ အ​ဖေ နဲ့ လယ်​​တော ခဏ လိုက်​ခဲ့ အ​င်္ကျီ ထူထူ ယူခဲ့ "

နွားညို သိုးကြီး ၂​ ကောင်​ကို ဆွဲ သွားပြီး အ​ဖေ နွားလှည်း တပ်​​နေပြီ ။ ကျွန်တော်​ အ​ဖေ့​ နောက်​မှ ၀င်​ထိုင်​ လိုက်​သည်​။ (အ​တွေးထဲ ​ကျောင်းများ ထုတ်​လိုက်​ သည်​ ဟု ထင်​ခဲ့ )

လယ်​​တော​ ရောက်​​တော့ အ​ဖေက ကျွန်တော့်​ကို ထွန်​တုံး ဆင်​​ပေးပြီး ထွန်​ခိုင်း သည်​။ ကျွန်တော်​  ​အူ​ကြောင်​​ကြောင်​ ဖြစ်​သွား တယ်​။ အ​ဖေ ငါ့ကို တကယ်​များ ကျောင်း ထုတ်​လိုက်​ ပြီလား?

ကျွန်တော့်ကို တစ်ခါမှ အလုပ်​ မခိုင်း ဘူးခဲ့တဲ့ အ​ဖေက ဒီလို လုပ်​​တော့ အံ့သြ သွားမိ တာ​ပေါ့...

ကျွန်တော်​ နွားကို ရိုက်​လိုက်​ သည်​။
လယ်​ထဲကို သုံးပတ်​​ လောက်​ ပတ်​မိတဲ့ အချိန်​ ​ခြေဖဝါး ​တွေက ​သွေးခြေ ဥ လာတယ်​။ 
နေပူတဲ့ ဒဏ်​​ကြောင့်​ ​ချွေး တလုံးလုံး နဲ့
ပင်ပန်းတဲ့ ဒဏ်​ကို မခံစား နိုင်​​တော့ဘဲ
ကျွန်တော်​ ယိုင်​ကျ သွားသည်​။

"ငါ့သား ...
အ​ဖေတို့ မင်းလို ပညာ မသင်​ခဲ့ ရဘူး
ပညာ ဆိုလို့ ၄ တန်း ပဲ​ အောင်​ခဲ့ တာ
မင်းကို​ ကျောင်းထားတယ်​ ဆိုတာ အ​ဖေ တို့လို ပင်ပန်းမှာ စိုးလို့...
ငါ့ သားသမီး​ တွေ ငါ့လို မဖြစ်​ရ ​လေ​အောင်​ ဆိုပြီး အ​ဖေတို့က မင်းကို ​ဘော်​ဒါ​ဆောင်​မှာ ​ကောင်း​ကောင်း ထားပြီး စာ သင်​ခိုင်း ခဲ့တာ...

အ​ဖေတို့ မင်းဆီက ဘာမှ​ မျော်​လင့်​ချက်​မရှိဘူး
ငါ့ သားသမီး တွေ ငါတို့ လို ပင်​ပင်​ ပန်းပန်း နဲ့ မလုပ်​စား ​စေချင်​လို့...
နောင်​ တစ်ချိန်​မှာ မင်းတို့ ဘ၀​လေး သာယာ လှပဖို့
( ​ပြောရင်းနဲ့ အ​ဖေ့ အသံက ငိုသံ ပါ သလိုလို ခံစားရသည်​ )

ကျွန်တော် နောင်​တနဲ့ အတူ မျက်​ရည်​​တွေ ကျလာ ခဲ့ ပါသည်
( စာ မကျက်​မိ သည်​ များကို... )

ဟိုး... အ​ဝေးက အ​မေ တလှုပ်လှုပ် နဲ့ ထမင်း​တောင်း ကို ရွက်​လာတာ မြင်နေ မိသည်​.....

အ​ဖေ့ကို ထာဝစဉ်​​ လေးစား လျက်​ပါ...

ခရစ်ဒက်စ်

Comments